ကျောက်ဖရုံပင်၏ အကျိုးကျေးဇူးများ

23/01/2018 10:54 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျောက်ဖရုံပင်ကို အင်္ဂလိပ်အမည် White Pumpkin၊ ရှမ်းအမည် Mak-Pak-Pein ဟူ၍ ခေါ်ဝေါ် ကြပြီး မျိုးရင်း Cucurbitaceae (ဘူးမျိုးရင်း)၊ ရုက္ခဗေဒအမည် Benincasacerifera Savi တွင် ပါဝင်ပါသည်။

အပင် တစ်နှစ်ခံနွယ်ပင်မျိုး ဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွှေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည်တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း သုံးခုဖြာသည်။
အရွက် အရွက်သည် တောက်ပသော အစိမ်းရောင်ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင်တွင် ပို၍အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အဝိုက် ၅-၇ ခုရှိသည်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။

အပွင့် အဝါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီးဖြစ်သည်။ လိင်စုံသည်။

အသီး တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင်ရောနှော၏။ နုစဉ်အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီးမာသည်။ အခွံပေါ်တွင် အမွှေးကြမ်းလေးများ ရှိသည်။ အစေ့များ ပြားပြီး အဖြူရောင်ရှိသည်။

၁။ ပေါက်ရောက်သည့်ဒေသ

အမြင်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။

၂။ စိုက်ပျိုးပုံ

(က) စိုက်ပျိုးခြင်း

မိုးဦးတွင် ကဆုန်မှ ဝါဆိုအတွင်း မိုးနှောင်းတွင် တော်သလင်းလမှ တန်ဆောင်မုန်းလအတွင်း အစေ့ကိုတိုက်ရိုက်ချစိုက်နိုင်သည်။ ကျင်းအနက် တစ်တောင်၊ အကျယ် ၄ ပေပတ်လည် တူး၍ မြေဆွေး ၅၀% ခန့်ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှုပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့်ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။

(ခ) ပြုစုခြင်း

ခြောက်သွေ့သောဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်းပေးရန်လိုအပ်သည်။

(ဂ) ဆွတ်ခူးခြင်း

စိုက်ပျိုးပြီးရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်းစတင် အသီးသီး၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အနံ့အသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း၊ ထားသိုခြင်းမပြုရန် လိုသည်။)

၃။ အသုံးပြုသည့်အစိတ်အပိုင်း

အပွင့်၊ အသီး၊ အစေ့၊ အမြစ်၊ အထူးသဖြင့် အသီးကို ပို၍ အသုံးပြု၏။

၄။ အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ချို၍ အနည်းငယ် ငန်သော အရသာရှိသည်။ အားကိုတိုးပွားစေ၍ သည်းခြေကိုနိုင်၏။ မှည့်သောအသီးသည် ဝမ်းမီးကိုတောက်စေသည်။ သွေး၊ လေရောဂါနှင့် ရူးသွပ်ခြင်းကိုပျောက်စေ၍ ဆီးအိမ်ကို သန့်ရှင်းစေတက်သည်။

၅။ အသုံးပြုပုံ

(က) အပွင့်

ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါ ပျောက်၏။

(ခ) အသီး

၁။ အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရဖြစ်စေသည်။ အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးဆင်းနှင့် သွေးအန်၊ သွေးကျရောဂါ ပျောက်၏။

၂။ အသီးရည်တွင် ရှိန်းခိုနှင့် ဂျုံပြာဆားအနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်းပျောက်၍ ကျောက်ကပ်တွင်တည်သော ကျာက်ကိုအရည်ပျော်၍ ကျစေ၏။

၃။ ကျောက်ဖရုံရည်ကို ဝက်ရူးနာ၊ လေနာ၊ အရူးရောဂါတို့အတွက်လည်း သုံး၏။

(ဂ) အေစ့

အစေ့ကို သန်ကျဆေးအဖြစ်လည်း သုံးသည်။

(ဃ) အမြစ်

ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့်သောက်လျှင် ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါပျောက်၏။

ကိုးကား-မြန်မာ့ဆေးဝါးပင်များ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်