စနယ်မြေစေး ရွံစေး ကျစ်မြေတွင် စိုက်ပျိုးခြင်း

04/06/2018 16:20 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လျော်ဖြူအား စနယ်မြေစေးတွင် မစိုက်ပျိုးသင့်ပါ။ သဲနူန်းမြေတွင် စိုက်ပါဟု လျော်ဖြူနှင့် ပါတ်သက်သော စာအုပ်စာတမ်းများ တွင် အကြံပြုထားသည်ကို ဖတ်ရှု့ခဲ့ရပြီး FBပေါ်မှာ ပညာရှင်များကလည်း မစိုက်သင့်ပါ စိုက်လျှင် မြေပြင် ကုန်ကျစရိတ် နှင့် မကာမိ၍ အခြားမြေတွင်သာ စိုက်ပါဟု တွင်တွင် ပြောနေ ရေးနေကြပါသည်။

မိမိမေးလိုသည်မှာ

၁.ဘာကြောင့် စနယ်မြေစေးမှာ မစိုက်သင့်တာလဲ

၂. စမ်းစိုက်ဘူးပြီလို့ ပြောတာလား။ ကြားဘူးနားဝပြော တာလား။ ဖြစ်တန်ရာ ဆိုပြီးပြောနေ ရေးနေကြတာလား။

၃. စနယ်မြေစေး မှာ စိုက်ပျိုးလျှင် မြေဘယ်လိုပြင်ရမည် ဘယ်လောက်ကုန်မည်ကို သေချာသိလို့ပြောတာလား။ ပြင်ဘူးလို့ ပြောတာလား။ 

၄. စနယ်မြေစေးရဲ့ မြေဖွဲ့စည်းပုံ မြေအနေအထားကို သေချာသိလို့ ပြောနေကြတာလားလို့ မေးစမ်းချင်ပါတယ်။

၅. စနယ်မြေစေး နှင့်အတူ ရွံစေးမြေ ကျစ်မြေ ကျပ်တီးမြေ တို့သည်လည်း ရေစီးဆင်းမှု ညံ့ဖျင်တယ် ဆိုတာသိပါလေစ။

၆. သဲနုံးမြေ၊ နုံးမြေတို့သည်လည်း မိုးများသောဒေသ အစိုများသောဒေသတွင် စနယ်မြေလောက်နီးနီး ရေစီးဆင်းရန် ခက်ခဲနေ တယ်ဆိုတာ သိစေချင်ပါတယ်။

စနယ်မြေစေးဆိုတာ သိသောသူရှိသလို မသိဘဲနှင့် ပြောနေသူများလည်း ရှိပါလိမ့်မည်။ အမှန်တော့ သဲနှုန်းမြေရှိရာ နေရာဒေ သတိုင်းတွင်လည်း စိုက်ပျိုး၍မရပါလေ။ အမှန်မှာ ရေမဝပ်နိုင်သောမြေဟု သာဆိုသင့်ပါသည်။

မည်သည့် စိုက်ပျိုးမြေတွင်မဆို အားနည်းချက် အားသာချက်များ ရှိနေမည်ဖြစ်ရာ မြေရှားပါးသော ကာလ ဒေသတွင်ရှိသည့် မြေအား အဆင်ပြေချောမွေ့စေရန် ပြုပြင်စိုက်ပျိုးသွားရန် လိုအပ်ပေသည်။ စနယ်မြေစေးမို့ ကျစ်မြေမို့ မြေစေးမို့ဟု တရား သေ မယူဆသင့်ပါ။ ထို့အတူ မိမိစိုက်ပျိုးသော သစ်ပင်သည် သူနှင့်ကိုက်ညီသော မြေအမျိုးအစားတွင်သာ စိုက်သင့်ပြီး သစ် ပင်မှထွက်လာမည့် ထွက်ကုန်တန်ဘိုးသည် မြေတန်ဘိုးနှင့် နှိုင်းယှဉ်မရအောင် ကွာခြားလွန်းပါက စီးပွားရေးဈေးတွက်ဖြင့် တွက်ချက်လျှင် ကိုက်ညီမှုမရှိသည့်အပြင် လူရယ်စရာဖြစ်မည်ကိုသတိပြု ရန်လိုပေသည်။ အချို့မှာ တစ်ဧက ကျပ် သိန်းရာ ထောင် တန်ဘိုးရှိသော မြေတွင် လျော်ဖြူစိုက်ပျိုးခြင်း များတွေ့ရ၍ပါသည်။

