မြေအပူချိန်က ပူရမဲ့ ကိစ္စလား
မြေမှာ အပူချိန်ရှိသလားမေးရင် "ရှိတာပေါ့" နေနဲ့တိုက်ရိုက်ထိတွေ့တဲ့ချိန်မှာဆိုရင် မြေကြီးက မပူဘူးလား၊ နွေးနေတဲ့ မြေတို့ အေးနေတဲ့မြေတို့ကိုလည်း ကိုင်တွယ်ထိတွေ့ဖူးမှာပါပဲ။
ဒီနေ့မှာတော့ အဲ့လို မြေမှာရှိတဲ့ အပူချိန်တွေက အပင်တွေကို ဘယ်လိုတွေ ပါဝင်ပတ်သက်နိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်လားခင်ဗျာ...
မြေအပူချိန်ဆိုတာ မြေနဲ့ အပူရဲ့ ပတ်သက်ဆက်နွယ်မှုပါပဲ။ ဆိုတော့ ဘယ်လိုပတ်သက်ကြသလဲဆိုတော့ အောက်က အကြောင်းအချက်အလက်တွေက စကားပြောပါတယ်။
မြေကြီး အရောင်
အားလုံးသိကြတဲ့အတိုင်း အရောင်တွေက အပူကိုစုပ်ယူနိုင်စွမ်းတွေ မတူညီကြပါဘူး။ အနက်ရောင်ရှိတဲ့ မြေကြီးတွေက ပုံမှန်ထက်ပိုပြီးတော့ အပူကိုစုပ်ယူနိုင်ကြပါတယ်။ ဆိုတော့ အရောင်က နက်မှောင်တဲ့ ဖက်ကိုသွားလေလေ အပူကိုပိုပြီးတော့ စုပ်ယူနိုင်လေလေပါပဲ။
မြေကြီးအဖုံးအကာ
မြေကို ဖုံးအုပ်ထားတာမျိုးရှိရင် မြေကြီးကနေ ရေငွေ့ပျံတာကို ပိတ်ထားသလိုဖြစ်ပြီးတော့ မြေကြီးထဲမှာ အစိုဓာတ်ကိုပိုပြီးတော့များစေပါတယ်။ ဆိုတော့ မြေအစိုဓာတ်များလာပြီးတော့ အပူချိန်ကလည်း လျော့ပါတယ်။ တိုက်ရိုက်အားဖြင့်ဆိုရင်လည်း နေရောင်နဲ့ အပူကို တိုက်ရိုက်မရတာမို့ အပူချိန် သက်သာစေပါတယ်။ အပင်တွေပေါက်နေတာကလည်း မြေကြီးကို ပူလွန်းတာ အေးလွန်းတာကနေ ကာကွယ်ပေးနိုင်ပါတယ်။
အတိမ်းအစောင်း၊ ကုန်းမြင့်
နေရောင်က အပေါ်ကနေကျတာဖြစ်တဲ့အတွက်မို့ တောင်တန်းနဲ့ ကုန်းတက်ကုန်းဆင်းတွေက နေရောင်ရရှိမှုမှာ အပူစုပ်ယူမှုတွေ ကွာခြားသွားနိုင်ပါတယ်။
အော်ဂဲနစ်ပစ္စည်းတွေ ပါဝင်နေမှု
အော်ဂဲနစ်ပစ္စည်းတွေ ပါဝင်တာက ရေစုပ် ရေထိန်းစွမ်းအားကို ပိုကောင်းစေပါတယ်။ အရောင်ကိုလည်း ပိုပြီးတော့ မဲနက်စေပါတယ်၊ ဆိုတော့ အော်ဂဲနစ်ပစ္စည်းတွေပါတာက မြေကြီးရဲ့ အပူစုပ်ယူမှုမှာ ပါဝင်ပတ်သက်နေပါတယ်။
ရေငွေ့ပျံ့ခြင်း
ရေငွေ့ပျံ့တာက နေရောင်ကို တန်ပြန်တဲ့ လုပ်ငန်းစဉ်တစ်ခုလိုဖြစ်နေပြီးတော့ရေငွေ့ပျံ့မှု များရင် မြေကြီးမှာ အပူ မတက်တော့ပါဘူး။
နေရောင်
အဓိက မြေကြီးအပူချိန်ကို ဆုံးဖြတ်ပေးတာကတော့ နေရောင်ပါ။ နေရောင်ထိတွေ့မှုများလေလေ ပူလေလေပါပဲ။

မြေကြီး အပူချိန် အပူချိန် နဲ့ ဘာလို့ပြောနေတာလဲဆိုတော့ မြေကြီး အပူချိန်မြင့်တာ က မြေကြီးရဲ့ အနေအထားကို ဇီဝအားဖြင့်သော်လည်းကောင်း၊ ဓာတုနည်းအားဖြင့်သော်လည်းကောင်း ပါဝင်ပတ်သက်နေလို့ပဲဖြစ်ပါတယ်။
နောက်ထပ်ပြီးတော့လည်း အဲ့မြေကြီးပေါ်မှာရှိနေတဲ့အပင်တွေရဲ့ကြီးထွားမှုမှာလည်း ပါဝင်ပတ်သက်နေပါသေးတယ်။
ဆိုတော့ မြေကြီးရဲ့ ဇီဝဆိုင်ရာကို ဘယ်လိုများ ပတ်သက်နေပါသလဲ?
