သီးနှံပိုးသတ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ
(၁)ကင္ဆာ
သီးနှံပိုးသတ်ဆေးများသည် ခန္ဓာကိုယ် အင်္ဂါအတော်များများတွင် ကင်ဆာဖြစ်စေတတ်သည်။ အသက်အရွယ် မိသားစုရာဇဝင်၊ အစားအသောက်နှင့် နေထိုင်မှု ပုံစံတို့ကလည်း ကင်ဆာဖြစ်ပွားနှုန်း ကိုလွမ်းမိုးမှု ရှိသည်။
(၂)ဟော်မုန်းမညီမျှမှု
သီးနှံပိုးသတ်ဆေး များသည်အမျိုးသား ဟော်မုန်းကို လျော့ကျစေပြီး မျိုးပွားစနစ်ကို အနှောက်အယှက် ဖြစ်စေသည်။ အထူးသဖြင့် မှိုသတ်ဆေးများတွင် ထိုကဲ့သို့ ဆိုးကျိုးရှိပြီး အစားအသောက် အဖြစ်စီမံပြီး သည်အထိ ကြွင်းကျန်လျက် ရှိတတ်သည်။
(၃)ဦးနှောက်ပျက်စီးခြင်း
ဥယာဉ်မှူးနှင့် လယ်သမားများသည် ဦးနှောက်ပျက်စီးမှု အဖြစ်ဆုံးပုဂ္ဂိုလ် များဖြစ်ကြသည်။ သိမြင်စွမ်းရည် ပျက်စီးမှု အပျော့စား (mild cognitive dysfunction- MCD) ကဲ့သို့ဝေဒနာများ ခံစားရပြီး စကားတစ်ခွန်း ပြေပြေပျစ်ပျစ် မပြောနိုင်ခြင်း၊ စကားလုံးများ မသိတော့ခြင်း၊ အရောင်နှင့်နံပါတ်များ မသိတော့ခြင်းအထိ ခံစားရတတ်သည်။
(၄)မွေးရာပါ ချို့ယွင်းမှု
စိုက်ခင်းပိုးသတ်ဆေး များမှသည် အိမ်သုံးပိုးသတ် ဖြန်းဆေးများအထိ ဓာတုပစ္စည်း မြောက်များစွာ ပါဝင်ကြပြီး အင်းဆက်ပိုးများ၏ အာရုံကြောစနစ်ကို ဖျက်စီးရန် အဓိကဖော်စပ် ထားလေ့ရှိသည်။ ထိုဆေးများကို ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ထိတွေ့ချိန် ကြာမြင့်ပါက မွေးလာမည့် ကလေးငယ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှလုံးတည်ဆောက် ပုံမှားယွင်းမှု၊ ခြေလက်ဖွဲ့စည်းပုံ မှားယွင်းမှုတို့ ဖြစ်ပေါ်တတ်သည်။
(၅)ကိုယ်အင်္ဂါပျက်ယွင်းမှု
သီးနှံပိုးသတ်ဆေးများသည် ကျောက်ကပ်ရောင် စေပြီးနာတာရှည် ကျောက်ကပ် ပျက်စီးယိုယွင်းမှု ဖြစ်စေသည်။ ရောဂါကြီးကြီးမားမား မရှိဘဲ ကျောက်ကပ်ပျက်စီး သူများကိုကြည့်လျှင် စိုက်ပျိုးရေး လုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ကြသည်။
ဇော်ကို ( Ref: Nursing -degree)
REF : Health Updates
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးများ၏ အန္တရာယ်
အောင်အောင်
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်တယ်
ဆက်စပ်မေးခွန်းများ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ
Aung Aung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026