ပြည်ပတင်ပို့ရောင်းချနိုင်ရန် အဓိကလျာထားသည့် မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်များကို ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့များနှင့် နီးစပ်ရာစိုက်ပျိုးသင့်

10/09/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်ပတင်ပို့ရောင်းချနိုင်ဖို့ အဓိကလျာထားသည့် မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်များကို ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့များနှင့် နီးစပ်ရာစိုက်ပျိုးသင့်ကြောင်း မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ်မှ သုံးသပ်ပြောကြားသည်။ 

အဓိကအားဖြင့်တော့ မန်ဂျန်ရှား၊ အကေးရှားမျိုးနဲ့ ကြီးမြန်ပင်တွေကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စိုက်ပျိုးနေကြပါတယ်။ တခြားဒေသအနှံ့အပြားမှာလည်း စိုက်ပျိုးနေပါတယ်။ ဒီလို ကြီးမြန်ပင်တွေကထွက်တဲ့ သစ်တွေဟာ ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အတွက် အဓိကလျာထားတာဖြစ်တဲ့အတွက် ဆိပ်ကမ်းမြို့၊ နယ်စပ်မြို့နဲ့ နီးစပ်ရာတွေမှာ ပိုမိုစိုက်ပျိုးသင့်ပါတယ်။

ဟု Fast-GRO မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ်(ဗဟို)၏ အတွင်းရေးမှုးချုပ် ဒေါ်မင်းမင်းအေး က ပြောသည်။ 

     လက်ရှိတွင် စိုက်ဧကစစ်တမ်းများကို ကောက်ယူလျက်ရှိရာ၊ တောင်သူအများစုမှလည်း ပါဝင်ပူးပေါင်း စာရင်းပေးသွင်းကြကြောင်း သိရသည်။ 

စိုက်ဧက စစ်တမ်းကောက်ယူရာမှာ စိုက်ပျိုးသူများလည်း အားတက်သရော ပါဝင်ကြပါတယ်။ စစ်တမ်းကနေ သိရှိမယ့် စိုက်ဧက၊ အပင်သက်တမ်း စတဲ့အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံက သစ်တွေကိုဝယ်မယ့် ဝယ်လက်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ပရိဘောဂစက်ရုံလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက်ဆိုတာ စိုက်ခင်းဧကစစ်တမ်းအပေါ် အခြေခံနေလို့ပါ။

ဟု ဒေါ်မင်းမင်းအေး က ဆက်လက်ပြောသည်။ 

    မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်စိုက်ပျိုးသူများအနေဖြင့် မျိုး(၅)မျိုးကို အဓိကထားစိုက်ပျိုးနေကြပြီး မျိုးစိတ်အလိုက် အားသာချက်၊ အားနည်းချက်များရှိကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်