ဘိလပ်မြေကို မြေပြင်ပစ္စည်းအဖြစ် သုံးသင့်ပါသလား
မြေချဥ်/ပဲသေတဲ့ မြေဆီလွှာကို မြေပြုပြင်ရာမှာ ဘယ်သူတွေကစပြီးအကြံပြုမှန်းမသိပေမယ့် ဘိလပ်မြေတွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။
ကျနော့ မိတ်ဆွေတွေထဲက တချို့ကလည်း မေးနေကြလို့ပါ။
"မြေကြီးတွေ ပျက်နေလို့ဗျာ ပီအိပ်ချ်တိုင်းကြည့်တော့လည်း ၄.၅.ဝန်းကျင်ပဲရှိတယ်။ ပဲတွေလည်း အပင်မဖြစ်ဘူး။
အဲဒါ တချို့ကထုံးထည့်တာ ကောင်းတယ်ပြောကြတယ် ဆရာ၊ အချို့ကျတော ဘိလပ်မြေတွေသုံးတာ ကောင်းတာပဲတဲ့ဆရာရဲ့
အဲဒီတော့ ဘိလပ်မြေကို မြေပြင်ပစ္စည်းအဖြစ် သုံးသင့်ပါသလား ဆရာ။ သူ့ရဲ့ ကောင်းကျိုး/ဆိုးကျိုးလေးနဲ့ ဆရာ့အမြင် ပြောပြပါဦး" လို့ဆိုလာပါတယ်။
ဒါတွေကို မြေဆီလွှာသိပ္ပံပညာရှင်တွေမှ ပညာရှင်ဆန်ဆန် ပြောပြနိုင်ပါလိမ့်မယ်။ သို့သော်လည်းပဲ စာရေးသူကျနော့် အမြင် ပြောပြပါဆိုလို့ပြောပြပါရစေ။
အရင်ဆုံး ဘိလပ်မြေထဲမှာ ဘယ်လို ပစ္စည်းတွေပါသလဲဆိုတာ ကြည့်ကြရအောင်။
ဗြိတိသျှခေတ်က ဗြိတိန်ကလာတဲ့ အင်္ဂတေဖျော်ရာမှာ သုံးတဲ့မြေမှုန့်(Cement)ကို ဘိလပ်မြေလို့ ခေါ်ကြတာပါ။ (ဘိလပ်ကလာတဲ့အချိုရည်ကိုတော့ ဘိလပ်ရည် ခေါ်သလိုပေါ့)
အခုခေတ်မှာတော့ မြန်မာပြည်မှာတင် ထုတ်လုပ်နေပါပြီ။
ဓာတုဖော်မြူလာအရ 4CaO·Al2O3·Fe2O3 = calcium alumino ferriteလို့ ခေါ်ပါတယ်။
ဘာတွေပါဝင်ပါသလဲ?
အဓိကပါဝင်တာကတော့ ကယ်လ်စီယံကာဗွန်နိတ်လို့ခေါ်တဲ့ ထုံးကျောက်ပါပဲ။
၁။ ထုံး( Lime) -Ca(OH)₂ =60-65%
၂။ ဆီလီကာ( Silica) - SiO2 =17-25%
၃။ အလူမီနီယံ(Alumina) - Al2O3 3-8%
၄။ မဂ္ဂနီစီယံ(Magnesia) - MgO =1-3%
၅။ သံအောက်ဆိုဒ်( Iron oxide) - Fe2O3 =5-6%
၆။ ဂျစ်ပ်ဆန်(Calcium Sulfate) - CaSO4 =0.1 -0.5%
၇။ ဆာလဖာ(Sulfur Trioxide) - SO3 =1-3%
၈။ အယ်လ်ကာလီ(Alkaline) - "X"(OH) 2=0-1%

ဒါနဲ့ ပတ်သက်ပြီးသုံးသပ်ချက်
အဆိုပါ ဆောက်လုပ်ရေးသုံး Slagမှာ ပစ္စည်းအမျိုးအစား(၈)မျိုးကို အချိုးအစားအလိုက် ဖော်စပ်ထားပါတယ်။
ပါဝင်ပစ္စည်းများထဲမှ ရာခိုင်နှုန်းအများဆုံးပါဝင်သော ကယ်လစီယံ/ဆီလီကာ ပစ္စည်းများသည် အက်ဆစ်ဆန်သော မြေချဥ်များကို pH မြင့်လာစေရန် လုပ်ဆောင်နိုင်သော ဓာတ်သတ္ထုတွေ ဖြစ်နေပါတယ်။
ဒါ့အပြင် မဂ္ဂနီစီယံ/ဂျစ်ဆန်/ဆာလဖာ စသည့်ပစ္စည်းများသည်လည်း အပင်ကြိုက်နှစ်သက်သော မြေဆီလွှာ အာဟာရတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။
ဒါကြောင့်လည်း ပီအိပ်ချ် ၄.၀ နီးနီးသာ ရှိတဲ့ ၊ ခရမ်း၊ အုန်းနှဲ၊ ကဝ ဒေသမှ အချို့သော တောင်သူများက ပဲသေတဲ့ နေရာတွေကို ဘိလပ်မြေထည့်ကြည့်တာ ကောင်းတယ်လို့ ပြောကြတာဖြစ်ပါတယ်။
(Acid soil) မြေချဥ်တွေကို ပြုပြင်နိုင်သော ဓာတ်သတ္ထုပစ္စည်းများတွင် (Ca,Mg,Si..)များပါရှိပြီး ထုံး၊ ဒိုမိုက်၊ ဂျစ်ဆန်၊ ဆီလီကာများမှာ အဓိကဖြစ်ပါတယ်။
အဆိုပါပစ္စည်း အားလုံးက ဘိလပ်မြေ ဖော်မြူလာတွင် ပါဝင်နေပါတယ်။
