ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြည်ပမှ ငရုတ်ကောင်းတင်သွင်းမှုရပ်တန့်နေ

12/10/2021 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြည်ပမှ ငရုတ်ကောင်းတင်သွင်းမှု ရပ်တန့်နေပြီး ပြည်တွင်းရှိ လက်ကျန်ငရုတ်ကောင်းများဖြင့်သာ စားသုံးမှုလည်ပတ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

အခုအချိန်မှာ ဒေါ်လာဈေးနှုန်း အတက်အကျမတည်ငြိမ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ ငရုတ်ကောင်းကို ပြည်ပကနေ အရင်နှစ်တွေလို တင်သွင်းမှုမလုပ်နိုင်ကြဘူး။ တင်သွင်းမှုရပ်ထားကြတာများတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံစေဖို့ဆိုပြီး ပြည်ပကနေ မှာယူတင်သွင်းလိုက်မယ်ဆိုရင် ငွေကုန်ကြေးကျက အရင်နဲ့မတူဘူး၊ အရမ်းများနေတယ်၊ တွက်ခြေမကိုက်နိုင်ဘူး။ ဒါ့ကြောင့် ပြည်တွင်းမှာရှိတဲ့ လက်ကျန်ငရုတ်ကောင်းတွေနဲ့ပဲ ဖြစ်အောင်လည်ပတ်နေကြပါတယ်။

ဟု KKO Pepper ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ထုတ်ကုန်လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

    ယခုကာလသည့် ငရုတ်ကောင်း ပေါပေါလှိုင်လှိုင်ထွက်ရှိသည့်ရာသီချိန် မဟုတ်ခြင်း၊ ပြည်ပမှ တင်သွင်းရန်လည်း ကုန်ကျစရိတ်များပြားနေခြင်းတို့ကြောင့် ငရုတ်ကောင်းထုတ်ကုန် ကုန်ချောထုတ်လုပ်သူများအနေဖြင့်မူ ဈေးကွက်မပျက်ယွင်းစေရန် သတိပြုလုပ်ဆောင်နေကြရကြောင်း သိရသည်။

ဒီအချိန်က ငရုတ်ကောင်းထွက်တဲ့ ရာသီချိန်လည်းမဟုတ်သေးဘူးဆိုတော့ ပြည်တွင်းမှာလည်း အသီးက မပေါသေးတဲ့ကာလပါ။ ဒီဇင်ဘာလလောက်မှ စိုက်ခြံတွေက ငရုတ်ကောင်းတွေက ထွက်လာကြမှာလေ။ ဒါ့ကြောင့် ဒီအချိန်ဆိုရင် ငရုတ်ကောင်းက အရင်ကတည်းကလည်း ရှားတတ်တယ်။ ဟင်းခတ်ငရုတ်ကောင်းမှုန့်၊ ငရုတ်ကောင်းစေ့ စတဲ့ ကုန်ချောထုတ်ကုန်တွေ ဖြန့်ဖြူးရောင်းချနေသူတွေနဲ့ အရောင်းအဝယ်သမားကတော့ အခုလိုမျိုးအချိန်မှာ အကျိုးအမြတ်များများ ရဖို့ထက်စာရင် ကိုယ်လုပ်နေတဲ့လုပ်ငန်းကို မပျက်သွားအောင် ထိန်းထားရုံလောက်ပဲ လည်ပတ်နေကြပါတယ်။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

    လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ငရုတ်ကောင်းစေ့ (အမဲ)တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဝန်းကျင်၊ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်