ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို လယ်သမားတွေရင်ဆိုင်နိုင်တဲ့ နည်းလမ်း (၁၀) ခု

20/01/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာမို့ ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ တောင်သူများဟာ ခြောက်သွေ့ခြင်း၊ ရေလွှမ်းခြင်း၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်း စတဲ့ ရာသီဥတုပြောင်းလဲခြင်းရဲ့ ထိခိုက်မှုတွေကို ခံစားနေရပါတယ်။

 တောင်သူများအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ အောက်ပါအချက်တို့ကို လိုက်နာကျင့်ကြံဖို့လိုအပ်ပါတယ်။

 ၁။ ထိရောက်တဲ့ ရေသွင်းစနစ်စီမံခန့်ခွဲရေး

 အထူးသဖြင့် ခြောက်သွေ့တဲ့အချိန်မှာ ရေအသုံးပြုတာကို ထိန်သိမ်းတာဟာ မည်သည့်စိုက်ခင်းမှာမဆို အသက်တမျှ အရေးကြီးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ စွမ်းအင်အများစုဟာ မြေအောက်ရေကို အသုံးပြုတာဖြစ်ပါတယ်။ ရေကို ချွေတာဖို့အတွက် တောင်သူတွေအနေနဲ့ အစက်ချရေသွင်းတာ၊ မြေဖုံးပင်စိုက်တာ စတဲ့အလေ့အထတွေကို လုပ်ဆောင်သင့်ပါတယ်။

 ၂။ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်

 စွမ်းအင်ထိရောက်မှုကို အမြင့်ဆုံးဖြစ်အောင် ပြုလုပ်တာနဲ့ မြေအောက်လောင်စာဆီကို အသုံးမပြုတာဟာ ရာသီဥတုပြောင်းလဲခြင်းကို လျော့ကျစေရာမှာ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုတာ၊ လေစွမ်းအင်ကို အသုံးပြုတာ၊ ရေနံအခြေခံမြေသြဇာနဲ့ ပိုးသတ်ဆေး အသုံးပြုမှု လျှော့ချတာ၊ သီးနှံများ စိုက်ပျိုးရေး၊ သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး တို့အတွက် မြေအောက်လောင်စာဆီ အသုံးပြုမှု လျှောချတာတွေကို ပြုလုပ်သင့်ပါတယ်။

 ၃။ သြဂဲနစ်အလေ့အထများ

 ၂၀ ရာစုအလယ်လောက်ကတည်းက စိုက်ပျိုးရေး စက်မှုလုပ်ငန်းထွန်းကားလာတာမို့ ရိုးရာစိုက်ပျိုးရေးမှာ လောင်စာဆီအခြေခံ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ မြေသြဇာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မှီခိုတာကို ဖြစ်စေပါတယ်။ သြဂဲနစ်စိုက်ပျိုးရေးဟာ ဓါတုသွင်းအားစု အများစုကို တားမြစ်ထားပြီး မှန်လုံအိမ်ဓါတ်ငွေ့လျှော့ချခြင်း၊ ပိုမိုသန့်စင်တဲ့ မြေ၊ ရေနဲ့ အစားအသောက်တို့ကို ထုတ်လုပ်ပါတယ်။ ဒါ့အပြင် သြဂဲနစ်နဲ့ ရေရှည်တည်မြဲတဲ့နည်းလမ်းတွေဟာ မြေဆီလွှာ ကျန်းမာရေး၊ မြေဆီသြဇာထက်သန်ခြင်းတို့လို တောင်သူ့အတွက် နောက်ထပ် အကျိုးကျေးဇူးတွေနှင့် ရာသီဥတုနဲ့ လိုက်လျောညီထွေရှိတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

 ၄။ မြေဆီလွှာကျန်းမာရေးကို တိုးမြင့်စေခြင်း

 ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးသက်ရောက်မှုကို တွန်းလှန်ဖို့အတွက် အကူအညီတောင် ရစေပြီး ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေဖို့အတွက် အကြီးအကျယ် အလားအလာရှိတဲ့ အဓိကအချက်မှာ ကာဘွန်စိုက်ပျိုးရေးဖြစ်ပါတယ်။

