နေပီယာမြက်နဲ့ ကျေးရွာကိုပါ အကျိုးပြုပေးနိုင်သွားတဲ့ အစိမ်းရောင်လမ်းကတောင်သူ

28/08/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ကိုဇော်ထက်အောင်ကတော့ ဓာတ်ပုံပြိုင်ပွဲတွေကနေ အစိမ်းရောင်လမ်းကို စသိခဲ့သူပါ။ ခုအချိန်မှာဆိုရင် ဖေ့ဘုတ်တောင်သိပ်မသုံးဖြစ်တော့ဘဲ Green Way ထဲမှာပဲ သိချင်တာတွေမေးလိုက် သိတာတွေဖြေပေးလိုက်နဲ့ ဖုန်းဆော့ဝဲတစ်ခုကို ကောင်းကောင်းအသုံးချဖြစ်နေပါပြီ။

ဖေ့ဘုတ်သိပ်မသုံးဖြစ်တော့ဘူး Green Way မှာတော့ ညတိုင်းကြည့်ဖြစ်တယ်ဗျ။ ဖေ့ဘုတ်သုံးတာကျ စုံတော့ တအားအာရုံတွေများလို့ Green Way ပဲကြည့်ဖြစ်တာ။

    လေ့လာစရာဗဟုသုတတွေကို  ဖေ့ဘုတ်သုံးရင်း  စသိခဲ့ပေမယ့် အခုအချိန်မှာတော့ လိုချင်တဲ့စိုက်ပျိုးနည်းပညာတွေအတွက် အာရုံနောက်မခံတော့ပါဘူး။ ဖုန်းဆော့ဝဲတွေကို ရွေးချယ်သုံးတတ်သူတစ်ယောက် ဖြစ်နေပါပြီ။

ကျွန်တော် နဂိုကဆိုရင် နေပီယာမြက်ကို ဘာမှမသိဘူးပေါ့နော်။ ခု Green Way သုံးပြီး တော့ မွေးမြူရေးက နွားအကြောင်းကြည့်ဖြစ်တယ်။ နေဗီယာမြက်အကြောင်း သိလာရတယ်။ ဒီလိုနဲ့ မျိုးအကြောင်းစုံစမ်းပြီးစိုက်ထားတယ်။ ခုဆို နေဗီယာမြက်နဲ့ နွားတွေတော်တော်အဆင်ပြေနေပြီ နွားကျွေးဖို့ မပူရတော့ဘူးပေါ့ဗျာ။

    တော်တော်များများက အင်တာနက်သုံးတယ်ဆိုတာကို ဖေ့ဘုတ်သုံးတာလို့ပဲ မြင်နေကြသေးတဲ့အချိန်မှာ ကိုဇော်ထက်အောင်လို ကိုယ်လိုချင်တာအတွက် ရွေးချယ်အသုံးချတတ်သူတွေလည်း ရှိနေပါပြီ။ 

နေပီယာမြက်တွေစိုက်ထားတာကြာပြီ။ အမေးအဖြေမှာလဲ မေးဖြစ်တယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးတယ်ဗျ။ ဒီလိုနဲ့ ကျွန်တော်ဆက်သွယ်ပြီး စိုက်ဖြစ်ခဲ့တာ။ ခုရွာထဲမှာလည်း မျိုးတွေပြန်နေ့ပြီ။ ကျွန်တော့ဆီကနေလည်း ပေးတယ်လေ။ ကျွန်တော်တို့ဆီမှာတော့ နေပီယာမြက်နဲ့တင် နွားမွေးတဲ့လူတွေအဆင်ပြေနေတယ်

လို့ပြောပါတယ်။

    အစိမ်းရောင်လမ်းအနေနဲ့လည်း တောင်သူတွေအတွက် စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ သီးသန့်လေ့လာလို့ရတဲ့ ဆော့ဝဲလေးတစ်ခု  ဖြစ်ခွင့်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်ရပါတယ်ဗျာ….

    ကိုဇော်ထက်အောင်လို ဆောင်းပါးတွေဖတ်တဲ့ အခြေအနေကနေ လက်တွေ့အသုံးချဖြစ်တဲ့အဆင့်ထိ တိုးတက်နေသူတွေရှိရင်လည်း ပြောပြပေးသွားပါအုံးနော်။ ဂုဏ်ပြုချင်လို့ပါဗျို့…..

    စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာ အင်တာနက်ကို ကောင်းကောင်းအသုံးချပြီး နည်းပညာတွေလေ့လာ၊ လက်တွေ့လည်းလုပ်၊ ကျေးရွာကိုလည်းမျှဝေ၊ အမေးအဖြေတွေပါ ပါဝင်ဖြစ်နေတဲ့ ခေတ်မီတဲ့ တောင်သူလူငယ်တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ရေးသားဖော်ပြလိုက်ရပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်