နွားနို့အရည်အသွေးစစ်ဆေးခြင်း အခြေခံနည်းစနစ်များနှင့် အရေးပါမှု
နွားနို့လက်ခံသည့်အချိန်တွင် စစ်ဆေးရမည့် စမ်းသပ်ချက်များ
နွားနို့များ ၀ယ်ယူသည့်အချိန်တွင် ပထမဦးစွာ တစ်ပုံးချင်း စစ်ဆေးရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရည်အသွေးညံ့သောနွားနို့များ ရောထည့်မိပါက ကျန်အရည်အသွေးကောင်းသည့်နွားနို့များ ပျက်စီးသွားနိုင်ပါသည်။
(၁)အရောင်အနံ့ အရသာကို စစ်ဆေးခြင်း
အခန်းအပူချိန်အတိုင်းရှိသော နွားနို့ကို ကောင်းစွာမွှေပြီး အရောင်အနံ့အရသာကို စစ်ဆေးပါ။ ဤစမ်းသပ်ချက်သည် ထူးခြားသောအနံ့ ဥပမာ ချဉ်နံ့ ပုပ်နံ့များ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်းပြားသောအရောင်အဆင်း ဥပမာ သွေးရောင်/အခြားအရာများ ရောနှောထားခြင်း ရှိမရှိကို စမ်းသပ်ခြင်းဖြစ်ပြီး အကယ်၍ နွားနို့သည် ပုံမှန်အတိုင်းမဟုတ်ပါက ၀ယ်ယူလက်ခံခြင်းမပြုဘဲ ပယ်ချရမည် ဖြစ်ပါသည်။
(၂) (က) အရက်ပြန်ဖြင့်စမ်းသပ်ခြင်း
စမ်းသပ်နည်း - နွားနို့နှင့် အရက်ပြန်(68%~70%) ဆတူရောပြီး လှုပ်ကြည့်ပါ။ နွားနို့ ပျက်သည့် ပုံစံ ၊အစိုင်အခဲ ၊ အမှုန်အမွှားများ ဖြစ်/မဖြစ် စစ်ဆေးပါ။ အရက်ပြန်ဖြင့် စစ်ဆေးသည့် နွားနို့များ ပျက်နေကြောင်းတွေ့ရှိရပါက ၎င်းနွားနို့ကို ၀ယ်ယူလက်ခံခြင်း မပြုဘဲ ပယ်ချရမည် ဖြစ်ပါသည်။ ဤအရက်ပြန်စစ်ဆေးခြင်းသည် နွားနို့၏ အပူဒဏ်ခံနိုင်ရည်ရှိမရှိကို စစ်ဆေးခြင်းဖြစ်ပါသည်။ ချဉ်နေသောနို့၊ နို့နု(မွေးကာစနွားနို့)၊ နို့အုံရောင်နေသော နွားများမှ နို့များသည် အပူပေးမှုဒဏ်ကိုမခံနိုင်ပဲ ကွဲထွက်ပါသည်။ နို့ထွက်ပစ္စည်းကုန်ချောကို ထုတ်လုပ်ရန်အတွက် ပထမဦးစွာ နွားနို့ကို အပူပေး ပိုးသတ်ရန်လိုသည့်အတွက် အပူချိန်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ခြင်းဖြစ်ပါသည်။
(၂)(ခ) တိုက်ရိုက်အပူပေးစမ်းသပ်ခြင်း
အရက်ပြန်စမ်းသပ်ချက်ကို မလုပ်နိုင်သောနေရာများတွင် နွားနို့ ၅ မီလီလီတာ ခန့်ကို တိုက်ရိုက် မီး သို့ ဆူနေသော ရေနွေးတွင် ၅ မိနစ်ခန့် စိမ်ထားပြီး၊ နို့ကွဲ/မကွဲ ကိုစမ်းသပ်နိုင်ပါသည်။
(၃) နို့တိုင်းဖန်တိုင်ဖြင့် သိပ်သည်းမှုကို တိုင်းတာခြင်း