 အလင်းမှီစုအစာချက်လုပ်ခြင်းဖြင့် အပင်တွေဟာ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ဆွဲယူဖို့ ကာဘွန်သိုမှီးကန်အဖြစ် ပြုမူသည်။ နောက်တော့ အဲဒီကာဘွန် ၄၀% လောက်ဟာ မြေကြီးထဲမှာ စုသွားပြီး ၄င်းတို့ကို ဘက်တီးရီးယား၊ မှို၊ ပရိုတိုဇိုးဝါးနဲ့ နီမတုတ် တို့လို အဏုဇီဝသက်ရှိတွေက စားသုံးကြပါတယ်။ အပြန်အလှန်အားဖြင့် အဲဒီသက်ရှိတွေဟာ သဘာဝမြေသြဇာကို ဖြည့်ဆည်းပေးကာ အပင်တွေအား အာဟာရဓါတ်များကို ပေးပါတယ်။

 မြေဆွေး မြေသြဇာ ပြုလုပ်တာ၊ မြေဖုံးသီးနှံစိုက်ပျိုးတာ၊ ထွန်ရေးမဲ့ စိုက်ပျိုးတာစတဲ့ အလေ့အထတွေက တစ်ဆင့် မြေဆီသြဇာထက်သန်အောင်ပြုလုပ်တာနဲ့ အပင်အကြွင်းအကျန်တွေကို တိုးမြှင့်သုံးစွဲခြင်း၊ ကာဘွန်သိုမှီးခြင်း လုပ်ငန်းစဉ်တို့နဲ့ စိုက်ခင်းတွေကို အထောက်အပံ့ပြုနိုင်ပါတယ်။

 ၅။ စိမ်းလန်းသော စိုက်ပျိုးရေးကို ထိန်းသိမ်းထားခြင်း

 သစ်တောပြန်လည်စိုက်ပျိုးတာ၊ ကမ်းနားဇုံတွေကို ထိန်းသိမ်းတာ၊ ခြံစည်းရိုးပင်တွေနဲ့ အခြားနှစ်ရှည်ပင်တွေကို စိုက်ပျိုးခြင်းတို့လို မြေယာစီမံခန့်ခွဲရေးအလေ့အထတွေဟာ တောရိုင်း တိရစ္ဆာန်တွေအတွက် အမိုးအကာဖန်တီးပေတာ၊ စိုက်ခင်းတွေကို လှပစေတာနဲ့ ဝတ်မှုန်ကူးတာတွေ အတွက် အကျိုးပြုအင်းဆက်တွေကို ဆွဲဆောင်းစေတာနဲ့ သဘာ၀ဖျက်ပိုးကာကွယ်နှိမ်နင်းတာတို့လို များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

 ရာသီဥတုကို ရင်ဆိုင်တဲ့အခါ သစ်ပင်ကြီးတွေ၊ ခြုံပုတ်ပင်တွေနဲ့ အခြား သစ်ပင်တွေဟာလည်း ကာဘွန်ကို သိုမှီးထားကြပြီး မြေဆီလွှာတိုက်စားတာကို ကာကွယ်ပေးပြီး ရေကို ထိန်းသိမ်းပေးပါတယ်။

 ၆။ တိရစ္ဆာန်များကထွက်ရှိသော မီသိန်းဓါတ်ထုတ်လုပ်ခြင်းကို လျှော့ချခြင်း

 စိုက်ပျိုးရေးဟာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်တာအတွက် တာဝန်ရှိပြီး ကျွဲနွားတွေနဲ့ နို့စား တိရစ္ဆာန်တွေက ထွက်ရှိတဲ့ မီသိန်းဓါတ် ထုတ်လွှတ်တာဟာ အဓိကရင်းမြစ် ဖြစ်ကြပါတယ်။ လေမဲ့ ပြိုကွဲခြင်းကတစ်ဆင့် စက်မှု နို့စားနဲ့ ကျွဲနွားခြံတွေက ထွက်ရှိတဲ့၊ ရေကန်တွေကနေ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့ထုတ်လွှတ်ခြင်းနဲ့ ကျွန်တော်တို့အတွက် ထောက်ပံ့ပေးတဲ့ ရေကို ညစ်ညမ်းစေပါတယ်။ အလှည့်ကျ စားကျက်ပြောင်းခြင်းလို အလေ့အထတွေကတစ်ဆင့် လုံးဝစားကျက်အခြေခံ ကျွဲနွားမွေးမြူရေးဟာ ဒီထိခိုက်မှုကို လျော့ပါးစေပါတယ်။

