"များများလည်း ထွက်ရမယ် ဈေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"

28/06/2018 10:30 AM တွင် Myanmar Now Myanmar Now မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လက်ဖက် အကြီးအကျယ်စိုက်ပျိုးသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် လက်ဖက်ကို ပိုမိုနည်းစနစ် တကျ ထုတ်လုပ်နိုင်ရန် ဒေသခံတို့က ကြိုးစားနေကြသည်။

ပင်လောင်းလက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းက နည်းပညာရရှိမှုနှင့် ဈေးကွက်အခြေအနေ များအကြောင်း ပြောပြထားသည်။

မေး။    ။ နည်းပညာအသစ်တွေ ရရှိမှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။    ။ တိုးတက်လာတယ်။ အရင်ကဆိုရင် လက်ဖက်ကို ခူးမယ်၊ နယ်မယ်၊ အခြောက်လှမ်းမယ် ပြီးရင် ပွဲရုံမှာ သွားရောင်းမယ် ဒီအဆင့်လောက်ပဲ။ အခုဆို သူတို့ဘာသိလာလဲဆိုတော့ ကိုင်းဖြတ်ရမှာတွေ၊ ကိုင်းပြုပြင်ရင် လက်ဖက်ပိုထွက်လာမှာတွေ ဒါတွေကို တဖြည်းဖြည်းချင်း နားလည်လာတယ်။ လက်ဖက်အစုအဖွဲ့ မဖွဲ့ခင်ရော ဖွဲ့ ပြီးတော့ရော  ကျွန်တော်တို့ ဘယ်သူ့အထောက်အပံ့မှမပါဘဲနဲ့ လက်ဖက်တောင်သူတွေကို သွားရောက် ဟောပြော ခဲ့တာပါ။ ရွာသူရွာသားတွေကို လူစုခိုင်းထားပြီးတော့ လက်ဖက်ကို ကိုင်းဘယ်လိုဖြတ်ရမယ်ဆိုတာ လက်တွေ့ပြ တယ်။ လက်ဖက်လုပ်နည်းအသစ်လည်း သင်ပေးတယ်။ ပြီးတော့ အလှူခံထားတဲ့ ကိုင်းဖြတ်ကတ်ကြေးတွေပါ ဖြန့်ဝေပေးတယ်။

မေး။    ။ နည်းပညာနဲ့ ပတ်သက်ပြီး ဘယ်က အကူအညီရသလဲ။

ဖြေ။    ။ အစုအဖွဲ့ဖွဲ့ပြီးနောက်ပိုင်းမှာတော့ GIZ အဖွဲ့က   စိုက်ပျိုးရေးဌာနနဲ့ ပေါင်းပြီးတော့ ရာသီဥတုနဲ့ ပက်သက်တာကို တစ်နှစ်လောက်ပဲ လုပ်တယ်။ အဲဒါကလည်း ရွာတွေကို သင်တန်း နည်းနည်း ပေးလိုက်တာလောက်ပဲ။  ကြာကြာလုပ်ရင် ပိုကောင်းတာပေါ့။ ရာသီဥတုပူပြင်းလာတော့ လက်ဖက်ခြံတွေမှာ အရိပ်ရပင်တွေ စိုက်ဖို့ ဘာဖို့လောက်ပဲ ပြောခဲ့တော့ တစ်နှစ်စီမံကိန်းဆိုတော့ တော်တော်နည်းတယ်။  ကျန်တဲ့ NGO အဖွဲ့တွေ ပင်လောင်းလာပြီးတော့ ကူညီတာမျိုး မရှိဘူး။

