မင်္ဂလာပါရှင့်
သောကြာနေ့လေးပါ
တန်ဆောင်မုန်းအခါသမယမှာ အိမ်မှာလုံခြုံစွာနေရင်းနဲ့ပဲ စိတ်ချမ်းမြေ့ဖွယ်ရာပျော်ပွဲရွှင်ပွဲများ ကျင်းပဖြစ်ကြလား ဦးကြီးတို့…
ဒီအစီအစဉ်လေးကနေလည်း ပျော်ရွှင်ပါစေဖို့ မျှော်လင့်ပါတယ်နော်။
ဒီတစ်ပတ်က အခါကြီးရက်ကြီးဖြစ်တဲ့အတွက် ပိတ်ရက်များတယ် ဦးကြီးတို့ရေ…
အစိမ်းရောင်လမ်းက အစိုးရရုံးပိတ်ရက်တွေမှာဆိုရင် သတင်းတွေကလွဲရင် ဆောင်းပါးအသစ်မတင်ပဲ အရင်ကတင်ထားပြီးသားဆောင်းပါးတွေထဲမှာမှ ရာသီနဲ့ကိုက်ညီတဲ့ ဆောင်းပါးများကို အသိပေးချက်ပို့ပေးပါတယ်…
ဒါကြောင့် ပိတ်ရက်တွေမှာ ဆောင်းပါး အသိပေးချက်ဘယ်နှစ်ပုဒ်ရောက်လဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး (မိုးလေဝသတင်း၊ ကိုဗစ်သတင်းတွေမပါပဲနဲ့ပေါ့နော်။)
ဆွေးနွေးရမယ့်နေရာကို အောက်ပါလင့်ကိုနှိပ်ပါ…
ပျော်စရာ ပဟေဠိ (၁၂)
ဒီတစ်ပတ်ပိတ်ရက်ကများတော့ ဒီနေ့မှာသတိမထားမိလိုက်ဘူးဆို နောက်နေ့တွေမှာစောင့်ကြည့်လို့ရပါတယ်နော်။ ဆွေးနွေးချိန်ကို တနင်္လာနေ့ နေ့လည် ၁၂ နာရီထိပေးထားပါတယ်နော်။
ကံထူးသူများကိုကြေငြာရင်း ရုံးဖွင့်ရက်ကျရင် ပြန်လာခဲ့ပါမယ်။
အားလုံးပဲ ဆေးပေါင်းခတဲ့ညကိုလည်း ကျန်းမာပျော်ရွှင်စွာဖြစ်သန်းနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more