မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဘာတွေ အပိုပါနေသေးလဲ

15/11/2019 13:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေကြီးကို ပုံဆွဲကြည့်ရင် အပေါ်က ပုံလေးအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့လို သဲမှုန်နည်းနည်း ဟိုဟာနည်းနည်း ဒီဟာနည်းနည်းနဲ့ စုပြီးတော့ အလုံးလေးဖြစ်နေတာကို မြေအစိုင်အခဲလေးတွေလို့ သတ်မှတ်ပါတယ်။ 

မြေကြီးဆိုတာဖြစ်လာရင် သူတို့က အပေါ်ကပုံလေးအတိုင်း ချိတ်ဆက်ပြီးတော့ နေကြပါတယ်။ နေရာလွတ်လေးတွေဖြစ်နေတဲ့ နေရာကတော့ လေဝင်လေထွက် ရေဝင်ရေထွက်အတွက် နေရာဖြစ်ပါတယ်။

မြေလုံးလေးတွဖြစ်ဖို့အတွက် ပေါင်းစပ်ပေးရတဲ့တာဝန်ကို ယူတဲ့သူကတော့ အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပါတယ်။ အပေါ်ဆုံးကလို မြေလုံးလေးတွေပေါင်းစပ်ထားတဲ့ မြေကြီးကမှသာ ပွပြီးတော့ စိုက်ပျိူးရေးအတွက်ကောင်းတာဖြစ်ပါတယ်။ များသောအားဖြင့် သဲကတော့ ပေါင်းစည်းဖို့ဆန္ဒမရှိတာ ဖြစ်ပါတယ်။ သဲတွေကို ဒီအတိုင်းတွေ့ရတယ်ဆိုရင် ဖွဲ့စည်းတည်ဆောက်ပုံ မကောင်းဘူးလို့ ယူဆနိုင်ပါတယ်။

အဲ့ဒါဆို မြေစေးပါနေလို့ ရွှံ့ပါနေလို့ အလုံးလိုက်လေးတွေဖြစ်တယ်လေ။ ကောင်းတာပေါ့ ဆိုတာကလည်း တစ်ချက် ပြန်ကြည့်ရပါမယ်။ အော်ဂဲနစ်ပစ္စည်းတွေ မပါဘူးဆိုရင် မြေကြပ်ခဲကြီးဖြစ်ပြီး လေဝင်လေထွက် ရေဝင်ရေထွက်လည်း မကောင်းနိုင်ပါဘူး။

မြေသားတည်ဆောက်မှု ကောင်းတယ် မကောင်းဘူးဆိုတာက မြေကြီးထဲက ရေလှုပ်ရှားမှုနဲ့ လေလှုပ်ရှားမှုတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပြီးတော့ မြေတွင်းမှာရှိတဲ့ အမြစ်တွေကိုလည်း သက်ရောက်မှုတွေ ရှိပြီးတော့ မြေကြီးထဲကအရာတွေ ဆွေးမြေ့တာမျိုး၊ မြေတိုက်စားခံရတာမျိုးတွေကိုလည်း ဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ်။

ဝင်ပေါက် ထွက်ပေါက်

ဆက်တွယ်နေတဲ့ မြေလုံးလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်လေးတွေရှိပါတယ်။ အဲ့လိုနေရာလွတ်လေးတွေက လေ သို့ ရေတွေ ဖြည့်ပြီးတော့ နေလို့ရပါတယ်။ အဲ့လိုနေရာလွတ်လေးတွေ ဘယ်လောက်ပါပြီးတော့ ဘယ်အရွယ်အစားရှိတာက မြေက ရေနဲ့ လေအဝင်အထွက်တွေ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ အဲ့လို နေရာလွတ် အပေါက်လေးတွေကို ()မျိုး ခွဲနိုင်ပါတယ်။

Macropores - မြေလုံးလေးတွေအချင်းချင်း ဆက်တွယ်နေတဲ့နေရာက လွတ်နေတဲ့ အပေါက်လေးတွေကိုပြောတာပါ။ ()ခုထဲမှာဆိုရင်တော့ သူက ပိုကြီးပါလိမ့်မယ်။ လေနဲ့ ရေတွေက ဒီအပေါက်လေးတွေကနေတစ်ဆင့် လှုပ်ရှားသွားလာပြီးတော့ မြေတစ်ခုရဲ့ ရှိသင့်ရှိထိုက်တဲ့အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အဲ့အပေါက်လေးတွေရဲ့ အချင်းက ၀.၁ မီလီမီတာ ရှိပါတယ်။

