ဆော့ဝဲထဲက အထူးအစီအစဉ် (၁၄)

07/12/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါညခင်းပါရှင့်

ဒီနေ့အတွက်ဆွေးနွေးချက်လေးကတော့ရိုးရှင်းပါတယ်

အစိမ်းရောင်လမ်းက စိုက်ပျိုး၊မွေးမြူရေးနဲ့ဆိုင်တဲ့နည်းပညာအချက်အလက်တွေ မျှဝေတဲ့ ဆော့ဝဲဖြစ်တဲ့အလျောက် အသုံးပြုသူအမျိုးအစားကလည်း ဆက်စပ်မယ်ဆိုရင် အမျိုးမျိုးရှိပါတယ်။

ဥပမာ- တောင်သူ၊ ပညာရှင်၊ ကုန်သည် တို့လိုမျိုးပေါ့နော်

အစိမ်းရောင်လမ်းစသုံးမယ်ဆိုရင် ကိုယ်ရေးအချက်အလက်ဖြည့်တဲ့အခါ ကိုယ့်ရဲ့လက်ရှိအလုပ်အကိုင်ကိုရွေးရတယ်လေနော် 

အဲ့မှာ အလုပ်အကိုင်ဘယ်နှစ်မျိုးရွေးချယ်လို့ရလဲဆိုတာလေး ဆွေးနွေးပေးသွားကြပါဦး

ဆွေးနွေးဖို့ အောက်ပါလင့်ကိုနှိပ်ပါ..

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၄)

ကံထူးသူတွေကို မနက်ဖြန်မှာကြေငြာပေးမှာဖြစ်တဲ့အတွက် ဆွေးနွေးချိန်က မနက်ဖြန်နေ့လည် ၁၂ နာရီထိပဲရှိပါမယ်နော်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်