စနယ်မြေစေးတွင် လျော်ဖြူစိုက်ပျိုးခြင်းကြောင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အမှန်တစ်ခုအား သိစေလို၍ ရေးပါရစေ

လွန်ခဲ့သော (၂၀၁၆)ခုနှစ် အောက်တိုဘာလက ဖြစ်ပါသည်။ မိမိထံသို့ Massenger မှတဆင့်  လျော်ဖြူစိုက်ပျိုးသူတစ်ဦးမှ သူစိုက်ပျိုးထားသော အပင်၏ ပုံများအား ပေးပို့၍ အညွန့်ထပ်မံမထွက်တော့ကြောင်း မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းဟု မေးမြန်းလာခဲ့ပါသည်။

မိမိအနေဖြင့် အမြစ် သို့မဟုတ် ပင်စည်တွင် တခုခုဖြစ်နိူင် လောက်သည်ဟု သံသယရှိ၍ အပင်အားအမြစ်မှတူးခိုင်းခြင်း အပင် အားခွဲခိုင်းခြင်းများ ပြုလုပ်၍ ပုံများပို့ခိုင်းခြင်း စိုက်ပျိုးသည့်ဒေသအား မေးခြင်းများပြုခဲ့ရာ ထိုမိတ်ဆွေမှ တောင်းသမျှ အချက် အလက် မှတ်တမ်းဓာတ်ပုံများအား ပေးပို့ခဲ့ပါသည်။ မိမိအနေဖြင့် အဆိုပါပုဂ္ဂိုလ် ပေးပို့သောပုံများအား ကြည့်ရှု၍ မြေကြီးတွင် ဖြစ်နိူင်သည်ဟု သံသယ ဖြစ်မိပါသည်။ သို့သော် မိမိသိထားသည်မှာ ထိုဒေသတွင် သဲနူံးမြေ အင်တိုင်းမြေ သာများသည်ဟု သိထားကြုံထားပါသည်။ သို့ဖြစ်၍ သူမတောင်းဆိုပါဘဲနှင့် မြေအခြေအနေ အပင်အခြေအနေသိရန် လျော်ဖြူစိုက်ရာနေရာကို သွားရောက် ခဲ့ပါတော့သည်။ ရောက်ခဲ့ပါပြီ တွေ့ရပါပြီ။ လျော်ဖြူပင်နှင့် လျော်ဖြူ စိုက်သည့်မြေ စိုက်ပျိုးထားသည့်မြေမှာ မိမိထင်သောမြေ မဟုတ်ဘဲ စနယ်မြေစေးမြေ ဖြစ်နေပါတော့သည်။ လျော်ဖြူပင်က အမြင့်၂ပေခန့် ရှိနေပါသည် အနဲငယ်ညိုး ၍နေပြီး ထိပ်က အညွန့် မထွက်ဘဲနေပါသည်။ ပိုင်ရှင် နှမျောတာ မနှမျောတာ အပထား မိမိကတော့အပင် ကို အမြစ်ကစပြီး တစ်ပင်လုံး တူးခိုင်းလို့ အပင်တူးတော့ မြေက စနယ်မြေစေး မိုးနှောင်းပိုင်း မိုးရွာထားတော့ အစိုဓာတ်က သိပ်မများပါဘူး။ လောက်စာလုံး လုံးလို့ရတဲ့အဆင့်ကို ကျော်ပြီး ရေတောင် ထွက်နေပါတယ်။ မိမိလည်း အပင်ကိုခွဲ ဥကိုခွဲ အမြစ်ကိုခွဲကြည့် တော့ ဘာဒါဏ်ရာမှမရှိ အကောင်း ဒါပေမဲ့ ဥမှာတော့ အစေးတွေထွက်နေတယ်။

လျော်ဖြူမျိုး ကြော်ငြာဝင်တဲ့လူက သူ့မျိုးကောင်းတယ် ဥကတောင် အစေးထွက်တယ်လာမကြော်ငြာပါနဲ့။ ဒါဏ်ရာကထွက်လာ တာပါ။ ဥများပုပ်လာရန် ရှေ့ပြေးပါ။ ဒါနဲ့ နောက်ထပ်ညှိုးနေတဲ့ အပင်တချို့တူးကြည့်တော့လည်း ကျင်းတိုင်းမှာ အစိုဓာတ် အပြည့် ရေတောင်ထွက်နေတယ်။ တစ်ခင်းလုံး လိုက်ကြည့်ဖြစ်ပါတယ်။ အပင်က ဖြစ်ထွန်းမှုကောင်းတယ် (အလွန့်အလွန်)