Micropores - သူကကျတော့ မြေလုံးလေးဖြစ်တဲ့အထဲမှာကိုပဲ လွတ်နေတဲ့နေရာလေးမှာရှိနေတဲ့ နေရာလွတ် အပေါက်လေးတွေကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ရှိတာကြောင့် မြေကြီးရဲ့ ရေထိန်းနိုင်အားကို ပြောင်းလဲစေတယ်။ ပြီးတော့ အမြစ်တွေကနေပြန်ထုတ်တဲ့ ရေကို သူတို့စုပ်ယူထိန်းထားပေးတယ်။ အဲ့လို အပေါက်လေးတွေရဲ့အချင်းကတော့ (.)မီလီမီတာအောက် ငယ်တာဖြစ်ပါတယ်။

အပေါက်ကြီးကြီး သေးသေး () ခုလုံးမြေကြီးထဲမှာ ရှိနေမှ ကောင်းမွန်တာဖြစ်ပါတယ်။ macropore တွေချည်းပဲရှိပြန်ရင်လည်း ရေဝင်တာနဲ့ ရေကိုထိန်းထားနိုင်အားမရှိပါဘူး။ အဲ့လိုဖြစ်တာကြောင့် အပင်တွေအတွက် ရနိုင်တဲ့ရေပမာဏက နည်းပါးမှာဖြစ်ပါတယ်။ ဉပမာပြောရရင်တော့ သဲမြေဖြစ်ပါတယ်။ သဲတစ်မှုန်ချင်းစီပေါင်းထားတဲ့ မြေကြီးကို ရေလောင်းလိုက်ရင် ရေက ချက်ချင်းပြန်ထွက်သွားတာ ဖြစ်ပါတယ်။ အဲ့ဒါဟာ Macropore တွေ အရမ်းများနေလို့ဖြစ်ရတာပါ။

Micropore တွေပေါများလို့လည်း မကောင်းပါဘူး။ အပေါက်သေးသေးလေးထဲက ရေတွေက လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ မလွယ်ပါဘူး အဲ့လိုဆိုပြန်တော့လည်း အပင်တွေက ရေကိုမရနိုင်ပြန်ပါဘူး။ အဲ့လိုဆိုတော့ မြေသားဖွဲ့စည်းမှုကောင်းတယ်ဆိုတာက Micropore Macropore တွေ နဲ့ ကောင်းကောင်းလည်ပတ်နိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

မြေမာ မမာ

ရေဖျော်လိုက်ရင် သိမှာပေါ့လေ။ ခြောက်နေတဲ့ မြေကြီးကို ရေထဲထည့်လိုက်ရင် သိရပါပြီ။ မြေကြီးခဲလေးထည့်ထားတဲ့ ပန်းကန်ထဲကို ရေလောင်းထည့်လိုက်ရင် အဲ့မြေကြီးမှာ ရှိနေတဲ့ လေဝင်ပေါက် ရေဝင်ပေါက်တွေကနေ ရေတွေကဝင်သွားပြီးတော့ မြေကြီးခဲကနေ တစ်ဖြည်းဖြည်းပြိုကျပြီး မြေလုံးသေးသေးလေးတွေ ဖြစ်သွားခဲ့ရင် မြေကောင်းတယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။ တကယ်လို့ ရေစိုတာကလည်း ကြာတယ်။ ပြိုကျတာလည်းမရှိဆိုရင်တော့ အော်ဂဲနစ်ပစ္စည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။

ပျံ့နှံ့ခြင်း (Dispersion)

ပြိုကွဲတာပါပဲ။ ရေနဲ့ထိတယ်။ သဲဆို သဲသက်သက် မြေစေးကသက်သက် ကွဲထွက်သွားတာကို ပြောတာပါ။ မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို လေ့လာတဲ့အခါမှာ အဲ့အချက်ကလည်း အရေးကြီးပါတယ်။ မြေပြင်နိုင်ဖို့ စစ်ဆေးတဲ့အထဲမှာ တစ်ခုအပါအဝင်ပါပဲ။

စိုက်ပျိုးမြေတွေမှာ ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း မတိုးခြင်းဆိုတဲ့အချက်မှာ အပင်တွေစိုက်ရတဲ့ မြေသားဆိုတာလည်း သတိပြု အလေးထားစရာ အချက်တစ်ချက်ဖြစ်ပါတယ်။ အဲ့တော့ မြေကြီးအကြောင်း ဘယ်လောက်သိလဲဆိုရင် ငါ ဒီလောက်တော့သိတယ်ဆိုပြီး ပြန်ပြောနိုင်အောင် လေ့လာပြီး လိုက်နာကျင့်သုံးမှပဲ တိုးတက်တဲ့ခေတ်ကို လိုက်မီမှာပါ။ တောင်သူကြီးများ အကျိုးပွားများကြပါစေ။

ထွန်းဝင်းကျော်

References

  1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”

  2. www.nre.vic.gov.au/agvic/ins-clpr/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်