အရိုးနုငါး……… ငါးလိပ်ကျောက်များ

07/09/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးလိပ်ကျောက် (stingrays)များမှာ အရိုးနုငါး (cartilaginous fish) အုပ်စုတွင် ပါဝင်ကြပြီး တန်ဖိုးကြီးရှားပါးငါးလည်းဖြစ်ကြသည်။ ငါးလိပ်ကျောက်အပါအဝင်အရိုးနုငါးတို့သည် အရိုးမာငါးများထက်ရှေးကျ၍ ပေါ်ပေါက်လာသည်ကို မှတ်တမ်းမှတ်ရာများအရ သိရှိရပါသည်။

     အရိုးနုငါး ငါးလိပ်ကျောက်များမှာ မျိုးပေါင်းစု(Phylum) - Chordata , မျိုးစဥ်(Order) - Myliobatiformes , မျိုးရင်း (Family) - Dasyatidae အောက်တွင် ပါဝင်ပါသည်။ ငါးလိပ်ကျောက်ငါးများမှာ အသက်ပြင်းလှသော ငါးမျိုးစိတ်များလည်း ဖြစ်ကြပါသည်။

     ငါးလိပ်ကျောက်မှာအရိုးနုငါးဖြစ်သည့်နည်းတူ ငါးလိပ်ကျောက်အမများ၏ သားပေါက်မှုပုံစံက ထူးခြားလှပေသည်။ မိခင်ကိုယ်ထဲတွင် ဥအဖြစ် ဥလိုက်ပြီး ဥနှစ်များကို ငါးလိပ်ကျောက် သားပေါက်လေးများက စားသုံးလို့ကုန်သွားသည့်အချိန် ( ၃လ မှ ၅လ ခန့်) အကြာမှာ အပြင်လောကသို့ အကောင်လိုက်အနေဖြင့် ငါးလိပ်ကျောက်လေးများအကောင်လိုက်တန်းပေါက်သောအမျိုးအစား(Ovoviviparous)ဖြစ်ကြောင်း မှတ်သားရဖူးပါသည်။ ငါးလိပ်ကျောက်အမများသည် ငါးလိပ်ကျောက်သားပေါက်လေးများကို အကောင်လိုက် တစ်ကောင်ချင်းမွေးဖွားကြခြင်းဖြစ်သည်။

      ငါးလိပ်ကျောက်များမှာ ငါးမန်းနှင့်အတူ မျိုးစဥ်တစ်ခုတည်းတူကြသော်လည်း ငါးမန်းနှင့် အသွင်ကွဲ၏။ ငါးလိပ်ကျောက်မှာ ကိုယ်ရော၊ ခေါင်းပါပြားရုံမက ရင်ဆူးတောင်များသည်လည်း ပြားပြီး ဘေးတစ်ဖက်တစ်ချက်သို့ ကားထွက်နေသည်။ ပုံသဏ္ဍာန်အားဖြင့် ငါးလိပ်ကျောက်သည် ကစားစရာ'စွန်'နှင့်လည်းကောင်း၊ 'ယပ်တောင်'နှင့် လည်းကောင်းတူကြ၏။

      ငါးမန်းများနှင့် မတူသောအချက်မှာ ငါးလိပ်ကျောက်တွင် 'ကျာပွတ်'နှင့်တူသည့်အမြီးပါရှိခြင်းဖြစ်သည်။ ၎င်းကို 'လိပ်ကျောက်မြီး'ဟုခေါ်ကြသည်။ ငါးလိပ်ကျောက်မျိုးဝင် " လိပ်ကျောက်တံခွန်"၏ အမြီး၌ ရန်သူကို ပြင်းထန်စွာ အဆိပ်တက်အောင် ထိုးနိုင်သော လိပ်ကျောက်ဆူးရိုး()ချောင်းဖြစ်စေ၊ ()ချောင်းဖြစ်စေပါရှိကြသည်။ ဆူး()ချောင်းသာပါရှိလျှင် 'တပင်တိုင်'ဟုခေါ်ပြီး' ()ချောင်းပါလျှင် 'နှစ်ပင်တိုင်'()ချောင်းပါလျှင်'သုံးပင်တိုင်'ဟုခေါ်ကြပြီး 'သုံးပင်တိုင်'ငါးလိပ်ကျောက်မှာ အဆိပ်အပြင်းဆုံးဖြစ်ပြီး ဆူးစူးမိလျှင် အကြောများသေသွားသည် အထိခံစားရတတ်ပါသည်။ လိပ်ကျောက်ဆူးကိုမူ မြန်မာတို့ဆေးဖေါ်ရန် အသုံးပြုကြပါသည်။

