ဆော့ဝဲထဲကအထူးအစီအစဉ် (၁၂) ကံထူးသူများ

01/12/2020 13:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့်

သောကြာနေ့လေးက အထူးအစီအစဉ် (၁၂) အတွက် ကံထူးသူများလာပါပြီ။

ဒေါင်စိုင်း

nyi

U Thar Nge

Lin

Mya Phue Ngoun

pyae phyoe

တောင်သူ

ဦးညီညီနိူင်

Nyi Nyi Aung

0943117327 တို့ကတော့ကံထူးသူတွေပဲဖြစ်ပါတယ်။

အစိမ်းရောင်လမ်းက ပိတ်ရက်တွေမှာဆိုရင် အရင်ကတင်ထားပြီးသားဆောင်းပါးတွေထဲက ဦးကြီးတို့ ပြန်ပြီး အလွယ်တကူလေ့လာလို့ရအောင် ရာသီနဲ့ကိုက်ညီတဲ့ စိုက်/မွေးနည်းပညာဆောင်းပါး နှစ်ပုဒ် ကို အသိပေးချက်ပေးပေးပါတယ်။

သတင်းတွေကိုတော့ ရတဲ့ပေါ်မူတည်ပြီးတင်ပေးတာပါနော်။ ကိုဗစ်သတင်းကတော့နေ့စဉ်တင်ပေးပါတယ်။

အခုလို စိတ်ဝင်တစားနဲ့ပါဝင်ကံစမ်းသူအားလုံးကိုကျေးဇူးတင်ပါတယ်။ 

လာမယ့် သောကြာနေ့မှာလည်း ဘယ်လို အစီအစဉ်အသစ်လေးနဲ့ ပါဝင်ကံစမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ရင်း စိုက်ပျိုးရေးလုပ်ငန်းများလည်း အဆင်ပြေကြပါစေနော်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်