အသက်တွေနဲ့ မြေကြီး

14/05/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အသက်တွေ ရှိတယ် ဆိုတာ အာမခံသလားဆိုတော့ အာမခံပါတယ်လို့။ မြေကြီးထဲက အသက်တွေ ဆိုတာ မြင်နိုင်တဲ့ တီကောင်လေးတွေကနေ စလို့ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေ၊ နီမတုတ်တွေ စတဲ့ အကောင်လေးတွေပါပါတယ်။ ခု မြေကြီးထဲက အသက်တွေထဲက ဘက်တီးရီးယား တွေအကြောင်းကို လေ့လာကြည့်ကြရအောင်။ ဘက်တီးရီးယား သူက အရမ်းသေးငယ်ပြီးတော့ ဆဲလ်တစ်လုံးပဲ ပါတဲ့ သက်ရှိဖြစ်ပါတယ်။ မြင်သာအောင် ပုံပမာနှိုင်းရရင်လေ မောင်ရေ အော် ဟဲ့ သီချင်းတွေ နဲ့ရောကုန်ပါပြီ။

ပေတံပေါ်က တစ်လက်မကို အပုံ ၁ သိန်း ရအောင်ပုံပြီး ၄ ပုံလောက်ပဲ ရှိတဲ့ အရွယ်အစားနဲ့ ဘက်တီးရီးယားတွေ မြေကြီးထဲမှာ ရှိနေကြတယ်။ မြေကောင်းဆို တစ်ၕကကို နွား ၂ ကောင်စာလောက်က ဘက်တီးရီးယားတွေ ဖြစ်ပါတယ်တဲ့။ သူတို့ကို အုပ်စုခွဲရင် အုပ်စု ၄ ခုရှိတယ်။

() ပထမဆုံး အုပ်စုက အဆွေးသမားတွေ အမြစ်ကထုတ်လိုက်တဲ့ လူတွေထည့်လိုက်တဲ့ ပစ္စည်းတွေကို ဆွေးမြေ့အောင် ကူညီပေးတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။ သူတို့ရှိလို့လည်း မြေထဲက အစာကွင်းဆက်ကြီးက ပျက်မသွားတာလို့လည်း ပြောလို့ရပါတယ်။

() ဒုတိယ အုပ်စုက အပင်တွေရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာကြီးတွေဖြစ်ပါတယ်။ သူတို့ကို Mutualists တွေလို ခေါ်ပါတယ်။ နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယားလိုမျိုးပေါ့။

() တတိယ အုပ်စုက ရောဂါဖြစ်စေတဲ့ သက်ရှိတွေပါ။ ဘက်တီးရီးယားရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက မြေကြီးထဲမှာ ရှိနေပြီးသားဆိုတော့ အဲ့လိုကနေ ရောဂါဖြစ်လာတတ်ပါတယ်နော်။ မြေကြီးထဲမှာ သူတို့လည်း ရှိတယ်။

() Lithotrophs or chemoautotrophs တွေပါ။ နားလည်အောင် ဘယ်လိုပြောရမလဲဆိုတော့ သူတို့က နိုက်ထရိုဂျင်၊ ဆာလဖာနဲ သံဓာတ်၊ နောက် အောက်စီဂျင်တွေရဲ့ ဒြပ်ပေါင်းတွေ ဆီကနေ စွမ်းအင်တွေကို ရယူပါတယ်။ အဲ့လိုယူလို့ သူတို့က ပုလဲ လို့ သိကြတဲ့ မြေသြဇာထဲက နိုက်ထရိုဂျင် လည်ပတ်မှုကို အဆက်မပြတ်ဖြစ်ပြီးတော့ အပင်တွေနဲ့ မြေကြီးတွေ အတွက် ကောင်းတဲ့ အကျိုးဆက်တွေ ရှိလာတာပေါ့။ အရေးကြီးတဲ့ ဘက်တီးရီးယားလေးတွေ အကုန်လုံးကတော့ အရေးကြီးတာပဲ။ သူ့နေရာနဲ့သူ အရေးပါ အရာရောက်ကြတဲ့ ဘက်တီးရီးယားလေးတွေပါပဲ။

ခုက မြေကြီးအတွက်ကို မြေကြီးဖက်ကနေ ကြည့်တဲ့ အခါမှာ ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယား အုပ်စုလေးတွေအကြောင်းကိုပြောမှာ။

() နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယား

လေထဲက နိုက်ထရိုဂျင်တွေကို သူတို့က ဖမ်းယူပြီးတော့ အပင်တွေဆီကို ပြန်ပေးတယ်။ အပင်တွေက ထွက်တဲ့ ကာဗွန်ကို သူတို့က ပြန်ယူတယ်။ သူတို့ပေးလိုက်တဲ့ နိုက်ထရိုဂျင်ပြည့်နေတဲ့ အပင်လေးတွေက သေသွားလို့ မြေထဲရောက် သွားရင်တောင် မြေကြီးကို နိုက်ထရိုဂျင် ပြန်ဖြည့်တင်းပေးပါတယ်။

() အောက်စီဂျင်ပေါင်းပေးတဲ့ ဘက်တီးရီးယားလေးတွေက အဲ့လိုပေါင်းပေးတာကြောင့် အငွေ့ပျံ့မဲ့ အမိုးနီးယမ်းက အငွေ့မပျံ့တော့ပဲ အပင်တွေ စားနိုင်တဲ့ နိုက်ထရိတ်ပုံစံအနေနဲ့ ပြောင်းပေးနိုင်သတဲ့ကွယ်။ အဲ့လိ ဘက်တီးရီးယားလေးတွေကျ သစ်တောမြေမှာ အများဆုံး တွေ့ရသတဲ့။

() အငွေ့ပျံစေတဲ့ ဘက်တီးရီးယား ဒါက လေမရှိတဲ့ အခြေအနေမှာ နေထိုင်ကြတဲ့ အောက်စီဂျင်ကို မလိုတဲ့ ဘက်တီးရီးယား လေးတွေက လုပ်ပေးတာပါ။ အဲ့အလွှာမှာ ရှိတဲ့ နိုက်ထရိုဂျငိတွေကို ဓာတ်ငွေ့အဖြစ်နဲ့ မြေပေါ်ကို တက်လာစေနိုင်တာမျိုးပါ။

() နောက်ဆုံးတစ်ခုကတော့ Actinomycetes သူက မှိုတွေလိုမျိုး အုပ်စုလိုက် နေကြပြီးတော့ မြေကို အနံလေးကောင်းစေတယ်။ မြေထဲက ချေဖျက်ရခက်တဲ့ အရာတွေကိုလည်း အုပ်စုလိုက် အုပ်စုလိုက်ချေဖျက်ပြီးတော့ တစ်ခါတစ်လေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေတောင် ထုတ်လုပ်ပေးနိုင်ပါသတဲ့။။ ကဲ ဒီလောက်ဆို မြေကြီးထဲမှာ ရှိတဲ့ ဘက်တီးရီးယား အုပ်စု () ခုနဲ့ မြေကြီးအတွက် အရေးပါတဲ့ ဘက်တီးရီးယား အုပ်စု () စုကို သိလောက်ပြီလို့ ထင်ပါတယ်။ နောက်များမှာ ဆုံတွေ့ကြတာပေါ့။

ထွန်းဝင်းကျော်

Reference Soil Chemistry and Soil Microbiology pdf published by Agricultural University Alumni Association (AUAA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်