မေး။    ။ တောင်သူတွေကရော နည်းပညာသစ်တွေအပေါ် စိတ်ဝင်စားမှုရှိလား။

ဖြေ။    ။ လက်ဖက်တောင်သူတွေက မိရိုးဖလာနည်းလို့ ပြောရအောင်ကို သူတို့အဘိုးအဘွား လက်ထက်ကတည်းက လုပ်လာတော့ ပြုပြင်ပြောင်းလဲဖို့က အရမ်းခက်တယ်။ အဲဒါကြောင့် ကျွန်တော်ဟောပြောပွဲလုပ်လို့ လူစုခိုင်းရင် လူငယ်၊ လူလတ်ပိုင်းလောက်ပဲ လူစုခိုင်းတယ်၊ အဲဒါမှ သူတို့က အပြောင်းအလဲကို လက်ခံမှာ။ အသက်ကြီးတဲ့ပိုင်းက ဒါတွေကို ပြောင်းလဲဖို့ခက်တယ်။ ပြောင်းလဲရမှာလည်း တအားကြောက်တယ်။ နည်းပညာကိုတော့ သူတို့ စိတ်ဝင်စားကြတယ်၊ သွားဟောလိုက်ပြီးဆိုရင် သူတို့မှာ တအံ့တသြကြီးကို ဖြစ်နေတယ်။  သူတို့ သတင်းရတာ နည်းတော့ သူများဒေသမှာ ဘယ်လိုလုပ်နေတယ်၊ ဘယ်လို ပြုပြင်ပြောင်းလဲဖို့လိုပြီ ဆိုတာကို သွားဟောလိုက်ရင် ဒါကြီးက သူတို့အတွက် အသစ်အဆန်းကြီးဖြစ်နေတယ်။ အခုတော့ ဒါတွေကို သူတို့မြင်လာပြီ။ အားလုံးပြောင်းလဲဖို့ ဆိုရင်တော့ အဆင့်တွေ အများကြီးလိုသေးတယ်။  

မေး။     ။ ဘာတွေပြောင်းလဲဖို့ လိုသေးလဲ။

ဖြေ။     ။ စိုက်ပျိုးတဲ့အခါမှာ အရည်သွေးကောင်းတဲ့ မိခင်ပင်ကို ရွေးချယ်ဖို့လိုတယ်။ ဒါမှ မျိုးစေ့အဖြစ်သုံးမယ့် အသီးက အရည်အသွေးကောင်းမှ စိုက်တဲ့လက်ဖက်ပင်လည်း ကောင်းမှာ။ နောက်တစ်ခုက အတန်းလိုက် စိုက် တဲ့အခါ တောင်စောင်းတွေမှာ ကန့်လန့်စိုက်သင့်တယ်။ ဒေါင်လိုက်စိုက်ရင် မိုးရွာလို့ ရေတိုက်စားတဲ့အခါ မြေဆီ မြေနှစ်တွေ ပါသွားတတ်တယ်။ စိုက်နည်းစနစ်က မှားနေတယ်။ မှားလို့ အဲဒီအပင်တွေ ဖျက်ဖို့ပြောတာ မဟုတ် ဘူး။ လှေခါးထစ်ပုံစံဖြစ်သွားအောင် ပေါင်းပေါက်လိုက်ဖို့လိုတယ်။ အဲဒါဆို အကန့်လိုက်ဖြစ်သွားပြီး မြေဆီလွှာ ထိန်းသိမ်းဖို့လည်း လွယ်သွားမယ်။ နောက် လက်ဖက်ပင်ကို ကိုင်းဖြတ်တဲ့အခါမှာ တချို့က ဓားနဲ့ရမ်းတော့ ကိုင်း ပြတ်တာမညီဘဲ တချို့ကိုင်းတွေက ပုတ်သွားနိုင်တယ်။ လက်ဖက်ခူးတဲ့အခါ အရွက်ကြမ်းကို ခူးတာက ကျွန်တော် တို့မြန်မာနိုင်ငံမှာပဲ ရှိတယ်။ သူများနိုင်ငံက ဈေးနှုန်းကောင်းကောင်းရတော့ နှစ်ရွက်တစ်ညွှန့်ခူးနည်းကို မှန်မှန်ကန်ကန်ခူးတယ်။ ကျွန်တော်တို့ဆီမှာက အရွက်ကြမ်းတွေခူးတယ်။ အရိုးတွေလည်းခူးတယ်။ ဒါကလည်း ခြံရှင်က လက်ဖက်ခူးသမားငှားတော့ ခူးသမားကလည်း အလေးချိန်ရအောင် ပိုခူးတယ်၊ ခူးယူမှုစနစ်မှားတော့ လက်ဖက်အရည်အသွေးလည်း ကျတာပေါ့။ လက်ဖက်စိုက်နည်းစနစ် မှန်မှန်ရယ်၊ ကိုင်းဖြတ်ပြုပြင်ပေးမှုရယ် ပြီးတော့  မှန်မှန်ကန်ကန် ခူးမယ်ဆိုရင် လက်ဖက်အရည်အသွေး ပိုကောင်းလာနိုင်တယ်။ 

