ဘိလပ်မြေကို ​မြေပြင်ပစ္စည်းအဖြစ် သုံးသင့်ပါသလား

14/03/2024 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

​​မြေချဥ်/​ပဲ​သေတဲ့ ​​မြေဆီလွှာကို မြေပြုပြင်ရာမှာ ဘယ်သူ​တွေကစပြီးအကြံပြုမှန်းမသိ​ပေမယ့် ဘိလပ်​မြေ​တွေကို အသုံးပြု​နေကြတယ်လို့ သိရပါတယ်။

ကျ​နော့ မိတ်​ဆွေ​တွေထဲက တချို့ကလည်း မေး​နေကြလို့ပါ။

"​မြေကြီး​တွေ ပျက်​နေလို့ဗျာ ပီအိပ်ချ်တိုင်းကြည့်​တော့လည်း ၄.၅.ဝန်းကျင်ပဲရှိတယ်။ ပဲ​တွေလည်း အပင်မဖြစ်ဘူး။

အဲဒါ တချို့ကထုံးထည့်တာ ကောင်းတယ်​ပြောကြတယ် ဆရာ၊ အချို့ကျ​တော ဘိလပ်​မြေ​တွေသုံးတာ ကောင်းတာပဲတဲ့ဆရာရဲ့

အဲဒီတော့ ဘိလပ်မြေကို ​မြေပြင်ပစ္စည်းအဖြစ် သုံးသင့်ပါသလား ဆရာ။ သူ့ရဲ့ ကောင်းကျိုး/ဆိုးကျိုး​လေး​နဲ့ ဆရာ့အမြင် ​ပြောပြပါဦး" လို့ဆိုလာပါတယ်။

ဒါ​တွေကို မြေဆီလွှာသိပ္ပံပညာရှင်​တွေမှ ပညာရှင်ဆန်​ဆန် ​ပြောပြနိုင်ပါလိမ့်မယ်။ သို့​သော်လည်းပဲ စာ​ရေးသူကျနော့် အမြင် ​ပြောပြပါဆိုလို့​ပြောပြပါရ​စေ။

အရင်ဆုံး ဘိလပ်​မြေထဲမှာ ဘယ်​လို ပစ္စည်းတွေပါသလဲဆိုတာ ကြည့်ကြရ​အောင်။

ဗြိတိသျှ​ခေတ်က ဗြိတိန်ကလာတဲ့ အင်္ဂ​တေ​ဖျော်ရာမှာ သုံးတဲ့​မြေမှုန့်(Cement)ကို ဘိလပ်​မြေလို့​ ခေါ်ကြတာပါ။ (ဘိလပ်ကလာတဲ့အချိုရည်ကိုတော့ ဘိလပ်ရည် ​ခေါ်သလို​ပေါ့)

အခု​ခေတ်မှာ​တော့ မြန်မာပြည်မှာတင် ထုတ်လုပ်​နေပါပြီ။

ဓာတု​ဖော်မြူလာအရ 4CaO·Al2O3·Fe2O3 = calcium alumino ferriteလို့ ​ခေါ်ပါတယ်။

ဘာ​တွေပါဝင်ပါသလဲ?

အဓိကပါဝင်တာက​တော့ ကယ်လ်စီယံကာဗွန်နိတ်လို့​ခေါ်တဲ့ ထုံး​ကျောက်ပါပဲ။

၁။ ထုံး( Lime) -Ca(OH)₂ =60-65%

၂။ ဆီလီကာ( Silica) - SiO2 =17-25%

၃။ အလူမီနီယံ(Alumina) - Al2O3 3-8%

၄။ မဂ္ဂနီစီယံ(Magnesia) - MgO =1-3%

၅။ သံ​အောက်ဆိုဒ်( Iron oxide) - Fe2O3 =5-6%

၆။ ဂျစ်ပ်ဆန်(Calcium Sulfate) - CaSO4 =0.1 -0.5%

၇။ ဆာလဖာ(Sulfur Trioxide) - SO3 =1-3%

၈။ အယ်လ်ကာလီ(Alkaline) - "X"(OH) 2=0-1% 

 

