ကမ္ဘာကြီးကို ကယ်တင်စေနိုင်တဲ့ အလွယ်လမ်းများ (မိမိကိုယ်ကို လူပျင်းဟု ခံယူထားသူများ အတွက်သီးသန့်)

17/01/2018 17:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
အလွန်အမင်းဆင်းရဲမွဲတေခြင်းတွေကို အဆုံးသတ်ရမယ်။ မညီမျှမှုတွေနဲ့ မတရားမှုတွေကို ရင်ဆိုင်တိုက်ဖျက်ရမယ်။ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်းကို အဆင်ပြေသင့်တင့်မျှတအောင် လုပ်ယူရမယ်။ စတဲ့ စတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေဟာ ကြားလိုက်ရုံနဲ့ အင်မတန်မှ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် အားလုံးအတွက် အရေးကြီးလှတဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲပေးနိုင်စေမယ့် ရည်ရွယ်ချက်တွေဟာ အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ အထူးတလည်လိုအပ်နေပါတယ်။ ရုတ်တရက်တွေးကြည့်ရင်တော့ သာမန်လူသားတစ်ယောက်အတွက် ကမ္ဘာနဲ့ချီတဲ့ အကျိုးရလဒ်ပြောင်းလဲမှုတစ်ခုခုကို မလုပ်ဆောင်နိုင်လောက်ဘူးလို့ ထင်ရပါတယ်။ အဲဒါနဲ့ပဲ ခင်ဗျားက လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ 
တကယ်တော့ အပြောင်းအလဲတွေဆိုတာ လူတစ်ဦးချင်းဆီကမှ စကြရတာပါ။ ကမ္ဘာပေါ်မှာအသက်ရှင်နေထိုင်နေကြတဲ့လူသားတိုင်း၊ ဒါမှမဟုတ် ကျွန်တော်တို့တွေထဲက အပျင်းရိဆုံးလူပုဂ္ဂိုလ်တွေတောင် အထက်ပါကမ္ဘာကြီးနဲ့ဆိုင်တဲ့ ပြသနာတွေကို ဖြေရှင်းတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ ကံကောင်းထောက်မ,စွာနဲ့ပဲ ကျွန်တော်တို့နေ့စဉ်ဘဝမှာ အလွန်တရာမှ လွယ်လွယ်ကူကူ သက်သက်သာသာ လုပ်ဆောင်သွားရုံနဲ့ အပြောင်းအလဲကြီးကြီးမားမား ဖြစ်ပျက်သွားစေမယ့် အရာတွေရှိနေပါတယ်။ 
တကယ်လို့ ခင်ဗျားက အပျင်းကြီးသူတစ်ယောက်ဆိုရင် ကျွန်တော်တို့ပြုစုထားတဲ့ ကမ္ဘာကြီးကိုကယ်တင်ဖို့ အပြောင်းအလဲတွေဖြစ်သွားစေမယ့် လုပ်ဆောင်ချက်တွေထဲက အလွယ်ကူဆုံးအရာတွေကို လေ့လာကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
 