မေး။     ။ လက်ဖက်ခြောက်ထုတ်မယ်ဆိုရင် ဘယ်လိုနည်းစနစ်တွေနဲ့ ထုတ်သင့်လဲ။

ဖြေ။     ။ လက်ဖက်ခူးတဲ့စနစ်မမှန်ဘဲ ခူးလာတဲ့ လက်ဖက်တွေကို ပလိုင်းတွေထဲမှာ ထည့်သိပ်ထားတယ်။ ပြီးတော့ ဆာလာအိတ်ထဲမှာ ထည့်သိပ်ထားတယ်။ ပြီးတော့ တစ်နေကုန်ခူးပြီးသား လက်ဖက်တွေကိုမှ ပေါင်းဖို့၊ လှော်ဖို့ စလုပ်တာပေါ့။ တကယ်ဆိုရင် ပလိုင်းပြည့်ပြီဆိုရင် အိတ်ထဲချက်ခြင်းမထည့်ဘဲနဲ့ ဖျာနဲ့ပဲဖြစ်ဖြစ် လက်ဖက်တွေကို ဖြန့်ပြီးတော့ ခင်းထားရမှာ။ ဒါမှ လက်ဖက်က ချဉ်နံ့ပျောက်မှာ။ အိုးထဲ ထည့်လှော်တဲ့အခါမှာလည်း အများကြီးထည့်လှော်ရင် အကျက်မညီတာဖြစ်နိုင်တယ်။ နိုင်သလောက်ပဲ ထည့်သင့်တယ်။ မီးဖိုလုပ်တဲ့အခါမှာ လည်း မီးခံပြားနဲ့ မီးခိုးခေါင်းတိုင်ပါတဲ့ မီးဖိုကိုသုံးသင့်တယ်။ မဟုတ်ရင် လက်ဖက်ခြောက်မဖြစ်ခင်မှာဘဲ လက်ဖက်က မီးခိုးနံ့ထွက်နေတတ်တယ်။ ထွက်လာတဲ့ လက်ဖက်ကိုလည်း အခုကတော့ စက်နဲ့ပဲနယ်ကြတယ်။ ဒီဒေသက ထွက်တဲ့စက်ပေါ့။ စက်ကလည်း တစ်မိနစ်ဘယ်လောက်နှုန်း လည်ပတ်ရမယ်၊ ထည့်သွင်းမဲ့ လက်ဖက်ပမာဏကိုလည်း သေချာတွက်ချက်ရမယ်၊ ဒါတွေလည်းလိုတယ်။ လှော်ပြီးပြီးချင်းလက်ဖက်ကိုလည်း ခဏအအေးခံပြီးမှ နယ်သင့်တယ်။ မဟုတ်ရင် လက်ဖက်အညွန့်တွေ ကျိုးကျေသွားတာ ဖြစ်နိုင်တယ်။ လက်ဖက်လှန်းတဲ့အခါမှာလည်း စင်နဲ့လှန်းသင့်တယ်။ လမ်းပေါ်မှာပဲ ဖျာနဲ့လှန်းရင် အမှုန်အမွှားတွေ၊ မြေကြီးနံ့တွေ၊ ဖုန်တွေ ပါလာတတ်တယ်။ လှော်တဲ့အိုးတွေကိုလည်း မှန်မှန်ဆေးကြောသင့်တယ်။  ဖျာကိုလည်း သန့်သန့်ရှင်းရှင်းထားရမယ်။ တော်တော်များများ မှားနေကြတာက ဖျာဆိုရင် မဲနက်နေမှ။ အဲဒါကလည်း အမှားတစ်ခုပဲ။ အဓိကကတော့ သူတို့လုပ် နေတဲ့စနစ်ကနေ နည်းနည်းလေး ထပ်တိုးပြောင်းလဲလိုက်မယ်ဆိုရင် အဆင်ပြေသွားပြီ။

