မြေကြီးနဲ့မှို

27/05/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မှိုတွေ ဆိုလို့ အကြီးကြီးတွေ မဟုတ်ပဲ အပ်ချည်မျှင် လို အမျှင်တန်းလေးတွေနဲ့ ကြီးထွားနေတဲ့ မျက်စိနဲ့ မြင်နိုင်တဲ့ မှိုရော မမြင်နိုင်တဲ့ မှိုတွေရော မြေသားစိုင်တွေကြား ကျောက်တုံးကျောက်ခဲလေးတွေကြားမှာ ကြီးထွား ရှင်သန်နေတဲ့ မှိုလေတွေကို ဆိုလိုတာဖြစ်ပါတယ်။ တောင်သူဦးကြီးတွေ သိတဲ့ အကျိုးပြု မှိုဆိုရင် အထုပ် လေးတွေ လုပ်ရောင်းတဲ့ ထရိုင်ကိုဒါးမား လေးတွေက အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ သူတို့က မြေကြီးထဲမှာ နေကြပြီး စိုက်ရေးပျိုးရေးမှာ ပါဝင်ကူညီကြပါတယ်။ မြေကြီးထဲမှာရှိတဲ့ မှိုကို အုပ်စု ဘယ်လောက်ခွဲလို့ရသလဲ။ အုပ်စု () စု ခွဲလို့ရပါတယ်တဲ့။

အုပ်စု () အဆွေးသမား သူတို့ကို အဆွေးစား မှိုတွေလို့ ခေါ်ပါတယ်။ မှိုတွေက နာမည်ကြီးတယ်လေ။ မှိုတက်ပြီး ဆွေးတယ် ဘာညာ ဆိုတာမျိုး၊ အဲ့လိုမှိုတွေက မြေကြီးထဲက အကြွင်းအကျန်တွေကို ဆွေးစေပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပေးတယ်။ အဲ့လို မှိုတွေက မြေဆီမြေနှစ်ပြန်တက်ဖို့ ပြန်ဖြည့်တင်းဖို့အတွက် အရေးကြီးပါတယ်။

အုပ်စု () ကျတော့ မိုက်ကိုရိုက်ဇာမှိုတွေအုပ်စု သူတို့က အပင်တွေ အမြစ်မှာ နေပြီးတော့ အပင်က ပြန်ထုတ်တဲ့ ကာဗွန်ကို ယူတယ်။ ပြီးတော့ မြေကြီးထဲက အာဟာရတွေကို အပင်ကိုပြန်ပေးတယ်။ သူတို့က တိုက်ရိုက်ကြီး ပြန်ပေးတာတော့မဟုတ်ပဲနဲ့ အပင်နားမှာရှိတဲ့ အာဟာရတွေကို ပျော်ဝင်စေတာမျိုး ဖမ်းယူပေးတာမျိုးတွေ လုပ်ပေးပါတယ်။ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖိတ်တွေ တစ်ခါတစ်လေဆိုရင် ရေတောင်ပါပါသေးတယ်။ မိုက်ကိုရိုက်ဇာမှို လို့ပြောလိုက်ရင် () မျိုးခွဲတယ်။ အပင်အမြစ်တွေကို အပြင်ကနေပဲ တွယ်ကပ်ပီးတော့ သဟဇာတ ဖြစ်အောင်နေပေးတဲ့ Ectomycorrhizae၊ သူက အပင်ကြီးတွေမှာ တွေ့ရတာများပါတယ်။ နောက် အပင်အမြစ်တွေရဲ့ ဆဲလ်တွေ ထဲမှာ ကြီးထွားကြတဲ့ Endomycorrhizae ၊ သူတို့ကျတော့ အပင်ငယ်တွေမှာ တွေ့ရများပါတယ်။ မြက်ပင်၊ စိုက်တဲ့ပျိုးတဲ့ အပင်ငယ်တွေနဲ့ သဟဇာတဖြစ်အောင်နေပြီးတော့ စိုက်ပျိုးရေးမှာ အကျိုးပြုပါတယ်။

အုပ်စု () ရောဂါဖြစ်စေနိုင်တဲ့ မှို၊ ကပ်ပါးမှို အမြစ်တွေကို ကပ်ပါးတွယ်ပြီးတော့ အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ မှိုအုပ်စုလိုမျိုး ဥပမာဆိုရင် - VerticilliumPythiumRhizoctonia တွေက အပင်တွေကို ရောဂါဖြစ်နိုင်တဲ့ မှိုတွေဖြစ်ပါတယ်။ အပင်တွေကို ကပ်ပါးပြုပြီး အပင်တွေမှာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

မှိုတွေ ဘယ်မှာနေ

အဆွေးစားတဲ့ မှိုတွေက ဆွေးဖို့လိုတဲ့ သစ်သားလိုမျိုး စုပုံနေတဲ့နေရာမျိုးမှာ အများကြီးစုနေတတ်ပါတယ်။ တကယ်တမ်း အကျိုးပြုတာကျတော့ ဘက်တီးရီးယားတွေထက် မှိုတွေက ဆွေးမြေ့နိုင်စွမ်း ပိုများပါတယ်။ ပိုမြန်ပါတယ်။ အစိုဓာတ်မရှိ ခြောက်သွေ့နေတဲ့ အချိန်မှာဆိုရင် မှိုတွေကလည်း ခဏငြိမ်နေကြပြီးတော့ အစိုဓာတ်ရတဲ့ချိန်မှပြန်ပြီးတော့ လှုပ်ရှားကြပါတယ်။ သူတို့က လေရမှ အလုပ်လုပ်တဲ့ သက်ရှိတွေဖြစ်တာကြောင့် မြေအရမ်းကျပ်ပြီး လေမဝင်တာမျိုးကို မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်နော်။ မှိုလေးတွေက သစ်တောမြေတွေမှာ အများဆုံး တွေ့ရပြီးတော့ လူတွေကို ကောင်းကျိုးပြုနေပါတယ်။ အခုဆို မြေကြီးထဲမှာ ရှိတဲ့ သက်ရှိလေးတွေထဲက မှိုလေးတွေ အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။ တောင်သူဦးကြီးများ အကျိုးစီးပွား တိုးတက်အောင်မြင်ကြပါစေ။

ထွန်းဝင်းကျော်

Reference AGEC 311-Soil Chemistry and Soil Microbiology pdf, published by Agricultural University Alumni Association (AUAA).


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်