အဆင့်(၁) ဆိုဖာပေါ်မှာ သက်တောင့်သက်သာနေရင်းနဲ့မှ လုပ်နိုင်သော အရာများ
  • လျှပ်စစ်စွမ်းအင်ကို ချွေတာဖို့အတွက် ကွန်ပျူတာအပါအဝင် ခင်ဗျားရဲ့အသုံးအဆောင်ပစ္စည်းတိုင်းကို အသုံးမလိုရင် ပိတ်ထားပေးပါ။
  • စက္ကူသုံးစွဲမှုကိုချွေတာဖို့အတွက် မီတာခလို ငွေပေးချေမှုတွေကို ခင်ဗျားရဲ့ဖုန်းထဲကတဆင့် အွန်လိုင်းဝန်ဆောင်တစ်မျိုးမျိုးဖြင့် ပေးဆောင်ပါ။ စက္ကူသုံးစွဲမှုလျော့နည်းလေ သစ်တောပြုန်းတီးမှု သက်သာလေဖြစ်မှာပါ။ 
  • likeပေးရုံသာမဟုတ်ဘဲ shareလုပ်ပေးပါ။ အကယ်၍ ခင်ဗျားသုံးစွဲတဲ့social mediaမှာ အမျိုးသမီးအခွင့်အရေးတွေအကြောင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေအကြောင်း ဖတ်မိရင် likeပေးရုံသာမဟုတ်ဘဲ shareလုပ်ပေးပါ။ ဒါမှလဲ ခင်ဗျားရဲ့ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတွေကလဲ ဖတ်ရှုသိရှိနိုင်တာပေါ့။ 
  • ထုတ်ဖော်ပြောကြားပါ။ ခင်ဗျားနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသဆိုင်ရာ အာဏာရှိသူတွေကို လူတွေနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်နေပြီလားဆိုတာသိရအောင် မေးခွန်းများများမေးပြီး ခင်ဗျားရဲ့ဆန္ဒကို ထုတ်ဖော်ပြသပါ။ ပြီးခဲ့တဲ့ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာပြုလုပ်ကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံအရ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကာဗွန်လျော့ချရန်သဘောတူညီချက်ဆုံးဖြတ်ခြင်းအကြောင်း မေးမြန်းသိရှိနိုင်ရန်နဲ့ ထောက်ခံပေးရန် ဖော်ပြပါလင့်ခ်တွင်သွားရောက်ပြီး ခင်ဗျားရဲ့အမြင်တွေကို ထုတ်ဖော်ပြသနိုင်ပါတယ်။ (http://momentforaction.org/)
  • တတ်နိုင်သလောက် ပရင့်မထုတ်မိအောင်ကြိုးစားပါ။ ခင်ဗျားသိချင်တဲ့ အကြောင်းအရာတစ်ခုခုကို အွန်လိုင်းမှာရှာပြီးသွားပြီဆိုရင် မှတ်စုစာအုပ်ပေါ်မှာ ချရေးလိုက်ပါ။ ဖြစ်နိုင်ရင် ဖုန်းထဲက မှတ်တဲ့စာအုပ်လိုမျိုး၊ ကွန်ပျူတာထဲက မှတ်စုလိုမျိုးက ပိုကောင်းပါတယ်။ စာရွက်သုံးစွဲမှု ပိုမိုသက်သာတာပေါ့။
  • အမှန်တကယ် အလင်းရောင်လိုအပ်မနေရင် မီးချောင်းတွေကို ပိတ်ပေးပါ။ ခင်ဗျားကြည့်နေတဲ့တီဗွီ၊ ဒါမှမဟုတ် ကွန်ပျူတာမျက်နှာပြင်တွေက အလင်းအရောင်အသင့်အတင့်ပေးနိုင်တာကြောင့် အနီးအနားမှာရှိတဲ့ မီးအုပ်ဆောင်းတို့ တခြားလျှပ်စစ်သုံးစွဲနေရတဲ့ အသုံးအဆောင်တွေကို ပိတ်ပေးပါ။
  • သဘာဝပတ်ဝန်းကျင်ထိခိုက်အောင် လုပ်ဆောင်တာမျိုးမရှိကြောင်းသိရတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အွန်လိုင်းပေါ်မှာ သေချာစုံစမ်းပြီးမှ ရွေးချယ်ဝယ်ယူသုံးစွဲပါ။
  • အကယ်၍ အွန်လိုင်းပေါ်မှာ ညစ်ညမ်းတဲ့စာတွေ၊ ဓာတ်ပုံတွေပိုပြီးခြိမ်းခြောက်နှောင့်ယှက်တာတွေကို မိမိကိုယ်တိုင်ကြုံရတာပဲဖြစ်ဖြစ် ခင်မင်ရင်းနှီးသူတစ်ဦးဦး ကြံုတာပဲဖြစ်ဖြစ်သက်ဆိုင်ရာကို တိုင်ကြားပြီး ကျူးလွန်သူကို အရေးယူဆောင်ရွက်ပါ။
  • သတင်းအချက်အလက်များ အမြဲရယူရှာဖွေပါ။ ဒေသဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာသတင်းများကို ဂရုစိုက်ဖတ်ရှုပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရည်ရွယ်ချက်များနဲ့ ထိတွေ့ရင်းနှီးနေရန် @GlobalGoalsUNရှိ သတင်းများကို လေ့လာပါ။
  • သင့်ရဲ့လုပ်ဆောင်ချက်များကို တခြားသူများနဲ့ ချိတ်ဆက်လေ့လာသင်ယူနိုင်ရန် social mediaတွင် hashtag(#)ခံပြီး ထုတ်ဖော်ပါ။
  • သင်၏ကာဗွန်ထုတ်လွှတ်မှုနှုန်းကို ထိန်းညှိပေးပါ။ ခင်ဗျားရဲ့ကာဗွန်ခြေရာ(ကိုယ်သုံးလိုက်တဲ့ ကာဗွန်ပမာဏ)တွေကို ဘယ်လိုတွက်ချက်ပြီး climate creditတွေရယူမလဲဆိုတာကိုတော့ Climate Neutral Nowမှာ လေ့လာနိုင်ပါတယ်။ (www.climateneutralnow.org/SitePages/How.aspx ) 

မုဒြာ (အစိမ်းရောင်လမ်း)

မှတ်ချက် ။     ။ UN ၏ The Lazy Person's Guide to Saving the World ကို မြန်မာနိုင်ငံနှင့် ကိုက်ညီဆီလျော်မှုရှိစေရန် ဘာသာပြန်ဆိုထားပါသည်။ 

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်