ဇီဝဆိုင်ရာလှုပ်ရှားမှုတွေ
၁၀ ကနေ ၂၈ ဒီဂရီဆဲလ်စီးယပ်မှာဆိုရင် မြေကြီးအသက်ရှုတယ်လို့ ဆိုလို့ရပါတယ်။ မြေကြီးထဲမှာလည်း အင်ဇိုင်းတွေရှိပြီးတော့ သူတို့လှုပ်ရှားမှုတွေ လုပ်ကြတဲ့အခါမျိုးမှာ မြေဆွေးဖြစ်တဲ့ဖြစ်စဉ်တွေလိုမျိုးဖြစ်ပြီးတော့ မြေထဲမှာရှိတဲ့ ဇီဝသက်ရှိလှုပ်ရှားမှုတွေကိုလည်း အားပေးရာရောက်ပါတယ်။ မြေကြီးကသာ ရေခဲမှတ်အပူချိန်မှာပဲရှိနေတယ်ဆိုရင်တော့ မြေကြီးထဲမှာရှိတဲ့ အနုဇီဝ သက်ရှိလေးတွေအတွက် သတ္တုဓာတ်တွေက လုံလုံလောက်လောက် မရနိုင်လို့ မြေထဲမှာ အာဟာရဓာတ်တွေလည်း ထုတ်လွှတ်ပျော်ဝင်နိုင်စွမ်းတွေမရှိတော့ပါဘူး။ ဒါကြောင့်မို့ ရေခဲတဲ့ ဒေသတွေမှာ ဖန်လုံအိမ်တွေဆောက်ပြီးတော့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
မြေကြီးထဲက အနုဇီဝသက်ရှိတွေ
သူတို့အတွက် အကောင်းဆုံး မြေကြီးအပူချိန်ကတော့ ၁၀ ကနေ ၃၅.၆ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။ အဲ့အပူချိန်ဟာဆိုရင်တော့ အနုဇီဝသက်ရှိတွေ လှုပ်ရှားနိုင်မှုအတွက် အကောင်းဆုံးဖြစ်ပြီးတော့ အပူချိန်က နည်းလေလေ သူတို့ရဲ့လှုပ်ရှားမှုက နည်းလေလေဖြစ်ပါတယ်။
မြေကြီးထဲက မြင်နိုင်တဲ့ သက်ရှိတွေ
၁၀ ကနေ ၂၄ ဒီဂရီဆဲလ်စီးယပ်မှာဆိုရင်တော့ မြေကြီးထဲမှာရှိတဲ့ မျက်စိနဲ့မြင်နိုင်တဲ့ သက်ရှိသတ္တဝါလေးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ပိုပြီးတော့ အလုပ် လုပ်နိုင်ကြပါတယ်။ အရမ်းပူသွားတဲ့ အပူချိန် ၅၈ ဒီဂရီဆဲလ်စီးယပ်လိုမျိုး ရောက်သွားတယ်ဆိုရင် သူတို့လေးတွေက သေသွားကြမှာပါ။ အရမ်းအေးရင်တော့ နေနိုင်ပေမဲ့ ပူရင်တော့ ဒီလှုပ်ရှားမှုတွေရှိတော့မှာမဟုတ်ပါဘူး။ တီကောင်တွေ သဲထဲမှာ မနေရတဲ့အကြောင်းရင်းပါပဲ။
အော်ဂဲနစ် ဆွေးမြည့်မှုဖြစ်စဉ်တွေ
အရမ်းအေးနေမယ်၊ ရေခဲမှတ်ရောက်နေတဲ့ မြေကြီးတွေမှာဆိုရင် အော်ဂဲနစ်ပစ္စည်းတွေက ဆွေးမသွားပဲနဲ့ အများကြီး စုပြုံလာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် အပေါ်မှာ ပြောခဲ့သလိုမျိုး အနုဇီဝရော မျက်စိနဲ့မြင်နိုင်တဲ့သတ္တဝါလေးတွေရဲ့လှုပ်ရှားနိုင်မှုက လျော့ကျသွားလို့ဖြစ်ပါတယ်။ ၂ ကနေ ၃၈ဒီဂရီဆဲလ်စီးယပ်မှာဆိုရင်အော်ဂဲနစ် ဆွေးမြည့်မှုဖြစ်စဉ်တွေက ပုံမှန်အတိုင်း ကောင်းကောင်းအလုပ်လုပ်မှာပဲဖြစ်ပါတယ်။ မြေထဲက သက်ရှိတွေလည်း သူတို့ ဇီဝကမ္မဖြစ်စဉ်တွေပုံမှန်အတိုင်းဖြစ်ပြီးတော့ သဟဇာတဖြစ်မှုကို ခံစားကြရမှာဖြစ်ပါတယ်။
