ခေတ်မီစွာနေထိုင်ပြုမှုစားသောက်ခြင်းဖြင့် သဘာဝကို ထိန်းသိမ်းပေးသင့်

22/08/2019 21:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကောင်းမွန်သည့်အချက်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ လွန်ခဲ့သည့်နှစ်များကတည်းက သတိပြုမိခဲ့ကြပြီ။ ယနေ့ခေတ်ကာလတွင် သဘာဝအရင်းအမြစ်များသည် အကန့်အသတ်ဖြစ်လာသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ခေတ်မီစွာနေထိုင်ပြုမှုစားသောက်ခြင်းဖြင့် သဘာဝကို ထိန်းသိမ်းပေးသင့်၏။

   သဘာဝပတ်ဝန်းကျင်ကို သီးသန့်ရှိသည့်အရာဝတ္ထုဟု မထင်မှတ်ဘဲ ကျွန်ုပ်တို့အနေဖြင့် စွန့်ပစ်ပစ္စည်းများအနက် ပြန်လည်သုံးစွဲ၍ရသည့်အရာများကို ပြန်လည်သုံးစွဲခြင်းနှင့် မော်တော်ယာဉ်များမှ မီးခိုးငွေထုတ်လုပ်မှု လျှော့ချပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ထိန်းသိမ်းပေးရာရောက်၏။ လူမရှိသည့်အခန်းတွင် လျှပ်စစ်မီးအလင်းရောင်ထွန်းထားမှုကို လျှော့ချခြင်းတို့သည် ကျွန်ုပ်တို့အတွက် အလွန်လွယ်ကူပြီး လိုက်နာကျင့်သုံးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးရာရောက်၏

   မြေကြီးအတွင်းရှိ သဘာဝအရင်းအမြစ်မှ အနာဂတ်တွင်စားသုံးနိုင်မည့် ကောင်းမွန်သည့် အစားအစာများကို ထုတ်ပေးနိုင်ရန်အတွက် ယခုကတည်းက မှန်ကန်ကောင်းမွန်သည့် ရွေးချယ်မှုကို ပြုလုပ်စားသုံးမှသာ အနာဂတ်အတွက်လည်း စိတ်ချရမည်ဖြစ်၏။ စားနပ်ရိက္ခာထုတ်လုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကြီးမားသည့်ဆိုးကျိုးကို ဖြစ်စေရုံသာမက အချို့သော စားသောက်ကုန်များကို ထုတ်လုပ်ရာတွင် သဘာဝကို ပျက်စီးမှုများဖြစ်စေတတ်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူအပြုဆုံးဖြစ်မည့် အစားအစာမျာကို ရွေးချယ်စားသုံးရန် လိုအပ်၏။

   လက်ရှိတွင် သြစတြေးလျနိုင်ငံရှိ သက်ကြီးရွယ်အိုများအနက် ၇ ရာခိုင်နှုန်းထက်နည်းသည့်ပမာဏကသာ နေ့စဉ်စားသုံသည့်အစားအစာထဲတွင် ဟင်းသီးဟင်းရွက်ကို ထောက်ခံနှုန်းအတိုင်း စားသုံးလျက်ရှိသည့်အတွက် သင်၏ပန်းကန်ထဲတွင် အသားအစား ဟင်းသီးဟင်းရွက်များကို ဦးစားပေးပြီး ထည့်သွင်းစားသုံးသင့်ကြောင်း ဟင်းသီးဟင်းရွက်များကို အာဟာရပြည့်ဝစုံလင်စွာနှင့် ပမာဏလွန်ကဲစွာ စားသုံးခြင်းမဖြစ်စေရန် စနစ်တကျ ထုတ်ပိုးပေးထားသည်။

   ရာသီပေါ်သီးနှံများသည် အရည်အသွေးကောင်းမွန်ပြီး စျေးချိုကြသဖြင့် ယင်းတို့ကို စားသုံးသင့်ကြောင်း၊ ရာသီအလိုက် စိုက်ပျိုးထွက်ရှိသည့် သီးနှံများဖြစ်သည့်အတွက် သိုလှောင်ထိန်းသိမ်း ထားရှိမှု၊ ဝေးလံသည့်ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ သယ်ယူပို့ဆောင်မှုများမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည်ဟုဆို၏။

   အသားများကို စားသုံးရာတွင်လည်း သင့်တော်သည့်ပမာဏဖြစ်သည့် ဖဲချပ်တစ်ချပ်အရွယ် ပမာဏခန့်သာ စားသုံးသင့်ကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့တွင် ညစာပန်းကန်ထဲတွင် အသားထည့်သွင်းစားသုံးခြင်းကို တွေ့ရလေ့မရှိကြောင်း၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ အထူးအစီအစဉ်များရှိသည့် အခြေအနေမဟုတ်ဘဲ အသားကို ညစားတွင် စားသုံးလေ့မရှိကြောင်း၊ အထူးအခြေအနေတစ်ရပ်အရ စားသုံးမည်ဆိုပါက ထောက်ခံထားသည့် ပမာဏအတိုင်းသာ စားသုံးပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်ဟုဆို၏။

   သဘာဝပတ်ဝန်းကျင်အတွက် အစားအစာမျာကို ရွေးချယ်စားသုံးရာတွင် ကောင်းမွန်လတ်ဆက်သည့် ဟင်းသီးဟင်းရွက် အစားအသောက်များကို စားသုံးပေးခြင်းက ပိုမိုကောင်းမွန်ကြောင်း ပဲမျိုးစုံနှင့် အစေ့အဆံများ စားသုံးခြင်းသည် အာဟာရပြည့်ဝသည့်အပြင် ကျန်းမာရေးနှင့်လည်းကိုက်ညီပြီး ကုလားပဲ သို့မဟုတ် ပဲနီကလေးပြုတ် ပန်းကန်တစ်လုံးပမာဏ စားသုံးခြင်းသည် စံသတ်မှတ်ထားသည့် ပမာဏအတိုင်းရှိသည်ဆို၏။

ကြေးမုံငယ် - လယ်ယာစီးပွား

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်