ကျောက်ဖရုံပင်၏ အကျိုးကျေးဇူးများ
ကျောက်ဖရုံပင်ကို အင်္ဂလိပ်အမည် White Pumpkin၊ ရှမ်းအမည် Mak-Pak-Pein ဟူ၍ ခေါ်ဝေါ် ကြပြီး မျိုးရင်း Cucurbitaceae (ဘူးမျိုးရင်း)၊ ရုက္ခဗေဒအမည် Benincasacerifera Savi တွင် ပါဝင်ပါသည်။
အပင် တစ်နှစ်ခံနွယ်ပင်မျိုး ဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွှေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည်တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း သုံးခုဖြာသည်။
အရွက် အရွက်သည် တောက်ပသော အစိမ်းရောင်ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင်တွင် ပို၍အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အဝိုက် ၅-၇ ခုရှိသည်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။
အပွင့် အဝါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီးဖြစ်သည်။ လိင်စုံသည်။
အသီး တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင်ရောနှော၏။ နုစဉ်အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီးမာသည်။ အခွံပေါ်တွင် အမွှေးကြမ်းလေးများ ရှိသည်။ အစေ့များ ပြားပြီး အဖြူရောင်ရှိသည်။
၁။ ပေါက်ရောက်သည့်ဒေသ
အမြင်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။
၂။ စိုက်ပျိုးပုံ
(က) စိုက်ပျိုးခြင်း
မိုးဦးတွင် ကဆုန်မှ ဝါဆိုအတွင်း မိုးနှောင်းတွင် တော်သလင်းလမှ တန်ဆောင်မုန်းလအတွင်း အစေ့ကိုတိုက်ရိုက်ချစိုက်နိုင်သည်။ ကျင်းအနက် တစ်တောင်၊ အကျယ် ၄ ပေပတ်လည် တူး၍ မြေဆွေး ၅၀% ခန့်ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှုပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့်ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။
(ခ) ပြုစုခြင်း
ခြောက်သွေ့သောဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်းပေးရန်လိုအပ်သည်။
(ဂ) ဆွတ်ခူးခြင်း
စိုက်ပျိုးပြီးရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်းစတင် အသီးသီး၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အနံ့အသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း၊ ထားသိုခြင်းမပြုရန် လိုသည်။)
၃။ အသုံးပြုသည့်အစိတ်အပိုင်း
အပွင့်၊ အသီး၊ အစေ့၊ အမြစ်၊ အထူးသဖြင့် အသီးကို ပို၍ အသုံးပြု၏။
၄။ အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ ချို၍ အနည်းငယ် ငန်သော အရသာရှိသည်။ အားကိုတိုးပွားစေ၍ သည်းခြေကိုနိုင်၏။ မှည့်သောအသီးသည် ဝမ်းမီးကိုတောက်စေသည်။ သွေး၊ လေရောဂါနှင့် ရူးသွပ်ခြင်းကိုပျောက်စေ၍ ဆီးအိမ်ကို သန့်ရှင်းစေတက်သည်။
၅။ အသုံးပြုပုံ
(က) အပွင့်
ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါ ပျောက်၏။
(ခ) အသီး
၁။ အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရဖြစ်စေသည်။ အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးဆင်းနှင့် သွေးအန်၊ သွေးကျရောဂါ ပျောက်၏။
၂။ အသီးရည်တွင် ရှိန်းခိုနှင့် ဂျုံပြာဆားအနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်းပျောက်၍ ကျောက်ကပ်တွင်တည်သော ကျာက်ကိုအရည်ပျော်၍ ကျစေ၏။
၃။ ကျောက်ဖရုံရည်ကို ဝက်ရူးနာ၊ လေနာ၊ အရူးရောဂါတို့အတွက်လည်း သုံး၏။
(ဂ) အေစ့
အစေ့ကို သန်ကျဆေးအဖြစ်လည်း သုံးသည်။
(ဃ) အမြစ်
ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့်သောက်လျှင် ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါပျောက်၏။
ကိုးကား-မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
ဆက်စပ်မေးခွန်းများ
ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့
ဇင်ကိုလတ် • ဖြေကြားချက် 0 ခု
ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့
သူရစိုး • ဖြေကြားချက် 0 ခု
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 3 ခု
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....