မင်္ဂလာပါ
အခုဆိုရင် အစီအစဉ် (၁၁) ထိရောက်လာပြီး ဆွေးနွေးချက်လေးတွေမှာလည်း ဦးကြီးတို့သိပြီးသား အစိမ်းရောင်လမ်း အကြောင်းတွေပါကောင်းပါနိုင်သလို ဒီအစီအစဉ်မှပဲသိသွားတဲ့ အစိမ်းရောင်လမ်းအကြောင်းလေးတွေလည်းပါမှာပေါ့နော်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အစိမ်းရောင်လမ်းကိုစိတ်ဝင်တစားနဲ့အသုံးပြုနေပြီး အစီအစဉ်လေးမှာလည်းပါဝင်ဖြစ်နေတော့ ပျော်စရာကောင်းပြီး အသုံးပြုရတာပိုလွယ်ကူသွားတာပေါ့နော်။
ကဲ...ဒီတစ်ခေါက်မှာ စာအုပ်စင်ကဏ္ဍကိုပြန်သွားကြရအောင်
စာအုပ်စင်ကဏ္ဍမှာ စပါးနဲ့ပတ်သတ်တဲ့ စာအုပ်တွေဘယ်နှစ်အုပ်တင်ထားလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး။
စစ်တမ်းမှာသွားရောက်ဆွေးနွေးဖို့ မမေ့နဲ့နော်။ တိုက်ရိုက်ရောက်မယ့်လင့်ကိုအောက်ကစာတန်းမှာ နှိပ်ပါ။
ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)
ဦးကြီး/အန်တီတို့ စပါးနဲ့ပတ်သတ်တဲ့စာအုပ်တစ်အုပ် အုပ်များ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် ပိုစ့်အောက်က ပါဝင်ဆွေးနွေးမည်မှာ အတွေ့အကြုံလေးမျှဝေသွားကြပါဦး။ ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ရီဗျူးပေးတယ်ပေါ့နော်။ အပျော်ပေါ့။ အများကြီးမဟုတ်လည်းရပါတယ် ဘယ်စာအုပ်လေးဖတ်ဖြစ်ခဲ့တယ် ဆိုတာမျိုးလေးပေါ့ မျှဝေလို့ရပါတယ်။
မနက်ဖြန်မှာ ကံထူးသူတွေနဲ့အတူပြန်လာခဲ့ပါမယ်နော်။
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်