အချို့သော နိုင်ငံများတွင်Slag fertilizerဟုခေါ်သော သတ္ထုတွင်းလုပ်ငန်းပစ္စည်းစက်ရုံမှ ဘေးထွက်ပစ္စည်းများကို ကုန်ကြမ်းယူ၍ မြေပြင်မြေသြဇာအဖြစ် စျေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိသည်ကိုတွေ့ရပါတယ်။
(သံမဏိစက်ရုံမှ ဘေးထွက်ပစ္စည်း (slag)များမှာ CasiO3 ပါဝင်သဖြင့် သံလိုက်တဖက်စွန်းတွင် မြေမှုန်များကပ်နိုင်ပါသည်။)
Magnetic soil(သံလိုက်ဓာတ်မြေဆီလွှာ)
မြေကြီးမှာ သံလိုက်အမဓာတ် ပါဝင်မှုများသဖြင့် အမဓာတ် negative charges သတ္ထုများ(ကလိုရိုဒ်၊ နိုက်ထရိတ်၊ ဆာလဖိတ်) များကို မထိန်းနိုင်ပါ။
ဓာတ်ဖိုpositive chargesများဖြစ်တဲ့ (ကယ်လ်စီယံ၊ အမိုနီယံ၊ မဂ္ဂနီစီယံ၊ ပိုတက်စီယံ)ပါသော ဓာတ်သတ္ထုပစ္စည်းများကို မြေဆီလွှာအတွင်းထည့်ပေးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိန်းမှုကောင်းမွန်လာစေပါတယ်။
ဘိလပ်မြေမှာပါဝင်နေတဲ့ အပင်နဲ့ မြေဆီလွှာအဆိပ်သင့်စေမယ့် heavy metalsတွေ ကို ဖယ်ထုတ်နိုင်ရင် Slag fertilizerနဲ့ အာနိသင်အတူတူဖြစ်နိုင်ပါလိမ့်မယ်။
ဆိုးကျိုးရှိနိုင်ပါသလား?
မိမိ ဥာဏ်မီသလောက် ဆိုးကျိုးအနေနဲ့ပြောရရင် အလွန်အကျွံသုံးစွဲခြင်း(နှစ်ရှည်လများ သုံးစွဲခြင်း)ပြုလုပ်ခဲ့မယ်ဆိုရင် မြေကြီးထဲမှာ အပင်အတွက်/မြေချဥ်တွေမှာ သံ(fe)နဲ့ အလူမီနီယံ(Alumina)တွေ စုပုံများများလာပြီး သီးနှံပင် အဆိပ်သင့်နိုင်ပါတယ်။
သို့သော် မြေချဥ်ကွက် နေရာအနည်းငယ်အတွက် spot application အနေနဲ့ အသုံးပြုရုံမျှဖြင့် မြေပျက်လောက်အောင် မဆိုးရွားနိုင်ဟုတော့ ထင်မြင်ပါတယ်။
နောက်တခုက ဘိလပ်မြေရဲ့အာနိသင်က ရေနဲ့တွေ့တာနဲ့ စေးကပ်အား/ဆွဲအားကောင်းတဲ့အတွက်၊ မြေကြီးထဲမှာ တနေရာထဲစုပုံပြီး အများကြီးထည့်လို့မရပါဘူး။
မိုးမကျမီကတည်းက မြေကြီးထဲကို ပမာဏ နည်းနည်းချင်း ဖြန့်ထည့်ပြီး အောက်ခံမြေသားနဲ့ ရောသမမွှေထားနိုင်ဖို့လိုပါလိမ့်မယ်။
အက်ဆစ်ဆန်တဲ့မြေ အထူးသဖြင့် pH 4.5အောက်မြေဆီလွှာတွေမှာ စမ်းသပ်သုံးသင့်ပေမယ့် မြေငံတွေနဲ့ သဲဆန်ကုန်းကျောမြေတွေမှာ မသုံးသင့်ဘူးလို့ သုံးသပ်မိပါတယ်။
အကြံပြုချက်
မြေပြင်အာဟာရဓာတ်များ ပါဝင်ခြင်း၊ မြေချဥ်ကွက်များတွင် စမ်းသုံးကြည့်လို့ လတ်တလော အဆင်ပြေနေသည်ဆိုသော်ငြားလည်းဆောက်လုပ်ရေးသုံးပစ္စည်းကို ဆောက်လုပ်ရေးတွင်သာ သုံးသင့်ပါတယ်။
မြေချဥ်ငံပြုပြင်လိုပါက
- ၁။ မိမိမြေကြီးကို ပီအိပ်ချ် တိုင်းပါ။
- ၂။ မြေကြီး ပီအိပ်ချ်အရ ၅.၀အောက် ရောက်နေပါက မဖောက်ထုံး(CaO) သို့မဟုတ် ထည့်ပါ။
- ၃။ ဘိလပ်မြေကဲ့သို့ ကယ်လစီယံ၊ ဆီလီကာပါဝင်သော မြေပြင်မြေသြဇာ သုံးလိုပါက Slag fertilizer(Ca.SiO3)မြေသြဇာများကိုသာ
- အသုံးပြုသင့်ပါတယ်လို့ ဖြေကြားရင်း မိတ်ဆွေတောင်သူများအတွက် မိမိရဲ့အမြင်ကို ရေးသားတင်ပြလိုက်ပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေချဉ်ငန်ဓာတ် (pH)
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....