အရွယ်တူစက် ဝိုင်း ၃ ခုနှင့်ပုံ ဖေါ်ထားတဲ့ Three Rings Model ရဲ့အားနည်းချက်အကြောင်းပြောခဲ့ပြီး ပါပြီ။ ပြန်ကောက်ရရင် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု (economy)၊ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ (Society) နှင့် သဘာဝပတ်ဝန်းကျင် (Environment) တွေကို သီးခြားရပ်တည် နေပြီး အရေးပါအရာရောက်မှုခြင်းတူညီကြတဲ့ နယ်ပယ်တွေအဖြစ်ယူဆခဲ့ကြတာပါ။ အကျိုးဆက်ကတော့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဟာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေ (Society) နှင့် သဘာဝပတ်ဝန်းကျင် (Environment) တွေကိုအင်အားကောင်းကောင်းနဲ့လွှမ်းမိုးထား တဲ့အပြင် ပေါ်လစီတွေချမှတ်၊ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အခါတွေမှာ နိုင်ငံစုံကော်ပိုရေးရှင်းတွေ (multi-nationals cooperations) ကလွှမ်းမိုးထားတဲ့အပြင် သူတို့က အစိုးရတွေကိုပါ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားနိုင်ပါတယ်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကလည်း စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ အဓိက ဇောင်းပေးထားပြီး လူ့အဖွဲ့စည်းနှင့် သဘာဝပတ်ဝန်းကျင်ကို စီးပွါးရေးအကျိုးအမြတ်အတွက် အရင်းအမြစ် အနေနဲ့သာ အဖြည့်ခံ အနေနဲ့ သဘောထားပါတယ်။ ပကတိအရှိတရားကတော့ ဒီသဘောနှင့်မတူပါဘူး။ လူ့အဖွဲ့အစည်းမရှိဘဲ လူတစ်ယောက်ချင်းစီဟာ မရှင်သန်နိုင် (ဒါမှမဟုတ်) ဒီနေ့လူ့အဆင့်အတန်းကို ရောက်နိုင်သလို လူ့အဖွဲ့အစည်းဆိုတာကလည်း သဘာဝပတ်ဝန်းကျင် ဆိုတာကြီး ထဲမှာသာ ဖြစ်တည်နေတာပါ။ ပြီးတော့ လူဆိုတာမရှိရင် Economy ဆိုတဲ့စီးပွါးရေးလုပ်ဆောင်ချက် တွေလည်းရှိတော့မှာ မဟုတ်ပါဘူး။လူတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေက သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိနေပါတယ်။ ကျနော်တို့ရဲ့လိုအပ်ချက်တွေ (အပူ၊ အလင်း၊ အစားအသောက်၊ အဝတ်အထည်၊ အဆောက်အအုံ အပြင် ဒီနေ့နောက်ဆုံးပေါ်အသုံးအဆောင်ပစ္စည်းတွေကအစ)အားလုံးဟာ သဘာဝ ပတ်ဝန်းကျင်ကရရှိတာဖြစ်ပါတယ်။ နောက်ဆုံး အဲဒါတွေအားလုံး သက်တမ်းကုန်၊ ပျက်စီးလို့ မသုံးတော့ဘူးဆိုရင် သဘာဝပတ်ဝန်းကျင်ဆီကိုပဲပြန်ရောက်ရအုံးမှာပဲ။ ကျနော်တို့ရဲသဘာဝ ပတ်ဝန်းကျင် မရှိဘဲကျနော်တို့ ရှင်သန်လို့မရပေမယ့် ကျနော်တို့ လူတွေမရှိလည်း သဘာဝပတ်ဝန်းကျင်ဆိုတာ ရှိနေမှာပါ။ ဒါကို Bob Gidding က သူ့ရဲ့ Nested Modle နဲ့ပုံဖေါ်ထားပါတယ်။
ဒီပုံမှာ သတိထားရမယ့်သဘောတရားကတော့ Economy ဟာအားလုံးရဲ့ ဗဟိုမှာရှိတဲ့ အရေးအကြီးဆုံး နယ်ပယ်မဟုတ်ပါဘူး။ Economy ဟာ Society ထဲမှာရှိနေပြီး အဲဒီနှစ်ခုလုံးဟာ Environment ထဲမှာ ရှိနေတာ ဖြစ်တယ်လို့ဆိုလိုတာပါ။ ပြီးတော့ Socity နှင့် Environment တို့ဟာ တခြားဖြစ်စဉ်တွေဖြစ်ပေါ်ဖို့ Economy နယ်ပယ်မှာ လာရောက်ထိစပ်ပါတ်သက် တာကိုလည်း သရုပ်ဖော်ပါတယ်။
ဒီတော့ SD/SA ဖြစ်ဖို့ကဓိကသော့ချက်ကတော့ နယ်ပယ်စုံ၊ ကဏ္ဍစုံက ချဉ်းကပ် အကောင်အထည် ဖော်ဖို့ပါပဲ။ ဒါပေမယ့် ဒီလို Models တွေက သဘောတရားတွေကို ထင်သာမြင်သာအောင် ပုံဖော်ထားပေမယ့် လက်တွေ့မှာ နယ်ပယ်တွေဟာ အချင်းချင်းရောထွေး နေပါတယ်။ Bob Gidding ကိုယ်တိုင်ဝန်ခံတာကတော့ Three Rings Model ကနေ Nested Model ကိုပြောင်းမြင်ကြည့်တာဟာ ပိုကောင်းတဲ့သဘောတရား ဖြစ်ပေမယ့် ကျယ်ပြန့်လွန်းတဲ့ လူ့အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ဘောင်ကျဉ်းကျဉ်းလေးထဲ ထည့်ရတာပါပဲတဲ့။ သူနိဂုံးချုပ်ထားတာကတော့ SD/SA ဖြစ်ဖို့ဆိုတာ နည်းပညာတိုးတက်ပြောင်းလဲမှုထက် လူတွေရဲ့ အမူအကျင့် နှင့် သဘာဝလောကကြီးကို လူတွေရှုမြင်ပုံပြောင်းလဲဖို့ပိုလိုအပ်ပါတယ်တဲ့။ ဒီတော့ SD/ SA ဟာ နည်းပညာ (Technology) ထက် သဘောတရား (Philosophy) ပိုဆန်လာပါတယ်။ ဒါကြောင့်လည်း လက်တွေ့နယ်ပယ်မှာ အကောင်အထည်နဲ့ ဒါကတော့ Sustainable Agriculture ရယ်လို့ အပ်ကျမတ်ကျမပြောနိုင်တာထင်ပါတယ်။
ဒါတွေကတော့ ကျနော်နားလည်တဲ့ SD/SA သဘောတရားအခြေခံလေးပါ။ ဒါတွေနှင့်ဆက်စပ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသုံးအနှုန်းလေးတွေရှိပါတယ်…..
ဥပမာ
1. Tragedy of Common
2. Ecocentirc
3. Anthropocentric
4. Technocentric
5. Deep Ecology
6. Shallow Ecology
7. Ecosystem services
အစရှိသဖြင့် …………………………..
Ye Lin Oo
Ref: Environment, Economy and Society: Fitting them into Sustainable Development by Bob Gidding, Bill Hopwood and Geoff O’Brien. 2002. DOI: 10.1002/sd.199.
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်