သူရဲ့စိုက်စနစ်၊ ကျင်းတူးစနစ်၊ မြေဩဇာထည့်တဲ့စနစ် မေးကြည့်တော့ သူက နွေအခါကတည်းက စိုက်ကျင်းကို တူးထားတာ

တစ်ကျင်းကို ၃၀၀ကျပ် ပေးတူးထားတာ လူတစ်ယောက်မှ တစ်နေကုန် (၇) ကျင်းပြီးတယ် တူးတာကတော့ (၂ပေ ကျော် ၃ပေ)ပါတ်လည်၊ မိုးဦးကျတော့ နောက်ချေးအစို တစ်ကျင်းကို(၁၀) ပြည် ထည့်ထားတယ် ရေထည့်ပြီးနှပ်ထားတယ်။ (၁၀)ရက် လောက်ကြာတော့ မြေပဲခွံတွေထည့် အပေါ်ကမြေကြီးထည့် ရောသမမွေပြီး စိုက်မယ်ပေါ့။ လျော်ဖြူပင်စိုက်တယ်။ ဒါကလုပ်ငန်းစဉ်။ ဒါပေမဲ့ အပင်စိုက်တဲ့ အချိန်ကျတော့ သူကခရီးထွက်သွားတယ် စိုက်ပြီးမှ ပြန်ရောက်တဲ့သဘော။

စိုက်ပြီးတော့ နောက်ချေးအစို တစ်ကျင်း(၁၀)ပြည် ထည့်စိုက်တဲ့အပင်တွေက တက်လိုက်တာ တရိပ်ရိပ်အားရစရာ ဖြစ်နေ တာပေါ့။

နောက်ချေးနည်းတဲ့အပင် မထည့်တဲ့ အပင်တွေက တဖြည်းဖြည်း တက်လာတာ တွေ့နေရတယ် နောက်ချေးအစို ထည့်စိုက် ထားတဲ့ အပင်တွေနဲ့ယှဉ်ရင် စိုက်ပြီးကာစမှာ လုံးဝအားရစရာရှိမည်မဟုတ်။ ဒါပေမဲ့ မိုးကုန်တော့ မြေရေစစ် လေတက်လေ ဖြစ်မှာလေ။

အခုတော့ နောက်ချေးများတဲ့ အပင်တွေက အပင်ထိပ်ညွန့် မထွက်တော့တာ၊ အပင်ညှိုးနေတာတွေ ဖြစ်လာ၊ ဒီတော့သူလည်း စိတ်ညစ်မှာပေါ့သူလည်း စိတ်ညစ်ညစ်နဲ့ မြိုနယ်စိုက်ပျိုးရေးဦးစီးမှုးကို ရင်ဖွင့်တော့ လာကြည့်ပြီး အခက်အခဲအချို့ကို ဖြေရှင်း ပေး သွားပါတယ်။ လျော်ဖြူအပင်ဘေးမှာ ကျင်းတူးပြီး နောက်ချေးပူ အခိုးတွေထုတ် အထဲကို ရေလောင်းထည့် တုတ်ချောင်းနဲ့ မွှေပေါ့။ သက်သာပြီး အပင်တွေလည်း အညွန့်ထွက်လာတယ် ဒါပေမဲ့ မြေအစိုဓာတ်များတော့ အပင်ညှိုးတာဖြစ်နေဆဲ။

သူ့အပြောအရ တုတ်နဲ့ထိုးမွေတော့ အောက်မှာဂလိုင်ဖြစ်နေတာက နောက်ချေးများများထည့်ထားသော ကျင်းတိုင်းလိုလို စိုက်ချိန်မှာ မြေသမအောင် မမွှေမိတော့ အောက်ကနောက်ချေးက ကျသွားပြီး စနယ်မြေစေးက အပေါ်ကျန်ခဲ့တော့ ဂလိုင်ဖြစ် ရေလှောင်သလို ဖြစ်သွားပြီး မြေအစိုဓာတ်များတော့ အပင်အမြစ်ကို ဒုက္ခပေးပြီး အပင်မတက်နိူင်တော့တာပါ။

နောက်ချေးမထည့်နိူင်တဲ့အပင်တွေက နောက်ပိုင်းမှာ တရိပ်ရိပ်တက်လာပေမဲ့ နောက်ချေးထည့်ထားတဲ့ အပင်တွေက တဟုန် ထိုးတက်ပြီး တဖြည်းဖြည်းပြန်ကျကုန်တာပါ။ အပင်များတဖြည်းဖြည်း သေနေတာပါ။ အဓိကပြောလိုတာကတော့ ရေမြေ ဒေသ ရာသီဥတု အခြေအနေကို သေချာမသုံးသပ်နိူင်ဘဲ စိုက်ပျိုးနည်းစနစ်ကို ပုံသေယူမိတာလေ။ စိုက်ပျိုးသူက ည်း စိုက်ပျိုးရေးမလုပ်ဘူးသောသူ ဖြစ်နေတော့ ခက်ကုန်တာပေါ့။