ဓာတုနည်းအရ မြေကြီးကို အပူချိန်က ဘယ်လို သက်ရောက်နေပါသလဲ။
ဓာတ်ဖို ဖလှယ်နိုင်စွမ်း
မြေအပူချိန်တိုးလာရင် အော်ဂဲနစ်ပစ္စည်းတွေက မြန်မြန်ပြိုကွဲတာကြောင့်မို့ ဒီပြိုကွဲမှုဖြစ်စဉ်မှာ မြေမှုန့်လေးတွေေက သေးသထက်သေးပြီးသွားပါတယ်။ ဒီလိုသေးငယ်သွားတာနဲ့ အပူချိန်ကြောင့် ဓာတ်ဖို ဖလှယ်နိုင်စွမ်းက ကျလာပါတယ်။ ဥပမာဆိုရင် သဲကန္တာရထဲမှာ မြေသြဇာ မရနိုင်တာက ဒီလို ဓာတ်ဖိုဖလှယ်နိုင်စွမ်းတွေ လုံးဝမရှိတာကြောင့်မို့လို့ ဆိုနိုင်ပါတယ်။
မီးစုန်းရရှိနိုင်မှု
မြေအပူချိန်လေး အသင့်အတင့်ရှိတဲ့အချိန်မှာဆိုရင် ရေမှာပျော်ဝင်နိုင်တဲ့ မီးစုန်း (ဖော့စဖရပ်စ်) တွေက စိမ့်ဝင်ပြီး အပင်တွေရရှိမှု ပိုပြီးတော့ လွယ်ကူပါတယ်။ အပူချိန်ကသာ အေးနေခဲ့မယ်ဆိုရင် ဖော့စဖောရပ်စ်တွေက မပြိုကွဲတဲ့ အော်ဂဲနစ်ပစ္စည်းတွေကြားထဲမှာ ပိတ်မိနေမှာဖြစ်ပါတယ်။
မြေချဉ်ငံကိန်း
နောက်တစ်ခုကတော့ မြေချဉ်ငံကိန်းဖြစ်ပါတယ်။
၂၅ ကနေ ၃၉ ဒီဂရီဆဲလ်စီးယပ် လောက်မှာ မြေအပူချိန်က ရှိနေတယ်ဆိုရင် မြေထဲမှာ အော်ဂဲနစ် အက်ဆစ်ပြိုကွဲမှုတွေရှိလာပြီးတော့ မြေချဉ်ငံကိန်းက မြင့်လာမှာပါ။ ပူလေလေ ပြိုကွဲလေလေပါပဲ။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်တဲ့
မြေသားတည်ဆောက်ပုံ
အပူချိန်များရင် သဲနဲ့ ရွှံ့အချိုးက တဖြည်းဖြည်းမညီမျှမှုတွေဖြစ်လာပါတယ်။ ခြောက်သွေ့မှုတွေကြောင့် သေးသေးလေးတွေပြိုကွဲသွားပြီးတော့ နုန်းအရွယ်အစား အမှုန်လေးတွေ ပိုများလာပါတယ်။ အပူချိန်များတာကြောင့်မို့ ကွဲထွက်လာတာကနေ မြေသားတည်ဆောက်ပုံတွေ ပြောင်းလဲလာကြပါတယ်။
မြေသားတွယ်ကပ်မှု
၃၀ ဒီဂရီဆဲလ်စီးယပ်မှာ မြေသားတွယ်ကပ်မှုက ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ မြေထဲက အိုင်းယွန်းနဲ့ အလူမီနီယမ် အောက်ဆိုဒ်တွေ အပူချိန်ကြောင့် ပြောင်းလဲတဲ့ဖြစ်စဉ်က ဘိလပ်မြေလို တွယ်ကပ်နိုင်တဲ့ စွမ်းအားတွေ တိုးလာစေပါတယ်။
မြေသားထဲမှာ အစိုဓာတ်ပမာဏ
အပူချိန်များရင် ရေတွယ်ကပ်နိုင်အားနည်းပြီးတော့ အစိုဓာတ်တွေ မြေကြီးကနေ ဆုံးရှုံးပါမယ်။ အပေါ်ကနေ အောက်ကို စီးသွားတတ်ပါတယ်။ နောက်တစ်ခုကတော့ အရိပ်မရှိဘူး နေအပူချိန် ဆက်တိုက်ရနေမယ်ဆိုရင်ကျပြန်တော့လည်း အငွေ့ပျံဆုံးရှုံးတာဖြစ်နိုင်ပါသေးတယ်။
မြေကြီးထဲက လေထု
မြေကြီးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပမာဏက အပူချိန်နဲ့သက်ဆိုင်နေပါတယ်၊ အပူချိန်များတာက အနုဇီဝသက်ရှိတွေ လှုပ်ရှားမှုရှိလာပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏကို ပိုကောင်းလားစေပါတယ်။
အပင်တွေမှာ မြေသားအပူချိန်က ဘယ်လိုသက်ရောက်ပါသလဲ
ရေ
မြေသားအပူချိန်နည်းနေရင် ရေစုပ်ယူအား နည်းပါတယ်။ ဘာလို့လဲဆိုတော့ ရေထုရဲ့ တွယ်ကပ်အားက မြင့်နေပြီးတော့ မြေသားအပူချိန်နည်းနေချိန်မှာ မြေသားက ရေစုပ်ယူမှုကလည်း နည်းနေလို့ဖြစ်ပါတယ်။ အဲ့လို ရေစုပ်ယူမှုနည်းရင် အပင်ရဲ့ အစာချက်လုပ်မှုကလည်း ကျသွားမှာဖြစ်ပါတယ်။
အာဟာရတွေ စုပ်ယူမှု
အာဟာရတွေ ရရှိနိုင်မှု သံသရာစက်ဝန်းက မြေကြီးထဲက အနုဇီဝသက်ရှိတွေနဲ့ သက်ရှိတွေရဲ့ သူတို့ ကမ္မဖြစ်စဉ်တွေကြောင့်လည်း လည်ပတ်နေတာဖြစ်ပါတယ်။ သူတို့အတွက် အကောင်းဆုံးအပူချိန်ကလည်းမှာ အာဟာရတွေကို အပင်တွေက ပေါပေါများများ ရနိုင်မှာဖြစ်ပါတယ်၊ နည်းလွန်းရင်လည်း ရေတွယ်ကပ်အားက မြင့်နေပြိးတော့ အာဟာရတွေ မထုတ်ပေးနိုင်တော့ဘူး၊ သက်ရှိတွေကလည်း လှုပ်ရှားမှုတွေနည်းတယ်။ ပူလွန်းရင်လည်း မြေထဲက အနုဇီဝသက်ရှိတွေ လှုပ်ရှားမှုနည်းသလို ရေကလည်း ဆုံးရှုံးပါဦးမယ်။
အမြစ်ကြီးထွားမှု
မြေကြီး အပူချိန် မြင့်တာနဲ့အမျှ အမြစ်ထဲက ဆဲလ်လေးတွေကြီးထွားမှုအား ကောင်းပါတယ်။ မြေကြီးအပူချိန်နည်းတာက အမြစ်တစ်သျှူးလေးတွေထဲက အာဟာရကိုနည်းစေပြီးတော့ အမြစ်ကြီးထွားမှုကို လျော့ကျစေပါတယ်။
ကဲ အဲ့လိုဆိုတော့ သိတဲ့သူတွေကတော့ ရာသီဥတုတွေကို ပြောင်းမရပေမဲ့ ကိုယ်ပြောင်းလဲလို့ရတာတွေကို ပြောင်းလဲပြီးတော့ အောင်မြင်အောင် စိုက်ပျိုးနေကြပါတယ်။
အောင်မြင်ဖြစ်ထွန်းတဲ့ သီးနှံကိုဖန်တီးနိုင်သော လက်များဖြစ်ကြပါစေဗျာ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kyaw
လွန်ခဲ့သော ၇ လ ကစာအုပ်အမည်ပြောပေးလိုရလား လေ့လာချင်လိုပါဆရာ
ဉီးထွန်းအောင်
လွန်ခဲ့သော ၁ နှစ် ကစိုက်ပျိုးမြေအကြောင်းပြည့်ပြည့်စုံစုံသိချင်ပါတယ့်စာအုပ်တွေလေ့လာရမလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026