မင်္ဂလာပါဦးကြီးတို့
သောကြာနေ့ကအစီအစဉ်အတွက် ကံထူးသူများလာပါပြီ
အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ မွေးမြူရေးဆိုင်ရာဆောင်းပါးများစွာရှိတဲ့ မွေးမြူရေးဆောင်းပါးများ ဆိုတဲ့ကဏ္ဍငယ်သည် အထွေထွေဗဟုသုတ ဆိုတဲ့ကဏ္ဍကြီးထဲမှာရှိတာဖြစ်ပါတယ်..
ဦးကြီးတို့အနေနဲ့ မွေးမြူရေးနည်းပညာများကိုလေ့လာချင်တဲ့အခါ အထွေထွေဗဟုသုတ ကဏ္ဍထဲကိုဝင် အပေါ်ဆုံးမှာမြင်ရတဲ့ ဘားတန်းလေးကို ဆွဲကြည့်မယ်ဆိုရင် မွေးမြူရေး ဆောင်းပါးများ ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် စာတန်းကိုနှိပ်ပြီး ဆောင်းပါးများလေ့လာလို့ရပါတယ်နော်
အခုဆိုရင် သိပြီးသားသူတွေသိသလို မသိသေးတဲ့သူများလည်း သိသွားပြီး အလွယ်တကူဆောင်းပါးများကိုရှာဖွေလေ့လာနိုင်ပြီပေါ့
ဖြေဆိုသူမှန်တဲ့ထဲမှာမှ ကံထူးသူ ၁၀ ယောက်ကို ကျပန်းရွေးချယ်ထားပါတယ်နော်
ကံထူးသူတွေဘယ်သူဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ…
Thi
ဦးစိုး
စိုင်းညီကွမ်းခမ်း
U ZAW WIN
ကိုဇော်ဇော်
sai
စိုးစိုး
ပူစီ
ဦးအောင်သင်း
ဆန်းလွင် တို့ပဲဖြစ်ပါတယ်။
ညမှာလည်း အစီအစဉ်အသစ်လေးနဲ့အတူပြန်လာခဲ့မှာဖြစ်လို့ စောင့်ကြည့်ပေးဖို့ မမေ့နဲ့နော်
ကံထူးသူတွေကို နေ့လည် ၁ နာရီနဲ့ ၂ နာရီကြားမှာဆက်သွယ်ပေးသွားပါမယ်.
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more