မေး။     ။ လက်ဖက်အရည်အသွေးကောင်းလာရင် ဈေးကွက်ရောအဆင်ပြေနိုင်မလား။

ဖြေ။     ။ ဈေးနှုန်းက ရွှေဖီချိန်ဆိုရင်တောင် တော်တော် ကောင်းကောင်းသန့်သန့်လေးမှ တစ်ပိဿာ ၅,ဝဝဝ လောက်ပဲ ရတယ်။ ခူးခက တစ်ပိဿာကို ၇ဝဝ ကနေ ၁,ဝဝဝ ကြားရှိတယ်။ အရွက်စိမ်း လေးပိဿာမှ လက်ဖက် ခြောက် တစ်ပိဿာဆိုတော့ နည်းနည်းပဲကျန်တယ်။ ဒီလိုအချိန်ဆိုရင် ရွက်စိမ်းက တစ်ပိဿာ ၅ဝဝ ကနေ ၇ဝဝ ကြားရှိတယ်။ အဲဒီတော့ ခူးသမားနဲ့ ပိုင်ရှင်နဲ့က တစ်ယောက်တစ်ဝက်လိုဖြစ်နေတယ်။ အဲဒီတော့ လက်ဖက် တောင်သူကလည်း ခြံရှိလို့သာ လုပ်ရတဲ့သဘောဖြစ်နေတယ်။ လက်ဖက်ခြောက်တစ်ပိဿာကို ၆,ဝဝဝ အထိ ပေးမယ် လှလှလေးလုပ်ပေးပါဆိုရင် သူတို့လုပ်ကြမှာပဲလေ။ အဲဒါဆိုရင် ထိုင်းမှာ အလုပ်သွားလုပ်နေတဲ့သူတွေတောင် ပြန်လာပြီးလုပ်မှာ။ လက်ဖက်ခြောက် တစ်ရက်ကို နှစ်ပိဿာပဲထုတ်နိုင်ဦးတော့ သူတို့ဝင်ငွေက ၁ဝ,ဝဝဝ နဲ့ ၁၂,ဝဝဝ ကြားမှာရှိနေပြီ။ အခုလိုပုံမှန်ဆိုရင် ၄,ဝဝဝ၊ ၄,၂ဝဝ ပဲရှိတယ်။ ခူးခနှုတ်ပြီးရင် သူ့မှာ ၂,ဝဝဝ ကျော်ပဲ ကျန်မယ်။ ပြီးတော့ ထင်းဖိုးကုန်မယ်၊ စက်နဲ့နယ်ရင်လည်း မီတာခရှိသေးတယ်။ မကိုက်တော့ တခြားနေရာ ထွက်ပြီးတော့ အလုပ်လုပ်ကြရတာပေါ့။ တကယ်တမ်းပြောရရင်တော့ လက်ဖက်ခြောက်က မြေပြန့်ကို မှီခိုနေရတာ။ မြေပြန့်က ကောင်းကောင်းဝယ်ယူသုံးစွဲပြီး၊ ဈေးကောင်းကောင်းလည်းပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဥပမာ နာဂစ်ဖြစ်တုန်းကဆိုရင် လက်ဖက်ခြောက် အရောင်းကျသွားတယ်။ အဓိကက ပြည်တွင်းကို မှီခိုနေရ တာပေါ့။ ပြည်တွင်းမှာသာ အခြားနိုင်ငံက လက်ဖက်ခြောက်တွေ ဝင်လာမယ်ဆိုရင် တောင်သူတွေ ပိုအထိနာမယ်။ အဲဒီတော့ ဒီကတောင်သူတွေက အဆင့်မြင့်မြင့်ထုတ်ဖို့လိုတယ်။ များများလည်း ထွက်ရမယ် ဈေးနှုန်းလည်း ချို သာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်။