      ငါးလိပ်ကျောက်များတွင် လိပ်ကျောက်တံခွန်၊ လိပ်ကျောက်စွန်၊ လိပ်ကျောက်တင်မဲ၊ လိပ်ကျောက်ထမနဲ၊ လိပ်ကျောက်နှာမောင်းတို၊ လိပ်ကျောက်စွန်မောင်ရှင်၊ လိပ်ကျောက်မီးသောက် စသဖြင့် ရှိကြသလို လိပ်ကျောက်ကျားကြီး၊ လိပ်ကျောက်နီ၊ လိပ်ကျောက်အင်ဂျင်ဝိုင်၊ လိပ်ကျောက်ငါးမန်း၊ လိပ်ကျောက်ပန်းဇင်း၊ လိပ်ကျောက်မီးတုံးဖြူ/ မီးတုံးမဲ၊ လိပ်ကျောက်ကျပ်ပနဲ(ဆူးများ) စသဖြင့်လည်း ဒေသအခေါ်အဝေါ်အမျိုးမျိုး ရှိကြပါသည်။

     ကမ္ဘာပေါ်တွင် ငါးလိပ်ကျောက်မျိုးစိတ်ပေါင်း (၅၃၉မျိုးခန့်ရှိကြောင်း မှတ်တန်းများအရ သိရှိရပါသည်။ ထိုအထဲတွင်မှ 'လျှပ်စစ် လိပ်ကျောက်ဟူသော လိပ်ကျောက်မျိုး၏ ထူးခြားချက်မှာ ရန်သူကိုသော်လည်းကောင်း၊ စားမည့်သားကောင်ကိုသော်လည်းကောင်း၊ လျှပ်စစ်ဓါတ်လိုက်သွားအောင် ပြုနိုင်ခြင်းဖြစ်သည်။ 'လျှပ်စစ်လိပ်ကျောက်'မှ လွှတ်သော လျှပ်စပ်ဓါတ်အားသည် လူကိုပင်သေစေနိုင်ကြောင်း သိရပါသည်။

     လိပ်ကျောက်ငါးမှာ အရွယ်အစားအမျိုးမျိုးရှိကြပြီး (၆ လက်မ မှ ၁၀ ပေထိ) ကြီးထွားကြပါသည်။ အငယ်ဆုံးအရွယ်အစားမှာ စင်္ကြာပုံအဝိုင်းလေးဖြစ်ပြီး အကောင်ကြီးမှာ လှည်းဘီးအဝိုင်းလောက်ရှိကြပြီး အကောင်ကြီးလေ လိပ်ကျောက်အမြီးမှာ ပိုရှည်လေဖြစ်သည်။

     ဆေးဖက်ဝင်လိပ်ကျောက်ဆူးလည်း ငါးလိပ်ကျောက်အမြီးကျောရိုးမှ ရရှိသော ဆူးတောင်ဖြစ်ပြီး အလွန်ချွန်ထက်သော လွှသွားပုံသဏ္ဍာန်ရှိပြီး အရွယ်အစားမှာ (-၁၁) လက်မခန့်ထိ ရှိကြပါသည်။ လိပ်ကျောက်ငါးမှ လိပ်ကျောက်ဆူးကို တိုင်းရင်းဆေးဖော်စပ်ရာတွင် သုံးကြပြီး ဆီးဆေးနှင့် ဝမ်းနှုတ်ဆေးများ၌ ပါဝင်ပါသည်။

     လိပ်ကျောက်ဆူးထိုးမိပါက အလွန်နာကျင်ခြင်း၊ အဆိပ်တက်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (တစ်မိနစ်လျှင် ၁၀၀ – ၁၅၀) ကြိမ်ထိ ရှိနိုင်၍ အန္တရာယ်ရှိနိုင်ပါသည်။ လိပ်ကျောက်ဆူးကို ရေနွေးဖြင့် မသန့်စင်ပါက အဆိပ်ရှိပြီး ရေနွေးဖြင့်ပြုတ်လိုက်ပါမှ အဆိပ်သေသွားပါသည်။ ထို့နောက်ခြောက်သွေ့စေရန် နေပူပူ၌ ()နာရီလှန်းပြီးနောက် သိမ်းဆည်းရပါသည်။

     ငါးလိပ်ကျောက်အကောင်ကြီးများကို ငါးခြောက်ပြုလုပ်ကြပြီး ဆိုဒ်အသေးလေးတွေကို 'စမတ်ခြောက်'ဟု ခေါ်ကြသည်။ စမတ်ခြောက်မှာ ငါးလိပ်ကျောက်ငါးအသေးလေးခြောက်ဖြစ်ပြီး ငါးမုန့်လို ကြော်စားကြပြီး ကြော်ပြီးသားကိုလည်း ပြန်သုပ်စားကြသည်။ ရှားပါးငါးခြောက်တစ်မျိုး ဖြစ်သည်။ ငါးလိပ်ကျောက်ကို ကြပ်တိုက်ပြီး ကြော်စားပါကလည်း အရသာအထူးလှသည်ဟု သိရပါသည်။ သို့သော် ခရုသင်းရောဂါရှိသူများ၊ မီးနေသည်များ၊ သွေးတိုးရောဂါနှင့် ရောဂါအခံရှိသူများ မစားသင့်ကြောင်း သိရပါသည်။

     ငါးလိပ်ကျောက်ငါး၏ ကျောမှ အရေခွံကို လက်ကိုင်အိတ်၊ ခါးပတ်၊ ဓါးရိုး၊ ရှူးဖိနပ်၊ ဖုန်းအိတ်၊ ဂျာကင်၊ ဘွတ်ဖိနပ် စသည်တို့တွင် အသုံးပြုကြပြီး ငါးလိပ်ကျောက်အမြီးကို 'ကျာပွတ်'အနေဖြင့်လည်း အသုံးပြုကြသည်။

      လိပ်ကျောက်ငါးမှ ဆူးကို ဆေးဖက်ဝင်အဖြစ် ဆေးဖေါ်ရာ၌လည်းကောင်း၊ လိပ်ကျောက်ငါးအရေခွံကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး၌လည်းကောင်း၊ လိပ်ကျောက်ငါးအသားကို စားသောက်ကုန်အနေဖြင့်လည်းကောင်း အသုံးပြုနေကြပြီး လိပ်ကျောက်ငါးတစ်ကောင်လုံးမှာ အလွန်အသုံးဝင်ပြီး အဖိုးတန်လှပေသည်။ ထိုကဲ့သို့ အသုံးပြုမှုများလာကြသောကြောင့် ယခုအခါ လိပ်ကျောက်ငါးများမှာ တစစရှားပါးလာနေပြီဖြစ်သည်။

     သို့ပါသောကြောင့် ထိုကဲ့သို့ တန်ဖိုးကြီးရှားပါးလှပြီး တစ်ကောင်လုံးအသုံးဝင်လှသော 'အရိုးနုငါး………ငါးလိပ်ကျောက်'များ မျိုးမသုဥ်းစေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း၍ ကာကွယ်ထိန်းသိမ်းသင့်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

 ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်