ဒါနဲ့ ပတ်သက်ပြီးသုံးသပ်ချက်

 

အဆိုပါ ​ဆောက်လုပ်​ရေးသုံး Slagမှာ ပစ္စည်းအမျိုးအစား(၈)မျိုးကို အချိုးအစားအလိုက် ​​ဖော်စပ်ထားပါတယ်။

ပါဝင်ပစ္စည်းများထဲမှ ရာခိုင်နှုန်းအများဆုံးပါဝင်​သော ကယ်လစီယံ/ဆီလီကာ ပစ္စည်းများသည် အက်ဆစ်ဆန်​သော ​မြေချဥ်များကို pH မြင့်လာ​စေရန် လုပ်​ဆောင်နိုင်​သော ဓာတ်သတ္ထု​တွေ ဖြစ်​နေပါတယ်။

ဒါ့အပြင် မဂ္ဂနီစီယံ/ဂျစ်ဆန်/ဆာလဖာ စသည့်ပစ္စည်းများသည်လည်း အပင်ကြိုက်နှစ်သက်​သော ​မြေဆီလွှာ အာဟာရ​တွေ ဖြစ်​နေတာကို​တွေ့ရပါတယ်။

ဒါ​ကြောင့်လည်း ပီအိပ်ချ် ၄.၀ နီးနီးသာ ရှိတဲ့ ၊ ခရမ်း၊ အုန်းနှဲ၊ ကဝ ​ဒေသမှ အချို့​သော ​တောင်သူများက ပဲ​သေတဲ့ ​နေရာတွေကို ဘိလပ်​မြေထည့်ကြည့်တာ ​ကောင်းတယ်လို့ ​ပြောကြတာဖြစ်ပါတယ်။

(Acid soil) ​မြေချဥ်​တွေကို ပြုပြင်နိုင်​သော ဓာတ်သတ္ထုပစ္စည်းများတွင် (Ca,Mg,Si..)များပါရှိ​ပြီး ထုံး၊ ဒိုမိုက်၊ ဂျစ်ဆန်၊ ဆီလီကာများမှာ အဓိကဖြစ်ပါတယ်။

အဆိုပါပစ္စည်း အားလုံးက ဘိလပ်​မြေ ​ဖော်မြူလာတွင် ပါဝင်​နေပါတယ်။

 အချို့​သော နိုင်ငံများတွင်Slag fertilizerဟု​ခေါ်သော သတ္ထုတွင်းလုပ်ငန်းပစ္စည်းစက်ရုံမှ ​ဘေးထွက်ပစ္စည်းများကို ကုန်ကြမ်းယူ၍  ​မြေပြင်​မြေသြဇာအဖြစ် ​စျေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိသည်ကို​တွေ့ရပါတယ်။

(သံမဏိစက်ရုံမှ ​ဘေးထွက်ပစ္စည်း (slag)များမှာ CasiO3 ပါဝင်သဖြင့် သံလိုက်တဖက်စွန်းတွင် ​မြေမှုန်များကပ်နိုင်ပါသည်။)

Magnetic soil(သံလိုက်ဓာတ်​မြေဆီလွှာ)

​မြေကြီးမှာ သံလိုက်အမဓာတ် ပါဝင်မှုများသဖြင့် အမဓာတ် negative charges သတ္ထုများ(ကလိုရိုဒ်၊ နိုက်ထရိတ်၊ ဆာလဖိတ်) များကို မထိန်းနိုင်ပါ။

ဓာတ်ဖိုpositive chargesများဖြစ်တဲ့ (ကယ်လ်စီယံ၊ အမိုနီယံ၊ မဂ္ဂနီစီယံ၊ ပိုတက်စီယံ)ပါ​သော ဓာတ်သတ္ထုပစ္စည်းများကို ​မြေဆီလွှာအတွင်းထည့်​ပေးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိန်းမှု​ကောင်းမွန်လာ​စေပါတယ်။

ဘိလပ်​မြေမှာပါဝင်​နေတဲ့ အပင်နဲ့ ​မြေဆီလွှာအဆိပ်သင့်​စေမယ့် heavy metals​တွေ ကို ဖယ်ထုတ်နိုင်ရင် Slag fertilizerနဲ့ အာနိသင်အတူတူဖြစ်နိုင်ပါလိမ့်မယ်။

ဆိုးကျိုးရှိနိုင်ပါသလား?

မိမိ ဥာဏ်မီသ​လောက် ​ဆိုးကျိုးအ​နေနဲ့ပြောရရင် အလွန်အကျွံသုံးစွဲခြင်း(နှစ်ရှည်လများ သုံးစွဲခြင်း)​ပြုလုပ်ခဲ့မယ်ဆိုရင် မြေကြီးထဲမှာ အပင်အတွက်/​မြေချဥ်​တွေမှာ သံ(fe)နဲ့ အလူမီနီယံ(Alumina)​တွေ စုပုံများများလာပြီး သီးနှံပင် အဆိပ်သင့်နိုင်ပါတယ်။

သို့​သော် ​မြေချဥ်ကွက် ​နေရာအနည်းငယ်အတွက် spot application အ​နေနဲ့ အသုံးပြုရုံမျှဖြင့် ​မြေပျက်​လောက်​အောင် မဆိုးရွားနိုင်ဟု​တော့ ထင်မြင်ပါတယ်။

​နောက်တခုက ဘိလပ်​မြေရဲ့အာနိသင်က ​ရေနဲ့​တွေ့တာနဲ့ ​စေးကပ်အား​/ဆွဲအားကောင်းတဲ့အတွက်၊ ​မြေကြီးထဲမှာ တ​နေရာထဲစုပုံပြီး အများကြီးထည့်လို့မရပါဘူး။

မိုးမကျမီကတည်းက ​မြေကြီးထဲကို ပမာဏ နည်းနည်းချင်း ဖြန့်ထည့်ပြီး ​အောက်ခံ​မြေသားနဲ့ ရောသမ​မွှေထားနိုင်ဖို့လိုပါလိမ့်မယ်။

အက်ဆစ်ဆန်တဲ့​မြေ အထူးသဖြင့် pH 4.5​အောက်​မြေဆီလွှာ​တွေမှာ စမ်းသပ်သုံးသင့်​ပေမယ့် မြေငံ​တွေနဲ့ သဲဆန်ကုန်း​ကျော​မြေ​တွေမှာ မသုံးသင့်ဘူးလို့ သုံးသပ်မိပါတယ်။

အကြံပြုချက်

မြေပြင်အာဟာရဓာတ်များ ပါဝင်ခြင်း၊ မြေချဥ်ကွက်များတွင် စမ်းသုံးကြည့်လို့ လတ်တ​လော အဆင်​ပြေ​နေသည်ဆို​သော်ငြားလည်းဆောက်လုပ်​ရေးသုံးပစ္စည်းကို ​ဆောက်လုပ်​ရေးတွင်သာ သုံးသင့်ပါတယ်။

မြေချဥ်ငံပြုပြင်လိုပါက

  • ၁။ မိမိ​မြေကြီးကို ပီအိပ်ချ် တိုင်းပါ။
  • ၂။ မြေကြီး ပီအိပ်ချ်အရ ၅.၀​အောက် ​ရောက်​နေပါက မ​ဖောက်ထုံး(CaO) သို့မဟုတ် ထည့်ပါ။
  • ၃။ ဘိလပ်​မြေကဲ့သို့ ကယ်လစီယံ၊ ဆီလီကာပါဝင်​သော ​မြေပြင်​မြေသြဇာ သုံးလိုပါက Slag fertilizer(Ca.SiO3)​မြေသြဇာများကိုသာ
  • အသုံးပြုသင့်ပါတယ်လို့ ​ဖြေကြားရင်း မိတ်​ဆွေ​တောင်သူများအတွက် မိမိရဲ့အမြင်ကို ​ရေးသားတင်ပြလိုက်ပါတယ်။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်