မေး။     ။ ပင်လောင်းလက်ဖက်ကို ဘယ်တွေကို အဓိကပို့လဲ။

ဖြေ။     ။ အဓိကက မြန်မာပြည်အလယ်ပိုင်းပေါ့ ကျောက်ပန်းတောင်း၊ ရေနံ့ချောင်း၊ ချောက်၊ ညောင်ဦး၊ ပခုက္ကူ၊ လယ်ဝေး ပြီးတော့ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်း အစုံပို့ရတယ်။ အများဆုံးပို့ရတာတော့ ရွှေဖီချိန်နဲ့ ကဆုန် ခြောက်ပဲ။ မိုးခြောက်တော့ မရှိတော့ဘူး။ ရွှေဖီချိန်မှာဆိုရင် ပိဿာချိန် ၁၅,ဝဝဝ လောက် အထိ ပို့ရတယ်။ ရွှေဖီချိန်က အရသာပိုရှိ ပိုကောင်းတော့ မြေပြန့်ကလူတွေက တစ်ရာသီစာ သုံးမယ့် လက်ဖက်ခြောက်တွေကို အဲဒီအချိန်မှာ ဝယ်လှောင်ထားကြတယ်။ ကျွန်တော်တို့က ခိုင်မာတဲ့ ဈေးကွက်တစ်ခုရှိဖို့ လိုအပ်တယ်။ အခြားလုပ်ငန်းရှင်တွေနဲ့ အသေးစား၊ အလတ်စား ငွေချေးတဲ့သူတွေလည်း အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးရင်ပိုကောင်းမယ်။ အခုက ငွေချေးပြီး အလုပ်လုပ်နေတုန်း ရှိသေးတယ်။ အကြွေးက ပြန်ဆပ်ရတော့မယ်။ အဓိကကတော့ ခိုင်မာတဲ့ ဈေးကွက် မရှိဘူး။ အဲဒီတော့ လက်ဖက်တောင်သူတွေအတွက်က ငွေရေးကြေးရေးလည်း ရှိဖို့လိုတယ်။ ဈေးကွက် လည်း ရှိဖို့လိုတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေလည်း အားပေးအားမြှောက်လုပ်ဖို့လိုတယ်။ လက်ဖက်အဓိက ထွက် တဲ့ဒေသမှာ စပါးစံပြကွက်တွေချည်းပဲ လုပ်နေရင်တော့ အလုပ်သိပ်မဟုတ်ဘူးပေါ့။ ဒီဒေသမှာ ဘာထွက်လဲ၊ ထွက်တဲ့ဟာကို အစိုးရက အားပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ 

မေး။     ။ လက်ဖက်လုပ်ငန်း၊ ဈေးကွက် ဒီထက် ပိုပြီး အဆင်ပြေဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ။     ။ လက်ဖက်တွင်ကျယ်ဖို့က ထုတ်လုပ်မှုအပိုင်းချည်းပဲ လုပ်လို့လည်းမရဘူး။ လက်ဖက်ကွင်းဆက်အရ စိုက်တဲ့သူ၊ ကုန်ချောထုတ်တဲ့သူနဲ့ တင်ပို့ရောင်းချတဲ့သူက တစ်ကွင်းတစ်ဆက်တည်းဖြစ်ဖို့ လို့တယ်။ ကျွန်တော် တို့မှာက ကုန်ကြမ်းရှိတယ်။ နည်းပညာပိုင်းကူညီမယ့် ပညာရှင်တွေ နည်းတယ်။ အဲဒီလိုကူညီမယ့် အဖွဲ့အစည်း တွေ၊  နိုင်ငံတကာ အထောက်အပံ့တွေလိုတယ်။ အဲဒီလိုကူညီပြီး အသိပညာ များများလာပေးမယ်ဆိုရင်တော့ လက်ဖက်က ပွဲစားဆိုတာတောင် ရှိမှာမဟုတ်တော့ဘူး။ တိုက်ရိုက် တောင်သူတွေနဲ့ သွားတဲ့စနစ်ပဲ သွားတော့မှာ ပေါ့။ အဲဒါဆိုရင် နိုင်ငံခြားဈေးကွက်လည်း ရည်ရွယ်လို့ရလာမယ်။ ရည်လည်းရည်ရွယ်နေတယ်။ အဲဒီလိုဖြစ်ဖို့က လည်း လက်ဖက်တောင်သူတွေ ပါဝင်ဖို့လိုတယ်။ သူတို့ကိုလည်း ပိုမိုမြှင့်တင်ပေးဖို့ လိုတယ်။

အောင်ငြိမ်းချမ်း / Myanmar Now

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်