ဈေးကွက်မပြတ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်

22/07/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပိန်းဥဈေးကွက် နှစ်စဉ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်သည် တောင်သူများအတွက် ရွေးချယ်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

ဒီပိန်းဥပင်မျိုးက ဗမာမျိုးပါ။ ဥကို ပြုတ်စား ချက်စားကြတာ။ ကျွန်တော်တို့ငယ်ငယ်ကတည်းက စိုက်တာ။ အခုထိ ဈေးကွက်မပြတ်ရှိနေတယ်။ ဘယ်ဒေသမှာ စိုက်စိုက်၊ အဓိကတော့ ရေရှိရင် စိုက်ပျိုးလို့ရမှာပါ။ ရေလိုတယ်။ မြေကြီးအစိုဓာတ် အပြည့်အဝရအောင် ရေပေးနိုင်ရမယ်။ ရေရယ် အစာရယ် ပေါင်းမြက်ရယ်နိုင်ရင် စိုက်ပျိုးလို့ ဖြစ်ထွန်းပါတယ်။ အစာ(မြေဩဇာ)က တစ်လတစ်ကြိမ် ကျွေးပေးမယ်ဆိုရင် ရပြီ။ တောင်သူတွေ စိုက်ပျိုးသင့်တဲ့သီးနှံထဲမှာ ပိန်းပင်လည်းပါတယ်။ ကျန်တဲ့သီးနှံတွေက ဈေးကွက်တွေပျက်ပေမယ့် ကျွန်တော်ဆို မနှစ်က ပိန်းဥဖော်ရောင်းတာ တစ်ပိဿာကို ငွေထောင့်ငါးရာအထိ ရခဲ့တယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေသူ ကိုဟန်ဇော်သက်က ပြောသည်။

    ပိန်းဥပင်ကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလတွင် ပိန်းဥများ တူးဖော် ရောင်းချကြသည်။ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥ,ဥပြီး ရောင်းချချိန်အထိ အပင်သက်တမ်း (၅)လခွဲမှ (၆)လအတွင်း အချိန်ကြာမြင့်ကြောင်း သိရသည်။ 

တစ်ဧကဆို တကယ်ထွက်ရင် အချိန် ၅၀၀၀ ဝန်းကျင်တော့ ထွက်တာပေါ့။ အပင်က ကျန်းမာပြီး အထွက်နှုန်းကောင်းရင်ပေါ့နော်။ စိုက်ပျိုးဖို့ မျိုးတက်ကတော့ တစ်ဧကစိုက်မယ်ဆိုရင် မျိုးတက် ၂၀၀ အထက်မှာ ကုန်ပါတယ်။ စိုက်စနစ်အပေါ်တော့ မူတည်ပြီး မျိုးတက်လိုအပ်ချက်တော့ ကွာသွားပါတယ်။ ၂ တန်းစိုက်စနစ်နဲ့ စိုက်မယ်ဆိုရင် မျိုးတက် ၂၀၀ ကျော် ကုန်တယ်။ အချို့တောင်သူတွေကတော့ ၁ တန်းစိုက်စနစ်နဲ့ပဲ စိုက်ကြတာလည်း ရှိပါတယ်။ တစ်နှစ်စိုက်ပြီးတာနဲ့ မျိုးပြန်ချန်ထားပြီး နောက်နှစ်မှာ အဲ့ဒီမျိုးနဲ့ ပြန်စိုက်ကြတာပါ။ နည်းစနစ်က လွယ်ကူတာမို့ လူတိုင်းလည်း စိုက်နိုင်တဲ့သီးနှံပါ။

ဟု ကိုဟန်ဇော်သက်က ပြောသည်။

    မြန်မာနိုင်ငံတွင် ပိန်းဥအမျိုးအစားများစွာရှိပြီး၊ မကွေးတိုင်းဒေသကြီးဘက်တွင် စိုက်ပျိုးသည့် ပိန်းဥမျိုးများမှာ တစ်ဥလျှင် (၅၀)ကျပ်သား၊ (၁) ပိဿာ စသဖြင့် အလေးချိန်စီးကြပြီး၊ ရှမ်းပြည်နယ်ဘက်တွင် စိုက်ပျိုးထုတ်လုပ်သည့် ပိန်းဥမျိုးများမှာ အလုံးအရွယ်အစား သေးငယ်ကြောင်း သိရသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်