ကမ္ဘာမြေကြီးတွေက ကျောက်သားတွေကို တိုက်စားတာတွေကြောင့်ဖြစ်လာတာပါ…. (၁)

17/05/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေသားတွေ ဖိနှိပ်ခံရတော့ ကျောက်သားတွေဖြစ်ပြီး ကျောက်သားတွေ တိုက်စားခံရတော့ မြေကြီးတွေ ပြန်ဖြစ်တယ်။ ဆိုတာကတော့ စိုက်ရေးပျိုးရေးမှာ အရေးကြီးတဲ့ မြေသားတွေဆိုတာ ဘယ်အရာတွေကနေ ဖြစ်လာတာလဲဆိုတဲ့ အချက်ပါပဲ။ သစ်ရွက်ဆွေးတွေက မြေကြီးတွေ ပြန်ဖြစ်တယ်။ အကောင်သေတွေ မြေကြီးထဲ ပြန်ရောက်တယ်။ အဲ့လိုပဲ ကျောက်သားတွေကလည်း မြေကြီးပြန်ဖြစ်တယ်။ ဥပမာပြောရရင် သဲတွေဆိုတာ ရေထဲက ကျောက်တွေကနေ ဖြစ်လာတဲ့ အမှုန်တွေပဲ။ နောက်တော့ စိုက်ပျိုးရေးမှာ သုံးနေတဲ့ ကျောက်မှုန့်ဆိုတာကလည်း ဂေါ်ဒန်ကျောက်ကနေ ဖြစ်လာတဲ့ အမှုန့်ပဲ။ သူက စိုက်ရေးအတွက်တောင် ကောင်းနေသေး။ ကဲပါ ကဲပါ။ ခုက မြေသားတွေ ဘယ်လိုဖြစ်လာတာလဲဆိုတာကိုပဲ ဆက်သွားကြမယ်။

Physical Weathering (Disintegration) ရုပ်ပိုင်းဆိုင်ရာ ပြိုကွဲခြင်း

ကဲ လွယ်ပါတယ်၊ ကျောက်ကြီးကြီးကနေ ကျောက်သေးသေးဖြစ်တယ်။ ကျောက်သေးသေးကနေ ကျောက်မှုန့်လေးတွေ ဖြစ်တယ်။ အဲ့တော့ အပြင်မှာ အုတ်နီခဲတစ်ခုကို တူနဲ့ထုလိုက်ရင် ဖြစ်တတ်တဲ့ ဖြစ်စဉ်ပါပဲ။ အဲ့ဒါက ဓာတုပြောင်းလဲမှုတွေမပါတဲ့ ရိုးရိုးလေး ဖြစ်နေကျ ဖြစ်ရပ်ပါ။ ဘယ်လိုနေရာတွေမှာ အများဆုံးဖြစ်လဲဆိုတော့ အစွန်းပိုင်းဒေသတွေ အရမ်းအေးလိုက် အရမ်းပူလိုက်ဖြစ်တဲ့ နေရာတွေမှာဆိုရင် Physical Weathering ဖြစ်စဉ်တွေ ဖြစ်နေကြပဲဖြစ်ပါတယ်။ 

အဲ့လိုဖြစ်စဉ် ဖြစ်ဖို့အတွက်ကို မရှိမဖြစ်လိုအပ်တဲ့  အရာ (၂) ခု ရှိပါတယ်။ ရေနဲ့ အပူချိန်တို့ပဲဖြစ်ပါတယ်။ အပူချိန်ကြောင့် ပူလိုက် အေးလိုက်ဖြစ်တဲ့အခါ ပူလို့ ပွတယ် အေးလို့ ကျုံ့တယ် စတာတွေ ဖြစ်စေပြီးတော့ ခိုင်မြဲမှုကို ဖျက်စီးပစ်ပါတယ်။ အဲ့တော့ မြန်မြန်ကျေပျက်သွားတာပေါ့။

နောက်တစ်ခုကတော့ ရေပေါ့။ ရေခဲထဲမှာနေရတဲ့အခါ ရေရဲ့အားက တစ်ပေကို တန်(၁၅၀)လောက် ရှိပါတယ်။ အဲ့လိုအားနဲ့ ခွဲပစ်နိုင်တဲ့ အစွမ်းရှိတာကြောင့် ကျောက်သားတွေကို မြန်မြန်ကျေပျက်စေပါတယ်။ မိုးရွာတယ်ဆိုရင်လည်း ရိုက်ခတ်အားရှိတာကြောင့် တစ်ချို့ ကျောက်သားတွေဆို ရေကျတဲ့နေရာမှာ အခွက်ကလေးတွေဖြစ်နေတာတောင် မြင်ရမှာပါ။ ရေတိုက်စားတာမျိုးဆို သူတို့ တစ်နာရီကို ၅ မိုင်နှုန်းသွားနေတယ်ဆို သူတို့ အလေးချိန်နဲ့ပေါင်းပြီး ၆၄ မိုင်နှုန်းနဲ့ ကျောက်သားတွေကို ထိခိုက်ပွန်းပဲ့စေပါတယ်။  အဲ့တော့ ကျောက်တုံးလေးတွေခမျာ ကျေပျက်ကြရတာပေါ့။

လေတဲ့။ လေကြောင့်တိုက်စားတယ်ဆိုတော့ နည်းနည်းများ ဆန်းနေမလား။ သူ့ချည်းပဲ တိုက်စားတာဆိုရင်တော့ သဲတွေရှိမယ်။ လေကြောင့် သဲကြမ်းတွေ မှုန့်သွားစေပါတယ်။ နောက်တစ်ခုကျတော့ သမုဒ္ဒရာနဲ့ ရောပြီးတော့ တိုက်စားပစ်တာ။ နောက်ထပ် ကြွက်တွေဖောက်လို့တို့ လူတွေ နင်းချေလိုက်တာတို့ကြောင့်လည်း ကျောက်သားတွေကနေ မြေသားတွေ ဖြစ်လာစေတယ်။ အဲ့လို Physical Weathering ကြောင့်လို့ ဆိုလိုက်ရင် တကယ့်အကြမ်းအဆင့်ထိတော့ မြေသားတွေ တိုက်စားမှုဖြစ်သွားတယ်။ အရမ်းမှုန့်မှုန့်ကြီးတော့ မဟုတ်ဘူးပေါ့။ အဲ့လိုမြေတွေကို Skeleton Soil (မြေကြမ်း) လို့ခေါ်ပါတယ်။ 

ထွန်းဝင်းကျော်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်