ပြည်ပတင်ပို့ရောင်းချနိုင်ရန် အဓိကလျာထားသည့် မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်များကို ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့များနှင့် နီးစပ်ရာစိုက်ပျိုးသင့်

10/09/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်ပတင်ပို့ရောင်းချနိုင်ဖို့ အဓိကလျာထားသည့် မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်များကို ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့များနှင့် နီးစပ်ရာစိုက်ပျိုးသင့်ကြောင်း မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ်မှ သုံးသပ်ပြောကြားသည်။ 

အဓိကအားဖြင့်တော့ မန်ဂျန်ရှား၊ အကေးရှားမျိုးနဲ့ ကြီးမြန်ပင်တွေကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စိုက်ပျိုးနေကြပါတယ်။ တခြားဒေသအနှံ့အပြားမှာလည်း စိုက်ပျိုးနေပါတယ်။ ဒီလို ကြီးမြန်ပင်တွေကထွက်တဲ့ သစ်တွေဟာ ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အတွက် အဓိကလျာထားတာဖြစ်တဲ့အတွက် ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့နဲ့ နီးစပ်ရာတွေမှာ ပိုမိုစိုက်ပျိုးသင့်ပါတယ်။

ဟု Fast-GRO မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ်(ဗဟို)၏ အတွင်းရေးမှုးချုပ် ဒေါ်မင်းမင်းအေး က ပြောသည်။ 

     လက်ရှိတွင် စိုက်ဧကစစ်တမ်းများကို ကောက်ယူလျက်ရှိရာ၊ တောင်သူအများစုမှလည်း ပါဝင်ပူးပေါင်း စာရင်းပေးသွင်းကြကြောင်း သိရသည်။ 

စိုက်ဧက စစ်တမ်းကောက်ယူရာမှာ စိုက်ပျိုးသူများလည်း အားတက်သရော ပါဝင်ကြပါတယ်။ စစ်တမ်းကနေ သိရှိမယ့် စိုက်ဧက၊ အပင်သက်တမ်း စတဲ့အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံက သစ်တွေကိုဝယ်မယ့် ဝယ်လက်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ပရိဘောဂစက်ရုံလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက်ဆိုတာ စိုက်ခင်းဧကစစ်တမ်းအပေါ် အခြေခံနေလို့ပါ။

ဟု ဒေါ်မင်းမင်းအေး က ဆက်လက်ပြောသည်။ 

    မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်စိုက်ပျိုးသူများအနေဖြင့် မျိုး(၅)မျိုးကို အဓိကထားစိုက်ပျိုးနေကြပြီး မျိုးစိတ်အလိုက် အားသာချက်၊ အားနည်းချက်များရှိကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်