 ၇။ စားကျက်အခြေခံ တိရစ္ဆာန်စီမံခန့်ခွဲရေး

 စားကျက်မြေရှိခြင်းဟာ ကာဘွန်သိုမှီးခြင်းအတွက် အကြီးအကျယ်အလားအလာ ရှိပါတယ်။ ဒါတွေရှိတာဟာ မြေဆီလွှာကျန်းမာရေးနဲ့ အဏုဇီဝသက်ရှိတွေကို တိုးပွားစေပြီး နှစ်ရှည်ပေါင်းမြက်များကို ကြီးထွားစေကာ မြေကြီးထဲမှာ ရေကို သိုမှီးထားပါတယ်။

 ၈။ စိုက်ခင်းမြေကို ကာကွယ်ခြင်း

 မြို့ပြတည်ထောင်ခြင်း၊ လမ်းတံတားတည်ဆောက်ခြင်းတွေကြောင့် စိုက်ပျိုးမြေများ နည်းပါးလာပါတယ်။ ဒီလိုနည်းပါးလာတာက အစားအစာ ထောက်ပံ့ရေးအတွက်သာမက ရာသီဥတုအတွက်ပါ ဆိုးဝါးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ စိုက်ခင်းတွေကို ရေရှည်စီမံခန့်ခွဲနိုင်ရင် ကာဘွန်တွေကို သိုမှီးနိုင်ပြီး ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်ခြင်းကို လျော့ပါးစေပါတယ်။ စိုက်ခင်းမြေ ထိန်းသိမ်းခြင်းဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အလေ့အထကို ကာကွယ်ပေးပြီး ဇီဝမျိုးကွဲတွေကို တိုးပွားစေပါတယ်။

 ၉။ တောင်သူများရဲ့ဈေးကွက်နဲ့ ဒေသအစားအစာများကို ထောက်ပံ့ပေးခြင်း

 မြို့ပြတွေအတွက် သီးနှံတွေကို သယ်ယူပို့ဆောင်ရာမှာ မြေအောက်လောင်စာဆီနဲ့ အခြားသဘာဝသယံဇာတတွေကို အသုံးပြုရတာမို့ ဖန်လုံအိမ်ဓါတ်ငွေ့တွေထွက်လာပါတယ်။ တောင်သူတွေဟာ တောင်သူ ဈေးကွက် ဒါမှမဟုတ် အခြားဒေသ ဖြန့်ချီရေးလမ်းကြောင်းက တစ်ဆင့်တိုက်ရိုက် ရောင်းချတဲ့အခါ အစားအစာတွေကို ခရီးတိုသာ ပို့ဆောင်ရပြီး အဲဒီသယံဇာတတွေကို လျှော့ချသုံးစွဲရာ ရောက်ပါတယ်။

 ၁၀။ ရာသီဥတုနဲ့လိုက်လျောညီထွေရှိသော အလေ့အထများကို လုပ်ဆောင်ရန် တွန်းအားပေးခြင်း

 စိုက်ပျိုးမြေထိန်းသိမ်းရေး၊ မြေဆီလွှာကျန်းမာရေး၊ ရေထိန်းသိမ်းရေး၊ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်နဲ့ အခြား ရေရှည်တည်မြဲတဲ့ အလေ့အထတွေကို လုပ်ဆောင်ဖို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ ဘတ်ဂျတ်ထောက်ပံ့ရေး လိုအပ်ပါတယ်။

 နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ရာသီဥတုနဲ့ ထိတွေ့ရင်ဆိုင်နေရတဲ့ တောင်သူများနဲ့အတူ ရပ်တည်ကာ ကျွန်တော်တို့ရဲ့ ဥပဒေပြုသူများကို ယခုပင် လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။

 ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကုိ၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်