ထုံးကန့် ဆေးရည်သည် ဖျန်းစတွင် သုတ်သင်ဆေး အဖြစ် အစွမ်းရှိ၍ ဖျန်းပြီး အချိန်ကြာသော် ပြိုကွဲ၍ အငွေ့များ ထွက်လာသည်။ ၎င်းသည် ကာကွယ်ဆေးအဖြစ် အစွမ်းထက်သည်။
လိုအပ်သောပစ္စည်များ
- မဖောက်ထုံး - ၁ ပိဿာ (ဖောက်ထုံး - ၁.၃၀ ပိဿာ)
- ကန့်မှုန့် - ၂ ပိဿာ
- ရေ - ၄ ဂါလန် (၁၀ ပိဿာ)
- ထုံး၊ ကန့်နှင့် ရေအချိုးအစားသည် ၁:၂:၁၀ ရှိ၍ ၁-၂-၁၀ ထုံးကန့်ဆေးရည်ဟု ခေါ်ကြသည်။
ဖျော်စပ်နည်း
သောက်ရေအိုးဟောင်းကဲ့သို့သော မြေအိုးတစ်လုံးတွင် ရေ ၁၀ ပိဿာကို ထည့်၍ ဆူအောင် တည်ရသည်။ လောလောလတ်လတ် ဖောက်ပြီးသား မဖောက်ထုံးမှုန့် ၁ ပိဿာ သို့မဟုတ် စနစ်တကျ သိုလှောင်သိမ်းဆည်းထားသော ဖောက်ပြီးထုံးမှုန့် ၁ ပိဿာ ၃၀ ကျပ်သား တစ်မျိုးမျိုးကို ဆူပွက်နေသော ရေထဲသို့ ဖြည်းဖြည်းထည့်၍ မွှေပေးရသည်။ ကန့်မှုန့်နုနု ၂ ပိဿာကို ဆူပွက်နေသော ထုံးရည်ထဲသို့ ထပ်မံထည့်ပြီး မွှေရသည်။ ထုံးနှင့် ကန့်အားလုံး ပြိုကွဲသွားသည်အထိ မွှေပေးရသည်။ ထိုသို့ ထုံးနှင့် ကန့်အားလုံး ပြိုကွဲအောင် မွှေပေးနေရသည့်အချိန်မှာ ၄၅ မိနစ် ၁ နာရီထိ ကြာသည်။ ၁ နာရီထက်ပို၍ မကြာစေရပါ။ ဆေးအာနိသင် လျော့နည်းသွားတတ်သည်။ ဆူပွက်နေစဉ် ရေမျက်နှာပြင်လျော့နည်းသွားတတ်၍ မူလ ရေမျက်နှာပြင်ထိ ရေပမာဏ ရှိနေစေရန် ရေကို နည်းနည်းခြင်း ထပ်ထပ်ထည့်ပြီး မွှေပေးရသည်။ သတ်မှတ်ချိန်စေ့သောအခါ အအေးခံပြီး ပိတ်ကျဲစဖြင့် စစ်ယူရသည်။ သင့်တော်ရာ အိုးတစ်လုံးထဲတွင် ထည့်၍ အပေါ်ယံမှ ရေနံဆီလောင်းထည့်ပေးကာ လေလုံအောင် သိမ်းဆည်းထားရသည်။ ထုံးကန့်ဆေးရည်သည် လေနှင့်တွေ့ထိပါက ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ဖြစ်ပြီး အငွေ့ပျံတတ်သည်။ ထို့ကြောင့် လေလုံအောင် သိမ်းဆည်းရသည်။
ဤထုံးကန့်ဆေးရည် ၁ ဆ ကို ရေ ၉၉ ဆမှ ၁၈၀ ဆခန့်ထိ ရောပြီး ပက်ဖျန်းနိုင်ပါသည်။
ကာကွယ်နိုင်သည့်ဖျက်ပိုးများ
ပျ၊ ဒက်ပိုး၊ အကြေးပိုး၊ မွှားပင့်ကူနီတို့အပြင် အချို့သော ရောဂါများကိုလည်း ကာကွယ်နိုင်ပါသည်။
ကာကွယ်နိုင်သည့် ရောဂါ
- ဖားဉမှိုရောဂါများ (သီးနှံစုံ)(ဗူး၊ ဖရုံ၊ သခွား မပါ။)
- မှည့်ပျောက်စွန်းရောဂါများ
- ကြက်သွန်တောက်တဲ့မီးရောဂါ
- ပန်းသီးကြေးဖတ်နှင့် အညိုပုတ်ရောဂါ။
မှတ်ချက်
- ဆေးများလျှင် အပင်လောင်နိုင်ပါသည်။
- ဗူး၊ ဖရုံ၊ သခွားပင်များအား မဖျန်းရ။
- အလွန်အေးသော ရာသီနှင့် ၉၀ ဒီဂရီဖာရင်ဟိုက်ထက်ပူသော ရာသီတွင် မဖျန်းရ။
Source - သြဂဲနစ် စိုက်ပျိုးရေးနည်းပညာများ (ပါမောက္ခ ဒေါက်တာမြင့်လွင်)
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator