ရွှေပေါ်ကျွန်းရပ်ကွက်၊ ရွှေဘိုမြို့မှ ငါးမွေးတောင်သူ ဒေါ်သန်းညွန့်၏ အောင်မြင်မှုအပိုင်းကဏ္ဍများ

19/07/2019 11:30 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    မိသားစု၏ အဓိကဝင်ငွေရလမ်းများဖြစ်သည့် ငါးမွေးမြူခြင်းနှင့် ငါးရောင်းချခြင်းအလုပ်ကို နှစ်ပေါင်း (၂၀) ကြာ လုပ်ကိုင်နေသည့် ဒေါ်သန်းညွန့်သည် ငါးမွေးကန်စုစုပေါင်း (၄) ဧကရှိပြီး ရွှေပေါ်ကျွန်းရပ်ကွက်၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းတွင် မိသားစုဝင် (၄) ဦးနှင့်အတူ လုပ်ကိုင်လျက်ရှိပါသည်။ သူမသည် ငါးမြစ်ချင်းများကို ငါးဆားနယ်ထုတ်လုပ်ရန် နှစ်အတော်ကြာ မွေးမြူခဲ့သည်။ ကန်ထဲတွင် အမြောက်အများထည့်သွင်းမွေးမြူပြီး (၁) နှစ်ကြာ အစာပုံမှန်ကျွေးခြင်းမရှိသောကြောင့် ဖမ်းဆီးရောင်းချချိန်တွင် ငါးတစ်ကောင်၏အလေးချိန်မှာ (၅) ကျပ်သားမျှသာရှိပြီး တစ်ပိဿာလျှင် (၂၂၀၀) ကျပ် ရရှိပါသည်။

    ၂၀၁၈ ခုနှစ် INLAND Myanmar Sustainable Aquaculture Programme (INLAND MYSAP) စီမံကိန်း၏ စံပြငါးမွေးတောင်သူအဖြစ် ဒေါ်သန်းညွန့်ကို ရွေးချယ်ခဲ့ပါသည်။ INLAND MYSAP သည် Myanmar Sustainable Aquaculture Programme (MYSAP) စီမံကိန်းများထဲမှ စီမံကိန်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာနတို့မှ ရန်ပုံငွေပံ့ပိုးထားပါသည်။ ရွှေဘိုမြို့နယ်တွင်  INLAND MYSAP သည် BRAC Myanmar ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများအား ပံ့ပိုးခြင်းနှင့် ငါးမွေးမြူသည့်နည်းပညာ သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    စီမံကိန်းနှင့် လက်တွဲပြီး (၈) လအတွင်းတွင်  BRAC Myanmar ဝန်ထမ်းများမှ သူမ၏ငါးမွေးကန်တွင် တိုးတက်ကောင်းမွန်သည့် မွေးမြူနည်းစနစ်များကို သင်တန်းပို့ချခဲ့သည်။  INLAND MYSAP စီမံကိန်း၏ စံပြငါးမွေးတောင်သူအနေဖြင့် ကန်ပြုပြင်စရိတ်များအပါအဝင် ထုံးအသုံးပြုခြင်း၊ ငါးသားပေါက်ထည့်သွင်းခြင်းနှင့် ငါးအစာပံ့ပိုးခြင်းများကို စီမံကိန်းမှ ပံ့ပိုးခဲ့ပြီး ငါးမြစ်ချင်းအကောင်ရေ (၆၀၀) နှင့် ထိုင်းငါးခုံးမ အကောင်ရေ (၂၀၀) ကို ၂၀၁၈ ဩဂုတ်လတွင် (ဝ.၂၆) ဧက ကန်အရွယ်အစား၌ ထည့်သွင်းမွေးမြူခဲ့ပါသည်။ 

    စီမံကိန်းမှပေးသည့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူသည့် နည်းပညာသင်တန်းများနှင့် လူ့အာဟာရတိုးတက်ခြင်း သင်တန်းများကို ရရှိခဲ့ပြီးနောက် ဒေါ်သန်းညွန့်သည် ရေအရည်အသွေး pH အခြေအနေစစ်ဆေးခြင်း၊ သဘာဝအစာရရှိမှု စစ်ဆေးခြင်း၊ ငါးနမူနာတိုင်းခြင်းနှင့် အစာကျွေးရန် ငါးအစာတွက်ချက်ပုံများကို သိရှိလာပြီဖြစ်သည်။ ငါးများကို အစာကျွေးသည့်အခါတွင်လည်း အလေအလွင့်နည်းပါးစေရန် အစားများကို အစာဗန်းများ (ဇာပြာ) ဖြင့် ရေအောက်တွင် နေရာ(၃) နေရာပြုလုပ်၍ ကျွေးသည်။ ကန်ဘောင်တွင်လည်း စီမံကိန်းမှပေးသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားပြီး မိသားစုဝင်များက တစ်နေ့တာအာဟာရ မျှတစွာပါဝင်စေရန် ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ချက်ပြုတ်စားသုံးလျက်ရှိပါသည်။ 

     စီမံကိန်းမှပေးသည့် နည်းပညာများဖြင့် မွေးမြူသည့် သူမ၏ငါးများသည် ကြီးထွားနှုန်းမြန်သောကြောင့် (၈) လတာကြာပြီး ဖမ်းဆီးရောင်းချသည့်အချိန်တွင် ပျမ်းမျှငါးတစ်ကောင်၏အလေးချိန်မှာ (၃၅) ကျပ်သားရှိနေပြီဖြစ်သည်။ (ဝ.၂၆) ဧက ကန်အကျယ်အဝန်းအတွက် ရရှိခဲ့သည့် အကျိုးအမြတ်များကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။ ဒေါ်သန်းညွန့်သည် အသားတင်အမြတ် ၃၀၉,၅၃၂.၅ ကျပ်နီးပါး ရရှိခဲ့ပြီး ရေရှည် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းကို စီမံကိန်းကပေးသည့် နည်းစနစ်များနှင့် ဆက်လက်၍ မွေးမြူသွားမည်ဖြစ်ပါသည်။ 

ယခုဆောင်းပါးကို INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်