စပျစ်တောင်သူဖြစ်တဲ့ ကိုထွန်းထွန်းဝင်းကတော့ သူ့ရဲ့စပျစ်ခြံကို ဓာတုတွေမသုံးချင်တော့တဲ့ တောင်သူတစ်ယောက်ပါ။ ဒီလိုနဲ့ နည်းပညာတွေလေ့လာရင်း အစိမ်းရောင်လမ်း (Green Way) ကိုတွေ့ခဲ့သူပါ။
Green Way ထဲက ဘိုကာရှိကိုလုပ်နည်းနဲ့ ကိုယ်တိုင်ပြုလုပ်ပြီး စပျစ်မှာသုံးပါတယ်တဲ့။ ငါးအမိုင်နိုလုပ်နည်းကိုလည်း အစိမ်းရောင်လမ်းကနေ လေ့လာနေသူပဲဖြစ်ပါတယ်။
ကျွန်တော် ဓာတုတွေမသုံးတော့ဘဲ သဘာဝနည်းတွေပြောင်းသုံးတဲ့အခါ သူက ဓာတုလို ချက်ချင်းတော့ အာနိသင်မပြပါဘူး။ အချိန်နည်းနည်းတော့စောင့်ရတယ်။ ခုနှစ်နဲ့ဆို ကျွန်တော်လုပ်တာ ၂ နှစ်ရှိပြီ။ ခုဆို တခြားခြံတွေကပါ ကျွန်တော့်အခင်းကိုကောင်းလို့ နည်းလမ်းတွေလာမေးကြပါတယ်။ ဘိုကာရှီနဲ့ ငါးအမိုင်နိုလုပ်နည်းတွေကိုတော့ Green Way ကနေလေ့လာခဲ့တာပါ။
ကိုထွန်းထွန်းဝင်းကတော့ သူ့အတွေ့အကြုံတွေကို အခုလိုဝေမျှသွားပါတယ် စပျစ်သီးတွေကလည်း ရှယ်ပါပဲနော် ပုံမှာသာကြည့်ပါတော့။
ကိုထွန်းထွန်းဝင်းလို အပြောင်းအလဲလုပ်နေတဲ့ သူတွေရှိရင်လည်း အတွေ့အကြုံလေးတွေမျှဝေပေးသွားကြပါအုံးနော်။
အစိမ်းရောင်လမ်း အဖွဲ့သားတွေအနေနဲ့ ခုလိုလေးတွေပြန်ကြားရတာ အားဆေးတွေပါ ပရိတ်သတ်ကြီးရေ။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး...
ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more
Facebook page သို့သွားရန်