ဈေးကွက် ဦးမော့လာသည့် သကြား၊ ပြောင်း၊ နှမ်း

26/12/2023 14:00 PM တွင် AMIA AMIA မှ ရေးသား

အယ်နီညိုရာသီဥတုကို ရင်ဆိုင်ရန် ပြင်ဆင်နေသည့် အာဆီယံ နိုင်ငံအချို့၏ ဝယ်လိုအား ကမ်းလှမ်းချက်များကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သော သကြား ၊ ပြောင်း ၊နှမ်း ဈေးကွက် ပြန်လည်ဦးမော့လာပါတယ်။

  1. ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်အခွန်သက်သာခွင့်ကြောင့် တင်ပို့ရောင်းချရေး တိုးမြှင့်မည့် သကြား၊
  2. ထိုင်း၊ တရုတ်၊ ဗီယကိနမ်နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့သော ပြောင်း
  3. တရုတ်နိုင်ငံမှဝယ်လိုအားရှိနေသောနှမ်းတို့က လက်တလော ပြည်တွင်းဈေးကွက်မှာ ဈေးအတက်ဘက်ကို ဦးတည်နေပါတယ်။

သကြားဈေးကွက်

  • နိုင်ငံတကာဈေးကွက်တွင် သကြားဈေးမြင့်တက်ချိန် နိုင်ငံအတွင်း သကြားလက်ကျန်နည်းနေခြင်းကြောင့် ပြည်တွင်း သကြားဈေးနှုန်းပါအနည်းငယ် လိုက်ပါမြင့်တက်လာပါတယ်။
  • ထိုကြောင့် ရန်ကုန်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃၈၇၀ ကျပ်မှ ၃၉၀၀ ကျပ်ဈေးပေါက်လာနေပြီး လက်လီဈေးကွက်မှာ ၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။
  • မြန်မာ့သကြားကို ဝယ်ယူဖို့ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေက ထပ်မံကမ်းလှမ်းတာတွေရှိလာလို့ ဒီနှစ်မှာ ပြည်ပကို သကြားတင်ပို့မှုအပိုင်း အရင်နှစ်ကထက်ပိုတိုးပြီး ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။
  • ပြည်ပကို သကြားတင်ပို့မှု မြင့်တက်လာမှုနဲ့အတူ မြန်မာ့သကြားဈေးကလည်း အများကြီးကျဆင်းနိုင်ဖွယ်မရှိသလို ထပ်မံမြင့်တက်လာနိုင်ဖွယ်လည်းမရှိကြောင်း ၊ ပြည်ပတင်ပို့ရာမှာလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံသည့် ပမာဏကိုသာတင်ပို့တာဖြစ်လို့ ပြည်တွင်း လိုအက်ချက်လည်းပြည်မီမှာ ဖြစ်တယ်လို့သိရပါတယ်။
  • မြန်မာ့သကြားဈေးကွက်ဟာ ကမ္ဘာ့သကြားဈေးအတက်အကျနဲ့ ပြည်တွင်း သကြားလက်ကျန်အနည်းအများအပေါ်မူတည်ပြီးသာ ဈေးနူန်း အပြောင်းအလဲရှိနေတာဖြစ်ပါတယ်။

