ရေရှည်တည်မြဲသော စိုက်ပျိုးရေး အပိုင်း(၁)

25/02/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ စိုက်ပျိုးထုတ်လုပ်ရေးကို ရေရှည်တည်မြဲအောင် ဆောင်ရွက်တဲ့ စိုက်ပျိုးရေးစနစ်တစ်ခုဖြစ်ပါတယ်။ ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးမှာ သယံဇာတအားလုံးကို ထိန်းသိမ်းဖို့အတွက် သဘာဝဖြစ်စဉ်များနဲ့အတူ လှုံ့ဆော်တဲ့ ဒီဇိုင်းနဲ့ စီမံခန့်ခွဲမှုတို့​ပါဝင်ပြီး စွန့်ပစ်ပစ္စည်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကို အနည်းဆုံးဖြစ်စေကာ တစ်ချိန်တည်းမှာ စိုက်ခင်းအကျိုးအမြတ်ရရှိမှုကို တိုးမြင့်စေရပါမယ်။ သဘာဝမြေကြီးနဲ့အတူ အလုပ်လုပ်ရတာဟာ အထူးအရေးကြီးပါတယ်။ ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးစနစ်များကို တည်ရှိနေတဲ့ မြေကြီးရဲ့အာဟာရနဲ့ ရေစီးဆင်းမှုတွေ၊ စွမ်းအင်စီးဆင်းမှုနဲ့ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် မြေကြီးသက်ရှိတွေရဲ့ အကျိုးတရားကို အများဆုံးရရှိဖို့ ပုံစံထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုစနစ်တွေဟာ လူ့ကျန်းမာရေးကိုထိခိုက်စေတဲ့ ထုတ်ကုန်တွေမရှိဘဲ အာဟာရရှိတဲ့ စားနပ်ရိက္ခာများကို ထုတ်လုပ်ဖို့ရည်ရွယ်ပါတယ်။

လက်တွေ့ ဒီလိုစနစ်တွေမှာ ဓါတုမြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေနဲ့ တိရစ္ဆာန်အစားအစာ ဆိုးဆေးတွေ အသုံးပြုတာကို ရှောင်ရှားဖို့ ရည်ရွယ်ပါတယ်။ ဒီပစ္စည်းတွေကို ပြန်လည်ပြီး အသစ်မရနိုင်တဲ့ သယံဇာတာတွေအပေါ်  ၄င်းတို့ရဲ့ မှီခိုမှု၊ ပတ်ဝန်းကျင်အတွင်း ပျက်စီးမှုအလားအလာနဲ့ ၄င်းတို့ရဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ တိရစ္ဆာန်တွေနဲ့ လူ့ကျန်းမာရေးတို့အပေါ်  ထိခိုက်နိုင်မှုအလားအလာတို့ကို အခြေခံပြီး ငြင်းပယ်ပါတယ်။ ဥပမာအနေနဲ့ ဓါတုမြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေဟာ ယေဘုယျအားဖြင့် မြေကြီးထဲက ဇီဝဆိုင်ရာလှုပ်ရှားမှုတွေကို ဖိနှိပ်ပါတယ်။ အချို့အပင်ကြီးထွားဆေးတွေနဲ့ အစားအစာဆိုးဆေးတွေဟာ သစ်ရွက်စိမ်းတွေကို ဆွေးမြေ့စေရာမှာ အတားအဆီးဖြစ်စေပြီး လူ့ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေဖို့ အလားအလာရှိပါတယ်။ အဲလို လုပ်မဲ့အစား ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးစနစ်များဟာ သီးလှည့်စိုက်ပျိုးတာ၊ သီးနှံအကြွင်းအကျန်တွေ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ၊ ပဲမျိုးရင်းဝင်တွေ၊ သစ်စိမ်းမြေသြဇာတွေနဲ့ စိုက်ခင်းပြင်ပ အော်ဂဲနစ် စွန့်ပစ်ပစ္စည်းတွေ၊ သင့်တော်တဲ့ လက်နဲ့ စိုက်ပျိုးခြင်းတွေနဲ့ မြေကြီး ဇီ၀လှုပ်ရှားမှုကို အမြင့်ဆုံးဖြစ်စေဖို့နဲ့ မြေဆီအာဟာရနဲ့ ထုတ်လုပ်နိုင်စွမ်းအားကို ထိန်းသိမ်းပေးတဲ့ ကျောက်ခဲတွေပါတဲ့ သတ္တုတွေအပေါ်မူတည်ပါတယ်။ သဘာဝ၊ ဇီဝနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကာကွယ်နှိမ်နင်းနည်းတွေကို ဖျက်ပိုးတွေ၊ ပေါင်းတွေနဲ့ ရောဂါတွေကို ကာကွယ်နှိမ်နင်းရာမှာ အသုံးပြုကြပါတယ်။

ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးအယူအဆဟာ တော်တော်ကြာပါပြီ။ အရင်ဆုံး သီးနှံကို စိုက်ပျိုးပြီး တိရစ္ဆာန်တွေကို ခြံခတ်မွေးတာကြောင့် လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် သူတို့ရဲ့ ထုတ်ကုန်အထွက်တွေကို အတူတူဖြစ်ဖို့ ဒါမှမဟုတ် အထွက်ပိုတိုးဖို့ သေချာစေရန် ကြိုးစားကြပါတယ်။ ဒီ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးဓလေ့ကို တည်ဆောက်ဖို့ အယူအဆကို လူသိများအောင် များမကြာမီက ကြိုးစားလာကြပါတယ်။ 

ရေရှည်တည်မြဲသော စိုက်ပျိုးရေး၏ အဓိပ္ပါယ်သတ်မှတ်ချက်များ

ခေတ်သစ်အဓိပ္ပါယ်သတ်မှတ်ချက် − ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ 

(၁) စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်ခြင်းရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အလားအလာရှိနိုင်စွမ်း

(၂) သဘာဝသယံဇာတအခြေခံနဲ့

(၃) စိုက်ပျိုးရေးဆိုင်ရာအလေ့အထများက လွှမ်းမိုးထားတဲ့ အခြားစီးပွားရေးစနစ်များကို ထိန်းသိမ်းပေးတဲ့ ဒါမှမဟုတ် တိုးမြှင့်ပေးတဲ့ စိုက်ပျိုးရေးစနစ်များနဲ့ အလေ့အထများကို အသုံးချခြင်းဖြစ်ပါတယ်။ 

ဒီအဓိပ္ပါယ်သတ်မှတ်ချက်ကို အောက်ပါ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးရဲ့ အချို့အခြေခံ သဘောတရားများနဲ့ ထပ်ပေါင်းထည့်နိုင်ပါတယ်။ 

(၁) အဲဒီထုတ်လုပ်နိုင်စွမ်းဟာ ရေရှည်တိုးတက်စေရပါမယ်။ 

(၂) ဘဘာဝသယံဇာတအခြေခံနဲ့ စီပွားရေးစနစ်များအပေါ်  ဆိုးကျိုးသက်ရောက်ခြင်း နည်းအောင် လုပ်ရပါမယ်။ ဒါမှမဟုတ် ရှောင်ရှားရပါမယ်။

(၃) စိုက်ပျိုးရေးမှာ ဓါတုပစ္စည်းတွေအသုံးပြုခြင်းက ရရှိလာတဲ့ ဓါတ်ကြွင်းတွေဟာ အနည်းဆုံး ဖြစ်ရပါမယ်။

(၄) စိုက်ပျိုးရေးကနေ (ငွေကြေး ဒါမှမဟုတ် ငွေကြေးမဟုတ်တဲ့ စကားရပ်နှစ်ခုစလုံးဖြင့်) အသားတင် လူမှုရေးဆိုင်ရာအကျိုးကျေးဇူးဟာ အများဆုံးဖြစ်ရပါမယ်။

