ကောင်းသောညပါ
သောကြာနေ့ရောက်လာပြီဆိုတော့ ဆော့ဝဲထဲက အကြောင်းလေးတွေဆွေးနွေးရင်း ကံစမ်းဖို့အလှည့်ရောက်လာပြီပေါ့
ဒီတစ်ပတ်မှာ ပေါ့ပေါ့ပါးပါးနဲ့ အခွင့်အလမ်းတစ်ခုကြောင်းပြောကြပါမယ်။
အစိမ်းရောင်လမ်းရဲ့ကဏ္ဍအသစ်ဖြစ်တဲ့ ဈေးတန်းကြီးကို ဦးကြီး/အန်တီတို့လည်း သိပြီးကြမှာပါ။
ဒါမဲ့ အားလုံကိုဈေးတန်းကြီးအကြောင်း တရားဝင်မိတ်ဆက်ပွဲလေးလုပ်ဖို့ အစိမ်းရောင်လမ်းကစီစဉ်ထားပါတယ်။ ပွဲနေ့မှာတက်ရောက်ချီးမြှင့်ပေးဖို့လည်း ဦးကြီးတို့/အန်တီတို့ကို ဆော့ဝဲထဲမှာဖိတ်ထားပါတယ်နော်။
ကဲ..ဒါဆို မိတ်ဆက်ပွဲလုပ်မယ့် နေ့ရက်နဲ့အချိန်ကို ဆွေးနွေးပေးသွားကြပါဦး
ဆွေးနွေးမယ်ဆိုရင်တော့ စစ်တမ်းထဲမှာ သွားရောက်ဆွေးနွေးပေးပါ။ စစ်တမ်းထဲတိုက်ရိုက်ရောက်ချင်ရင်တော့ ပေးထားတဲ့လင့်ကိုနှိပ်လိုက်ပါနော်။
https://greenwaymyanmar.com/surveys/83
ဒါဆို….ပွဲနေ့ကြရင်တွေ့ပါမယ်ရှင့်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more