တန်ဖိုးကြီးငါးစီဖောင်းနှင့် အသုံးဝင်မှုများ

12/10/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးစီဖေါင်းကို အင်္ဂလိပ်လို Swimbladder (or) Air Bladder(or) Fish Maw ဟု ခေါ်ဆိုကြသည်။ ငါးစီဖောင်းကို ပင်လယ်ပိုင်းဒေသနှင့် ဆက်စပ်နေသော ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိတဲ့ နေရာဒေသတွေမှာသာ တွေ့ရများပါသည်။ ငါးစီဖေါင်းသည် အရိုးမာငါးအုပ်စု (Bony Fish) တွေမှာ အများစုပါရှိကြပြီး စီဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုးကြီးမြင့်ကြပါသည်။

    ငါးစီဖောင်းမှန်သမျှ စျေးကောင်းပြီး ဆေးဘက်ဝင်ကြပါသည်။ ငါးစီဖောင်းများတွင် ငါးပုတ်သင် (croaker) အုပ်စုဝင်ဖြစ်သော ကသမျှင်ငါးမှရသော ကသမျှင်ငါးစီဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဘက်ဝင်ကြပါသည်။

    ပင်လယ်အောက်ခြေတွင် တွင်းတူးနေထိုင်သောငါး၊ အရိုးမာငါးတစ်ချို့နှင့် အရိုးနုငါးများတွင် ငါးစီဖေါင်းများ မပါရှိကြပါ။ အရိုးနုငါး ငါးမန်း၊ ငါးလိပ်ကျောက်များတွင်လည်း လေစီဖောင်းမပါရှိကြဘဲ သူတို့အသည်းတွင်ရှိသော အဆီသိုလှောင်မှုမှာ ကိုယ်ထည်ပေါ့ပါးကာ ရေအနက်တွင် ထိန်းညှိနိုင်ကာရေပေါ် ပေါ်စေနိုင်ပါသည်။

    သို့သော် ငါးအများစုမှာ ငါးစီဖောင်းပါရှိခြင်းကြောင့် ရေမျက်နှာပြင်မှ နက်ရှိုင်းသော ရေအောက်လွှာအထိ ကိုယ်ထည်ထိန်းညှိကာ သွားလာနိုင်ကြသည်။ Drums and Croakers ဟုအမည်တွင်သော ငါးပုတ်သင်/ငါးပျက်အုပ်စုဝင် ငါးများသည် လေစီဖောင်းမှ အသံထုတ်ကာ မျိုးတူငါးများအချင်းချင်း ဆက်သွယ်သွားလာကြပါသည်။

    ငါးစီဖေါင်းသည် အရိုးမာငါးများကို ရေပေါ်တွင်ပေါ်စေရန်အတွက် ထိန်းချုပ်ပေးခြင်းကို အဓိကဆောင်ရွက်ပေးပါသည်။

    ထို့ပြင် ငါးအများစုသည် လေစီဖောင်းသွားရမည့် ရေအတိမ်အနက်ကို ဆုံးဖြတ်ကာ အသံကိုထုတ်လွှတ်ခြင်း၊ အသံကိုပြန်ကြားစေခြင်းဖြင့် အကြားအာရုံနှင့် ဆက်နွယ်ပေးကာ သွားလိုရာကို ဆောင်ရွက်ပေးပါသည်။

    စီဖောင်းပါငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏရှိပြီး ရေငန်ငါးတွင် ၇ % ရှိကြသည်။ အချို့ငါးများတွင် ၄င်းထက် ပိုကြီးကြပါသည်။

    ငါးစီဖေါင်းပါသော စားသောက်ကုန်များသည် အသားဓာတ်(protein) ကြွယ်ဝစွာ ပါရှိကြပါသည်။ ငါးစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အဖြစ်လည်း အသုံးပြုလို့ရပါသည်။

    တရုတ်လူမျိုးများမှာ ငါးစီဖေါင်းကို စွပ်ပြုတ်အဖြစ်စားသုံးကြသလို ဟင်းသီးဟင်းရွက်နှင့်ရောကာ စီဖောင်းနှပ်၊ စီဖောင်းကြော်၊ စီဖောင်းသုပ်ဟူ၍လည်း ပြုလုပ်စားကြပါသည်။

    ပင်လယ်ပိုင်းဒေသတွေမှာ အလှူအတန်းပြုလုပ်ပါက ငါးစီဖေါင်းသုပ်ကို ကျွေးမွေးလေ့ရှိကြသည်။ ငါးရောင်၊ ငါးထွေ အစရှိတဲ့ ငါးမျိုးစိတ်တွေမှရရှိသော စီဖောင်းများဖြစ်သောကြောင့် ငါးစီဖောင်းသုပ်ကိုစားရာတွင် စီးစီးပိုင်ပိုင်ရှိပြီး ဝါးရာ၌ ထုတ်ထုတ်လေးနှင့် အရသာထူးလှသော ပင်လယ်စာ ဟင်းလျာတစ်မျိုး ဖြစ်ပေသည်။

    ငါးခြောက်လုပ်ဖို့ ငါးကိုခွဲသောအခါ ငါးစီဖေါင်းများကို သီးခြားဖယ်ထားပြီး နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင် သိမ်းဆည်းစုဆောင်းထားပြီးနောက် စျေးကောင်းကောင်းနှင့် ပြန်လည် ရောင်းချကြပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်