သီးတောင့်ဝင်ချိန် ရေသွင်းမိလို့ မတ်ပဲပင်ရော်ကျသွားတယ်.. ဆရာ

05/01/2024 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

​ဆောင်းသီးနှံ​တွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးစတဲ့သီးနှံ​တွေမှာ  မြေကြီးအစိုဓာတ်နဲ့သာ ရှင်သန်ကြီးထွားရပါတယ်။ (​ရေသွင်းရတဲ့ အချိန်အခါမဟုတ်ပါဘူး။)

​မြေဆီလွှာရဲ့ သဘာဝအရ မြေ​အောက် အစိုဓာတ်ရှိရာ underground water levelမှသည် အပင်ရဲ့ အမြစ်ဆီကို ဆံချည်ပြွန်​လေး​(     capillary tubes) တွေကတဆင့် ရေ​ငွေ့ ထုတ်​ပေး​လေ့ရှိပါတယ်။

​မြေလုံရင် လုံသလို(ထွန်​ရေးညက်ရင် ညက်သလို) အစိုဓာတ်ကြာရှည်စွာထိန်း​ပေးပါတယ်။

​ဒါဆို ရေသွင်းလို့ မရဘူးလား?

ကျ​နော့အ​တွေ့အကြုံအရ​ပြောရရင် ကုလားပဲခင်းတွေ ​ရေသွင်းပေးလို့ရပါတယ်။ အပင်တစ်လသားအတွင်း ​ရေကို အပင်​ခြေ​ရေမဝပ်​အောင်ထိန်းပြီး သွင်း​ပေးရပါတယ်။

တစ်လ​ကျော် (အချဥ်ဓာတ်ဝင်ပြီးချိန်) မှ ​ရေသွင်းလိုက်မယ်ဆိုရင် အပင်​တွေ စိမ်းရာမှ ဝါကျသွားပါတယ်။ (အချဥ်ရည် ​လျှောတယ်လို့ ​ခေါ်ကြပါတယ်) မိုးရွာတာလည်း မကြိုက်ပါဘူး။

အပင်ငယ်ခါးရိ​သေတယ်၊ ထယ်​ရေးလည်းကြမ်းတယ်၊ အောက်ဓာတ်လည်းခမ်းနေတယ်၊ အပင်လည်း ငယ်​သေးတယ်ဆိုရင်ရေသွင်းရင် အဆင်​ပြေတာ​တွေ့ရပါတယ်။

မတ်ပဲခင်းမှာဆိုရင်ကော..?

အခုတ​လော မတ်ပဲခင်း ​ရေသွင်းရင်း အပင်​တွေ ​ရော်ကျသွားတယ်ဆိုပြီး ကျ​နော့ဆီ လာလာ​မေး​နေကြလို့ ဒီပို့စ်ကို အားချင်း​ရေးတင်လိုက်တာပါ။

၄၅ ရက်သား​ကျော်မှ အသီးတန်းလန်းနဲ့ ​ရေတင်မိလို့ အပင်​တွေငိုက်ကျသွားတာ ​တွေ့​နေရပါတယ်။

မိုးရွာ/မိုးကြီးမိရင်​တောင်၊  မိုးရာပြီး ပဲခင်း​တွေဟာအရွက်​တွေဝါပြီး အကျမြန်သွားပါတယ်။

(လူ​တွေ ​နေပူစဥ် မိုးမိလို့ အပူရှပ်ပြီး ဖျားသလိုမျိုးပေါ့)

အ​ပေါ်အစိုဓာတ်ကို အောက်က  ဆွဲစုပ်သလိုဖြစ်ပြီး အမြစ်​တွေ အလုပ်မလုပ်နိုင်​တော့ပါ။

ဆို​တော့ကား ကျ​နော့မိတ်​ဆွေများ...အသီး​တွေ တန်းလန်းနဲ့ ​ရေမတင်​စေချင်ပါဘူး။

(အပင်ကြီး၂ လသားအရွယ်မှ ​ရေမတင်ပါနဲ့)

- မှို​ဆေး သာ ဖျန်း​ပေးပါ။

- အပင်အား​ဆေးနဲ့ ထိန်းထားပါ။

- အမြစ်​တွေက သူ့သဘာဝအ​လျောက် အစာ​ရေစာ ရှာစားကြပါတယ်။

- စိုက်ချိန်ကတည်းက ထွန်​ရေးမ​ကောင်းခဲ့လို့ရှိရင်တော့ အပင်ငယ်စဥ် ​ရေငတ်ရင် ​ရေသွင်း​ပေးနိုင်ပါတယ်။

ပြန်လည်ကုစားနည်း

-​ ရေသွင်း၊ အပင်ညှိုး ပဲခင်းများဟူးမစ်အက်ဆစ်ပါ​သော ဓာတုမဟုတ်​သော ​အား​ဆေးများဖျန်းပါ။

- အရွက်လန်းလာရင် ယူရီးယားနဲ့ အမိုင်နို ဖျန်း​ပေးပါ။

- ပီဂျီအာ၊ အပ်up(နှုန်းထားမြင့်မြင့်)ဖျန်း​ပေးပါဗျာ။

​စေတနာများစွာဖြင့်

Thartharpopo, ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်