(၅) အဲဒီ စိုက်ပျိုးရေးစနစ်တွေဟာ ရာသီဥတုနဲ့ စျေးကွက်တွေရဲ့ ပြောင်းလဲခြင်းနဲ့ ဆက်နွယ်တဲ့ အန္တရာယ်အလားအလာတွေကို စီမံခန့်ခွဲဖို့ လိုက်လျောညီထွေရှိရပါမယ်။ 

လူအနည်းစုကတော့ ရေရှည်တည်မြဲနိုင်စွမ်းရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အခြေခံသဘောတရားတွေဟာ လုံးဝမထိုက်တန်ဘူးဆိုပြီး စောဒကတက်ကောင်းတက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ မေးခွန်းကတော့ ရေရှည်တည်မြဲနိုင်စွမ်းဆိုတာကို ကျွန်တော်တို့ ဘယ်လို တိုင်းတာကြမလဲဆိုတာပါပဲ။

ရေရှည်တည်မြဲသော စိုက်ပျိုးရေးအပေါ် ကမ္ဘာလုံးဆိုင်ရာအမြင် 

အဓိပ္ပါယ် (၁) − စိုက်ပျိုးရေးဟာ ဂေဟသဘောတရားအားဖြင့် ကောင်းမွန်ပြီး စီးပွားရေးအရ အလားအလာရှိကာ လူမှုအသိုင်းအဝန်းမှာ တရားမျှတပြီး ယဉ်ကျေးမှုအရ သင့်တော်ကာ သိပ္ပံနည်းကျချဉ်းကပ်နည်းကို လုံးလုံးလျားလျား အခြေခံတဲ့အခါ ရေရှည်တည်မြဲပါတယ်။ (NGO, Sustainable Agriculture Treaty , 1992).

အဓိပွါယ် (၂) – (မြေကြီး၊ ရေ၊ အပင်တွေ၊ ဒေသတွင်းအပင်တွေနဲ့ တိရစ္ဆာန်တွေနဲ့ လူသားလုပ်အား၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတို့လို) ဒေသတွင်းရနိုင်တဲ့ သဘာဝနဲ့ လူသားအရင်းအမြစ်တွေကို သင့်တော်စွာ အသုံးပြုထားတဲ့စိုက်ပျိုးရေးဟာ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးဖြစ်ပြီး ၄င်းဟာ ဂေဟဆိုင်ရာအားဖြင့် ဖြစ်မြောက်နိုင်ရမည်ဖြစ်ကာ စီးပွားရေးအရ ကောင်းမွန်ပြီး ယဉ်ကျေးမှုအရ လိုက်လျောညီထွေရှိကာ လူမှုအသိုင်းအဝန်းမှာ တရားမျှတရပါမယ်။ (Reijntjes, Haverkort and Waters-Bayer, Farming for the Future , 1992).

အဓိပ္ပါယ် (၃) − ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ သဘာဝသယံဇာတအခြေခံကို စီမံခန့်ခွဲခြင်းနဲ့ ထိန်းသိမ်းခြင်းဖြစ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်တွေရဲ့ လူသားလိုအပ်ချက်တွေကို ရရှိနိုင်မှုနဲ့ ဆက်လက်ကျေနပ်မှုတို့ကို သေချာစေတဲ့ နည်းပညာနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ပြောင်းလဲမှုတို့ကို ဦးစားပေးရပါမယ်။ ဒီလို (စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းအခန်းကဏ္ဍတွေမှာ) ရေရှည်တည်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြေ၊ ရေ၊ အပင်နဲ့ တိရစ္ဆာန် ဗီဇရင်းမြစ်များကို ထိန်းသိမ်းထားကာ ပတ်ဝန်းကျင်မှာ အဆင့်အတန်း မနိမ့်ကျစေဘဲ နည်းပညာအရသင့်တော်ကာ စီးပွားရေးအရ အလားအလာရှိပြီး လူမှုအသိုင်းအဝန်းက လက်ခံနိုင်ရပါမယ်။   (Document CL 94/6 94th Session of the FAO Council ,1988).

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏အခြားသောစိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်