ကမ္ဘာမြေကြီးတွေက ကျောက်သားတွေကို တိုက်စားတာတွေကြောင့်ဖြစ်လာတာပါ…. (၁)
မြေသားတွေ ဖိနှိပ်ခံရတော့ ကျောက်သားတွေဖြစ်ပြီး ကျောက်သားတွေ တိုက်စားခံရတော့ မြေကြီးတွေ ပြန်ဖြစ်တယ်။ ဆိုတာကတော့ စိုက်ရေးပျိုးရေးမှာ အရေးကြီးတဲ့ မြေသားတွေဆိုတာ ဘယ်အရာတွေကနေ ဖြစ်လာတာလဲဆိုတဲ့ အချက်ပါပဲ။ သစ်ရွက်ဆွေးတွေက မြေကြီးတွေ ပြန်ဖြစ်တယ်။ အကောင်သေတွေ မြေကြီးထဲ ပြန်ရောက်တယ်။ အဲ့လိုပဲ ကျောက်သားတွေကလည်း မြေကြီးပြန်ဖြစ်တယ်။ ဥပမာပြောရရင် သဲတွေဆိုတာ ရေထဲက ကျောက်တွေကနေ ဖြစ်လာတဲ့ အမှုန်တွေပဲ။ နောက်တော့ စိုက်ပျိုးရေးမှာ သုံးနေတဲ့ ကျောက်မှုန့်ဆိုတာကလည်း ဂေါ်ဒန်ကျောက်ကနေ ဖြစ်လာတဲ့ အမှုန့်ပဲ။ သူက စိုက်ရေးအတွက်တောင် ကောင်းနေသေး။ ကဲပါ ကဲပါ။ ခုက မြေသားတွေ ဘယ်လိုဖြစ်လာတာလဲဆိုတာကိုပဲ ဆက်သွားကြမယ်။
Physical Weathering (Disintegration) ရုပ်ပိုင်းဆိုင်ရာ ပြိုကွဲခြင်း
ကဲ လွယ်ပါတယ်၊ ကျောက်ကြီးကြီးကနေ ကျောက်သေးသေးဖြစ်တယ်။ ကျောက်သေးသေးကနေ ကျောက်မှုန့်လေးတွေ ဖြစ်တယ်။ အဲ့တော့ အပြင်မှာ အုတ်နီခဲတစ်ခုကို တူနဲ့ထုလိုက်ရင် ဖြစ်တတ်တဲ့ ဖြစ်စဉ်ပါပဲ။ အဲ့ဒါက ဓာတုပြောင်းလဲမှုတွေမပါတဲ့ ရိုးရိုးလေး ဖြစ်နေကျ ဖြစ်ရပ်ပါ။ ဘယ်လိုနေရာတွေမှာ အများဆုံးဖြစ်လဲဆိုတော့ အစွန်းပိုင်းဒေသတွေ အရမ်းအေးလိုက် အရမ်းပူလိုက်ဖြစ်တဲ့ နေရာတွေမှာဆိုရင် Physical Weathering ဖြစ်စဉ်တွေ ဖြစ်နေကြပဲဖြစ်ပါတယ်။
အဲ့လိုဖြစ်စဉ် ဖြစ်ဖို့အတွက်ကို မရှိမဖြစ်လိုအပ်တဲ့ အရာ (၂) ခု ရှိပါတယ်။ ရေနဲ့ အပူချိန်တို့ပဲဖြစ်ပါတယ်။ အပူချိန်ကြောင့် ပူလိုက် အေးလိုက်ဖြစ်တဲ့အခါ ပူလို့ ပွတယ် အေးလို့ ကျုံ့တယ် စတာတွေ ဖြစ်စေပြီးတော့ ခိုင်မြဲမှုကို ဖျက်စီးပစ်ပါတယ်။ အဲ့တော့ မြန်မြန်ကျေပျက်သွားတာပေါ့။
နောက်တစ်ခုကတော့ ရေပေါ့။ ရေခဲထဲမှာနေရတဲ့အခါ ရေရဲ့အားက တစ်ပေကို တန်(၁၅၀)လောက် ရှိပါတယ်။ အဲ့လိုအားနဲ့ ခွဲပစ်နိုင်တဲ့ အစွမ်းရှိတာကြောင့် ကျောက်သားတွေကို မြန်မြန်ကျေပျက်စေပါတယ်။ မိုးရွာတယ်ဆိုရင်လည်း ရိုက်ခတ်အားရှိတာကြောင့် တစ်ချို့ ကျောက်သားတွေဆို ရေကျတဲ့နေရာမှာ အခွက်ကလေးတွေဖြစ်နေတာတောင် မြင်ရမှာပါ။ ရေတိုက်စားတာမျိုးဆို သူတို့ တစ်နာရီကို ၅ မိုင်နှုန်းသွားနေတယ်ဆို သူတို့ အလေးချိန်နဲ့ပေါင်းပြီး ၆၄ မိုင်နှုန်းနဲ့ ကျောက်သားတွေကို ထိခိုက်ပွန်းပဲ့စေပါတယ်။ အဲ့တော့ ကျောက်တုံးလေးတွေခမျာ ကျေပျက်ကြရတာပေါ့။
လေတဲ့။ လေကြောင့်တိုက်စားတယ်ဆိုတော့ နည်းနည်းများ ဆန်းနေမလား။ သူ့ချည်းပဲ တိုက်စားတာဆိုရင်တော့ သဲတွေရှိမယ်။ လေကြောင့် သဲကြမ်းတွေ မှုန့်သွားစေပါတယ်။ နောက်တစ်ခုကျတော့ သမုဒ္ဒရာနဲ့ ရောပြီးတော့ တိုက်စားပစ်တာ။ နောက်ထပ် ကြွက်တွေဖောက်လို့တို့ လူတွေ နင်းချေလိုက်တာတို့ကြောင့်လည်း ကျောက်သားတွေကနေ မြေသားတွေ ဖြစ်လာစေတယ်။ အဲ့လို Physical Weathering ကြောင့်လို့ ဆိုလိုက်ရင် တကယ့်အကြမ်းအဆင့်ထိတော့ မြေသားတွေ တိုက်စားမှုဖြစ်သွားတယ်။ အရမ်းမှုန့်မှုန့်ကြီးတော့ မဟုတ်ဘူးပေါ့။ အဲ့လိုမြေတွေကို Skeleton Soil (မြေကြမ်း) လို့ခေါ်ပါတယ်။
ထွန်းဝင်းကျော်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Htunn Winn Kyaw
အားလုံး
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....