ဆောင်းရာသီမှာသာရရှိတဲ့ ငါးရွှေမှုန် ခေါ် ငါးသိန်းတုတ်ငါး

04/11/2021 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးရွှေမှုန် ခေါ်  ငါးသိန်းတုတ်ငါးလေးများမှာ ငါးအငယ်စားလေးများ ဖြစ်ကြပြီး Anchovy Fish အုပ်စုဝင်များ ဖြစ်ကြသည်။ ငါးသိန်းတုတ်ငါးလေးများမှာ ရာသီပေါ် ငါးတစ်မျိုးဖြစ်ပြီး တစ်နှစ်မှာတစ်ခါ မိုးအကုန် ဆောင်းအကူးကာလတွင်သာ ရမိတတ်ကြတဲ့ ရေချိုရေငန်စပ်ငါးလေးများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံတွင် ငါးသိန်းတုတ်ငါးလေးများကို ရခိုင်ဒေသတွင် အများဆုံးတွေ့ရလေ့ရှိပြီး ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး ဒေသတို့တွင်လည်း အသင့်အတင့် တွေ့ရှိရပါသည်။

ဒေသအခေါ်အရ အဆိုပါငါးအငယ်စားလေးကို ရခိုင်ဘက်တွင် ငါးသိန်းတုတ် ခေါ်  ငါးသိန်းငါး၊ ဧရာဝတီဒေသတွင် ငါးမှုန်လေး၊ ပဲခူးအခေါ်  ငါးရွှေမှုန် ၊ သထုံတွင် ငါးလောက်၊ ဘီးလင်းတွင် ရွှေမှုန်စာ ခေါ်  ငါးလောက်လေး၊ ဘားအံတွင် ငါးမှုန် ခေါ် ငါးလောက် ဟူ၍ ခေါ်ဝေါ်ကြပြီး တခြားဒေသအခေါ်အရ ငါးကျောက်ကပ်၊ ငါးဖြူလေး၊ ငါးထမင်း၊ ငါးသေးနုပ် ဆိုပြီး အခေါ်အဝေါ်အမျိုးမျိုးလည်း ရှိကြပါသေးသည်။ ငါးပုံသဏ္ဍာန်မှာ မုန့်လက်ဆောင်းဖတ်လိုလို၊ မုန့်ဗိုင်းတောင့် လိုလို သေးသေးရှည်ရှည်လေး ဖြစ်ပြီး အသားနုတဲ့ ငါးအမျိုးအစားတွင် ပါဝင်ကြပါသည်။ 

ငါးသိန်းငါးမှာ ဥ ဥချိန်၊ သားပေါက်ချိန်ဆို ရေဆန်ကို ဆန်တက်တတ်တဲ့ ငါးတစ်မျိုးဖြစ်ပြီး သားပေါက်နှုန်းကောင်းလွန်းလို့ ငါးသိန်းငါး တက်ချိန်ဆို ငွေရောင်သံဇကာ ဖြန့်ကျဲထားသလို မြင်ရတဲ့ ငါးတစ်မျိုးဖြစ်ပြီး အမြင်တစ်မျိုး လှပကြသည်ဟု ဒေသခံ​များ ပြောကြားချက်အရ သိရပါသည်။ 

ငါးသိန်းငါးလေးများမှာ ပင်လယ်ထဲမှာ သားပေါက်ကြပြီး ချောင်းဖျားကို ပြန်တက်လာချိန်မှာ ဖမ်းဆီးကြသည်ဟု သိရပါသည်။ ငါးသိန်းငါး ပေါ် ဦးပေါ်ဖျား ဆောင်းဦးပေါက်ဆို ငါးသိန်းငါး နို့ဆီဘူးတစ်ဘူးစာကို ၅၀၀၀ ကျပ်ခန့် ပေးဝယ်ရပြီး နောက်ပိုင်းတွင်မှ တစ်ဘူး ၁ထောင်လောက်သာ ရှိကြပါသည်။ ငါးသိန်းငါးတစ်ပိဿာကို သောင်းချီပေးဝယ်ရပြီး  စျေးကောင်းသော ငါးတစ်မျိုးလည်း ဖြစ်ကြသည်။

ခေါင်းတစ်ရာသားလို့ ဆိုရမယ့်ငါးသိန်းငါးကို ဒေသခံတွေက အုန်းနို့နဲ့ ချက်စားတာကို “ငါးသိန်း အုန်းဆီချတယ်” လို့ပြောကြပါသည်။ ငါးသိန်းအုန်းဆီချက်မှာ အရောင်ဝင်းဝါဝါလေးနှင့် အရသာမှာ ဆိမ့်ဆိမ့်မွှေးမွှေးလေး ဖြစ်နေ၍ လူကြိုက်များကြပါသည်။

ငါးသိန်းငါးမှာ စျေးကောင်းလှသလို အရသာမှာလည်း ထူးခြားကောင်းမွန်လှပါသည်။ 

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်