နွားနို့ကို ကောင်းစွာမွှေပြီး ခပ်ယူ၍ တိုင်းတာမည့် ဆလင်ဒါထဲသို့ လောင်းထည့်ပါ။ ဖန်တိုင်ကို နို့ထဲသို့ ဖြေးညှင်းစွာချပါ။ ဖန်တိုင်ငြိမ်သွားသည် အထိစောင့်ပြီး နွားနို့မျက်နှာပြင်နှင့် အညီရှိ ဖန်တိုင်အမှတ်ကို ဖတ်ပါ။ အပူချိန်ကိုဖတ်ပြီး မှတ်တမ်းရေးသွင်းပါ။ အပူချိန် ၂၀°C တွင်ရှိသော နွားနို့၏ သိပ်သည်းမှုကို တိုင်းတာခြင်းဖြစ်ပါသည်။ ရေ၏သိပ်သည်းဆမှာ 1.0g/ml ဖြစ်ပြီး သဘာ၀နွားနို့၏ သိပ်သည်းဆမှာ 1.026 မှ 1.032 g/ml ရှိပြီး ၊ အကယ်၍ ရေရောထားပါက 1.026 g/ml ထက်နည်းပြီး၊ ဆား၊ သကြားနှင့် အခြားအစိုင်အခဲများရောထားပါက 1.032 g/ml ထက်များနေနိုင်ပါသည်။ သာမန်အတိုင်းအတာ မဖြစ်နိုင်တော့ပါ။
(၄) ဆေးပြာစမ်းသပ်ခြင်း (Methylene Blue Test)
အသုံးပြုမည့် ပစ္စည်းများအားလုံးကို ရေနွေးထဲတွင် ၁ မိနစ်ခန့် ထည့်ပြုတ်ပြီး ပိုးသတ်ပါ။ အသုံးမပြုမီ ရေခဲသေတ္တာတွင် သိမ်းထားပါ။ စမ်းသပ်ပုံမှာ နွားနို့ 10ml ကို ဖန်ပြွန်တွင် ထည့်ပါ။ ထို့နောက် ဆေးပြာ 1ml ထပ်ထည့်ပြီး သမအောင်လှုပ်ပေးပါ။ အပူချိန် 37°C ရှိသော/ထိန်းသိမ်းနိုင်သော ရေနွေးအိုး water bath တွင် မြုပ်အောင်ထည့်ပြီး အချိန်ကို စပြီးမှတ်ပါ။ နွားနို့ အပြာရောင်မှ အဖြူရောင်ပြောင်းသည့်အချိန်ကို မှတ်ပါ။
လက်ခံနိုင်သော အရည်အသွေးမှာ 4hrs ကြာအထိ အရောင်မပြောင်းသော နို့ဖြစ်ပါသည်။
အဆင့် ၁ -4hrs အထက်
အဆင့်၂ -4hrs
အဆင့်၃ -3hrs
အဆင့်၄ -2hrs
အဆင့်၅ -1hr
အဆင့်၆ -30mins(အလွန်ညံ့)
ဆေးပြာဆိုသည်မှာ အောက်ဆီဂျင်ကို အပြာရောင်ဆိုးထားခြင်းဖြစ်ပြီး နွားနို့တွင်ပါ၀င်သော ဘတ်တီးရီးယား၊ အဏုဇီ၀ပိုးမွှားများမှ အောက်ဆီဂျင်ကို စားသုံးလိုက်သောအခါ အပြာရောင်မှ အဖြူရောင်သို့ ပြောင်းသွားခြင်းဖြစ်ပါသည်။ ဘတ်တီးရီးယားပိုးများလေလေ အဖြူရောင်သို့ ကူးပြောင်းသည့်အချိန် မြန်လေလေဖြစ်ပါသည်။ ဘတ်တီးရီးယားပိုးအရေအတွက်ကို အကြမ်းဖျင်း နေ့ချင်းတိုင်းတာခြင်းဖြစ်ပြီး၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းအနည်းငယ်ဖြင့် အချိန်တိုအတွင်း နေ့ချင်းပြီး အဖြေသိနိုင်သော နည်းစနစ်ဖြစ်ပါသည်။ နွားနို့ သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပါသည်။
Source - MDEP
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
Kyaw Minn Han • ဖြေကြားချက် 0 ခု
ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။
လူမုန်း • ဖြေကြားချက် 1 ခု
နဂျယ်သားလောင်းမွေးခြင်း
ဒေါ်ညွန့်ညွန့်ဦး • ဖြေကြားချက် 1 ခု
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
sweety • ဖြေကြားချက် 4 ခု
ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား
Thura Sit • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from MDEP
အားလုံး