ပြောင်းဆံဈေးကွက်

  • မြန်မာ့ပြောင်းဆံဈေးနူန်းက ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ငွေလဲနူန်း ၂၁၀၀ ရာနဲ့ လဲလှယ်ဖို့ ဖြေလျှော့မှုအပြီးမှာ ဈေးပြန်တက်လာပါတယ်။
  • ထိုကြောင့်အရင်က ပြောင်းဆံတစ်ပိဿာကို  ၁၀၅၀ မှ ၁၀၇၀ ဈေးတန်းရှိရာကနေ လက်ရှိရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၀၀ မှ ၁၁၂၀ ကျပ် ဈေးပေါက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။
  • ဗဟိုဘဏ်ဖြေလျှော့မှုအပြီးမှာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်တွေအသင်းနဲ့ ဗီယက်နမ်၊ ထိုင်း၊ တရုတ်က ကုမ္ပဏီ ၇ ခုအကြား ပြောင်းတန်ချိန် ၇ သိန်းတင်ပို့ဖို့လည်း MOU ရေးထိုးခဲ့ပါတယ်။
  • နှစ်စဉ်ပြောင်းဈေးကွက်အခြေအနေအရ ဒီဇင်ဘာလကုန်နှစ်ဆန်းပိုင်းအချိန်ဟာ ပြောင်းဈေးကွက် လှုပ်ခတ်လေ့ရှိတာကြောင့် မကြာခင် ပြောင်းဈေးကွက်က ထပ်ပြီးတက်လာနိုင်တယ်လို့ ပြောင်းကုန်သည်တွေကသုံးသပ်ပါတယ်။
  • ဗဟိုဘဏ်ကသာ ပို့ကုန်ရငွေအပေါ် ၃၅ % ၆၅ % စနစ်ကိုသာ ပယ်ဖျက်ပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလျှင် ပြောင်းဆံဈေးကွက်ကို ပိုပြီးတက်လာနိုင်သလို ထိုင်းကို ပြောင်းတင်ပို့မယ့် အခွန်ကင်းလွတ်ခွင့်ကာလဖြစ်တဲ့ ဖေဖော်ဝါရီမှာ မြဝတီ လမ်းကြောင်းပြန်ပွင့်ပြီး နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်မယ်ဆိုရင် ပြောင်းဈေးက အမြင့်ဆုံးကို ပြန်ရောက်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။
  •  နယ်စပ်လမ်းကြောင်းကသာ တင်ပို့ခွင့်မရရှိပါက ပင်လယ်ရေကြောင်းတစ်ခုတည်းကပဲ တင်ပို့နိုင်မှာဖြစ်လို့ ပြောင်းဈေးကွက်က စောင့်ကြည်ရမယ့်အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြောင်းဆံတစ်ပိဿာကို ၉၀၀ ကျော်၊ ရှမ်းမြောက် မှာတော့တစ်ပိဿာကို ၇၀၀ ကျော်သာဈေးပေါက်နေတယ်လို့ သိရပါတယ်။

နှမ်းဈေးကွက်

  • ပြည်တွင်းနှမ်းမျိုးစုံဈေးကွက်မှာ နှမ်းနက်စမုံနက်၊  နှမ်းဖြူရိုးရိုးနဲ့  နှမ်းညိုက ဈေးတက်လာပြီး နှမ်းဖြူ ဂျပန်ကတော့ ဈေးတန်းငြိမ်နေတယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။
  • နှမ်းဖြူကိုလည်း တရုတ်က အခွံချွတ်လုပ်ကိုင်သူတွေက ဝယ်ယူမှုရှိတာကြောင့် ဈေးတန်းကထပ်တက်လာတာဖြစ်တယ်လို့ ကုန်သည်အချို့ကပြောပါတယ်။
  • နှမ်းနက်စမုံကို တရုတ်ဝယ်လက်တွေက ဝယ်ယူရှိပေမယ့် လတ်တလောမှာ အရည်အသွေး၊ အရောင်၊ အက်ဆစ်လွတ်တဲ့နှမ်းကိုသာ ရွေးချယ်ပြီး ဝယ်ယူနေတဲ့အပြင် ဈေးချဝယ်ယူလာတာကြောင့် ဈေးပြန်ကျလာတာဖြစ်ပါ တယ်။
  • မန္တလေးဈေးကွက်မှာ  နှမ်းစမုံနက် ၄၅ ပိဿာ တစ်အိတ်ကို  ၃၆၅၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးကတော့ ၄၅ ပိဿာ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် ၊ နှမ်းညိုက ၂၈၀၀၀၀ ကျပ် ဈေးဖြစ်လာလို့ တစ်အိတ်ကို ၅၀၀၀ ကျပ်စီပြန်တက်လာတာဖြစ်ပါတယ်။ နှမ်းဖြူဂျပန်ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်နဲ့ အရင်ဈေးတန်းမှာပဲ ငြိမ်နေပါတယ်။
  • နှမ်းကို တရုတ်ဘက်ကိုတင်ပို့မှုအနေနဲ့ တာချီလိတ်ကနေတဆင့် တရုတ်ဘက်ကို နယ်စပ်လမ်းကြောင်းကနေသာ  တင်ပို့နေကြတာဖြစ်တယ်လို့သိရပါတယ်။
  • လက်ရှိမှာ မိုးနှမ်းအသစ်တွေက အညာဘက်ကနေသာ ဝင်ရောက်မှုရှိနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် မန္တလေးဈေးကွက်ကို ဝင်ရောက်မှုနည်းနေတဲ့အတွက် ဈေးတန်းကတက်မယ့် အလားအလာရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်