ASF နှင့် ဝက်မွေးတောင်သူများ ဆုံးရှူံးနစ်နာမှု ကာကွယ်ရန် ပြည်ပမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းနေခြင်းကို ယာယီပိတ်ပင်ထားသင့်ဟုဆို 

17/12/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

မြန်မာနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) မှ ကာကွယ်ရန်နှင့် ဝက်မွေးတောင်သူများ ဆုံးရှုံးနစ်နာမှုများ နည်းနိုင်သမျှနည်းစေရန်အတွက် ပြည်ပမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းနေခြင်းကို ယာယီပိတ်ပင်တားမြစ်ပေးရန် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

မြန်မာနိုင်ငံသည် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ကူးဆက်ခံ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း အဆိုပါ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် အခြားဝက်ရောဂါများ ဖြစ်ပွား‌နေခြင်းကြောင့် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားပါက ရာနှုန်းပြည့်သေစေနိုင်ပြီး ဝက်မွေးမြူရေးသမားများ ကြီးမားသောဆုံးရှုံးမှုများနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 

"နိုင်ငံတကာ လေဆိပ်တွေအပါအဝင် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်တွေကနေ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်း‌တွေ တရားမဝင် ဝယ်ယူသယ်ဆောင်ခြင်းကို ထိရောက်စွာ တားမြစ်ပေးပါ။" ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။ 

ဒီဇင်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)၌ ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဝက်မွေးမြူရေးသမားအများစု၏ အဓိကလိုအပ်ချက်ဖြစ်သော ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ၊ ချေးငွေ၊ မြေယာအသုံးချခွင့်၊ ဝက်မျိုးရင်းစစ်ခြံ၊ ဈေးကွက်ခိုင်မာတည်ငြိမ်မှု၊ ဝက်မျိုးကောင်း မျိုးသန့် (GGP-GP) များ အစရှိသည်တို့ကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်