နောက်ပြီး စိုက်တာက စနယ်မြေစေးကဲ့သို့သော ရေဝပ်မြေမကြိုက်သောလျော်ဖြူပင်၊ စိုက်ထားတာကလည်း မိုးရွာသွန်းမှု အသင့်အတင့်ရှိသော ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးရွာသွန်းမှုများသောနှစ်မှာ စိုက်မိလေခြင်း။ တူးမိတာကလည်း ကျင်းက ညွန်ကြားချက်အတိုင်း အကျယ် အနက်က တူးထားပြီး နောက်ချေးတွေ မြေဆွေးတွေကို နှံ့အောင်မမွေဘဲစိုက်မိ

နောက်ပြီး စနယ်မြေစေးကို သာမန်သာနင်းပြီး မြေဖို့စိုက်ခဲ့တော့ ရေဝပ်ရေအောင်း ရေလှောင်သလိုဖြစ်သွားတာပါ။

စနယ်မြေစေးကလည်း နင်းလည်းရတာမှမဟုတ်တာ။ အတွေ့အကြုံတခုတော့ရတာပေါ့လေ။ ဒါပေမဲ့ နောက်ထပ်မမှားဘို့တော့ လိုအပ်ပါတယ်။

နောက်နှစ် စိုက်မည်ဆိုပါလျင် စိုက်ကျင်းကို ပျိုးအိပ်ထည့် စိုက်ရုံသာသာ တူးပြီး အခြားသဘာဝမြေဩဇာများ ထည့်မစိုက် ဘို့ရာ အကြံပြုခဲ့ပါတယ်။ သူရဲ့မြေကလည်း မြေဩဇာ ထည့်စိုက်စရာမလိုသော တောရိုင်းမြေအသစ်ဖြစ်နေလို့ရယ် ဒီနှစ်လို ရေလှောင်ကျင်း မဖြစ်လိုသောကြောင့်ပါ။

လျော်ဖြူစိုက်ပျိုး နေကြကုန်သော မိတ်ဆွေများ နည်းပညာဖြန်ဖြူးပေးနေသော ပညာရှင်များအား အကြံပြုလိုပါသည်။ 

လက်ရှိ လျော်ဖြူစိုက်ပျိုးနေကြသော ပုဂ္ဂိုလ်များသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် နီးစပ်သူများဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

မိမိစိုက်ပျိုးသော သစ်ပင်၏ ကြိုက်နှစ်သက်သော ရေ မြေ ရာသီဥတုအပေါ် အမှီပြု၍ စိုက်ပျိုးစနစ်အား ချမှတ်ရခြင်း ဖြစ် သည့်အတွက် စိုက်ပျိူးမည့်ဒေသ မြေအမျိုးအစား ရာသီဥတု ရေရရှိမှု အခြေအနေအား သေချာဂဏစွာ မသိပါဘဲနှင့် စိုက် ကျင်းအတိမ်အနက် ပင်ကြားတန်းကြား မြေဆီဩဇာ ထည့်သွင်းခြင်းများအား စာအုပ်ကြီးမူအတိုင်း ဆောင်ရွက်စေခြင်းများ မပြုလုပ်စေသင့်ပါကြောင်း။ ထိုအတူ ရေသွင်းစိုက်ပျိုးနေကြကုန်သော စိုက်ခင်းပိုင်ရှင်များအနေဖြင့် တစ်ခုသတိပြုရန်မှာ စိုက် ပျိုးမြေ၌ ရေလွယ်လွယ်ကူကူရတိုင်း အပင်များအား ရေအမြဲတမ်းပေးသင်းနေပါက မိမိစိုက်ပျိုးမြေသည် ဆားပေါက်မြေများ ဖြစ်လာပြီး ပျက်စီးဆုံးရှုံးသွားမည်ကိုပါ အထက်အညာဒေသ တွင်းရေ မြေအောက်ရေ အသုံးပြုနေကြသောသူများ အထူး သတိထား လုပ်ဆောင်သွားရန် အကြံပြုအပ်ပါသည်။

အောင်မြင်ကြပါစေ

ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်