နှမ်းမှိုအရွက်အစက်ပြောက်ရောဂါ

09/06/2020 15:00 PM တွင် U Zaw Ye Thu U Zaw Ye Thu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နှမ်းမှိုအရွက်အစက်ပြောက်ရောဂါသည် နှမ်းပင်များတွက် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်သော ရောဂါတစ်ခုဖြစ်ပါသည်။ ၎င်းရောဂါကျရောက်ပါက အထွက်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါသည်။ နှမ်းမှိုအရွက်အစက်ပြောက်ရောဂါသည် မှိုတစ်မျိုးဖြစ်သော Cercospora sesami ကြောင့် ဖြစ်စေသည်။ အပင်၏ မြေအပေါ်ပိုင်းတွင် ကျရောက်တတ်ပြီး ရောဂါကျရောက်မှု ပြင်းထန်ပါက အရွက်များကြွေကျပြီး စီးပွားရေးအရ အထွက်နှုန်းထိခိုက်စေနိုင်သည်။

ရောဂါကျရောက်မှု့လက္ခဏာများ

    မှိုရောဂါသည် အပင်ပေါက်ပြီး အစောပိုင်း ၂၈ ရက်တွင် ကျရောက်တတ်ပါသည်။ ရောဂါ စတင်ကျရောက်ပါက အရွက်၏ အပေါ်အောက်မျက်နှာပြင်တွင် သေးငယ်ပြီး အရောင်ဖျော့သော  ​အညိုအစက်အပြောက်များကို စတင်တွေ့ရမည်။ အစက်အပြောက်လေးများသည် အနက်ရောင်အနားသတ်ရှိသည်။ အနည်းငယ် သေးငယ်သော်လည်း နောက်ပိုင်းတွင် အစက်အပြောက်များထိဆက်သွားပြီး အချင်း ၅-၁၅ မီလီမီတာ (၀.၅- ၁.၅စင်တီမီတာ) အထိ ကြီးလာမည်။ မှိုအရွက်ပြောက်ရောဂါကို ဘက်တီးရီးယားအရွက်ပြောက်ရောဂါနှင့် ခွဲခြားနိုင်သည်။ မှိုအစက်ပြောက်အလယ်တွင် မီးခိုးဖျော့ရောင်ပါရှိပြီး တဖြည်းဖြည်းကြီးလာပါက တဖြည်းဖြည်း လုံးဝန်းလာသည်။ မှိုအစက်ပြောက်ရင့်လာပါက မှိုချောင်းများနှင့် မှိုသီးများ ဖြစ်ပေါ်လာပြီး မှိုအစက်ပြောက်သည် မီးခိုးရောင်မှ အနက်ရောင်ပြောင်းလာသည်။ မှိုအစက်အပြောက်ပါဝင်မှု့သည် စိုစွတ်သောအခြေအနေတွင် အရွက်တစ်ရွက်တွင် အစက် ၁၀၀ မှ ၄၀၀ အတွင်းရှိနိုင်ပြီး အရွက်များ မရင့်မီ ကြွေကျမည်။ ပင်စည်၊ အရွက်ရိုးတံနှင့် အသီးတောင့်များတွင်လည်း  ကျရောက်နိုင်သည်။ မှိုသီးများသည် အခြားအပင်များသို့ မိုး၊ သွင်းရေနှင့် လေတို့နှင့်အတူ သယ်ဆောင်ကာ ရောဂါများကို ပျံ့နှံစေသည်။

ကာကွယ်နှိမ်နှင်းခြင်း

၁။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း။

၂။ မှိုရောဂါသည် ယခင်နှစ် သီးနှံကြွင်းကျန်များမှ ကူးဆက်နိုင်သဖြင့် မပြုပြင်မီ ယခင်နှစ် ရိုးပြတ်များကို မြေမပြုပြင်မီ မီးရှို့ဖျက်ဆီးရမည်။

၃။ အစေ့ဆောင်ရောဂါဖြစ်သဖြင့် ရေနွေး ၅၃·C တွင် ၃၀ ခန့်စိမ်ထားပေးရမည်။ ထို့ပြင် ကာဗန်ဒါဇင်(carbendazim ) 2g ကို အစေ့ ၁ ကီလိုဂရမ်တွင် အသုံးပြုနိုင်သည်။

၄။ စိုက်ပျိုးချိန် စောစောစိုက်ရမည်။ သီးလှည့်စိုက်ပျိုးပါက ရောဂါကျရောက်မှု့ နည်းသည်။

၅။ အပင်ပိုင်းကြီးထွားချိန် ရောဂါကျရောက်မှု့ပြင်းထန်ပါက မန်ကိုဇက် (Mancozeb) ၀.၂၅ % ကို ၁၅ ရက်တစ်ခါ သုံးကြိမ်ဖျန်းပေးရမည်။

ဇော်ရဲသူ

Reference: Plantwise Knowledge Bank


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်