ပေါင်းသတ်ဆေးအကြောင်း တစ်စေ့တစ်စောင်း

20/12/2019 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 တောင်သူဦးကြီးတွေ အားတဲ့အချိန်လေးမှာ လေ့လာလို့ရမဲ့ အကြောင်းအရာလေးတွေထဲ က တစ်ခုဖြစ်တဲ့ ပေါင်းသတ်ဆေးတွေအကြာင်းကို ဒီတစ်ခေါက်တော့ လေ့လာကြည့်ကြတာပေါ့။

ပေါင်းသတ်ဆေးဆိုတာ ဘာလဲ

ရှင်းပါတယ်။ စိုက်ခင်းထဲမှာ ကိုယ်မလိုချင်တဲ့ အပင်တွေကို သတ်ဖို့အတွက်သုံးတဲ့ ဆေးပါ။ တကယ်တမ်း ထိထိရောက်ရောက်သုံးတတ်တယ် သုံးနိုင်တယ်ဆိုရင်တော့ အချိန်နဲ့ လူကို သက်သာစေပေမဲ့လို့ တစ်ခြားဆိုးကျိုးတွေအနေနဲ့ဆိုရင်လည်း မရည်ရွယ်ထားတဲ့ အပင်တွေကို ပါ ထိမိခိုက်မိပြီး သေစေတာမျိုး၊ လူတွေမှာပါ ထိခိုက်ပြီးတော့ ကင်ဆာရောဂါတွေလိုမျိုး ဖြစ်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။

ပေါင်းသတ်ဆေး ဘယ်နှစ်မျိုးလောက်ရှိလဲ

ပေါင်းသတ်ဆေးတွေကိုလည်း ခွဲခြားထားပါတယ်။ သူတို့ ရဲ့

၁။ အကျိုးသက်ရောက်မှု

၂။ ရွေးချယ်နိုင်မှု နဲ့

၃။ တာရှည်ခံမှု စတဲ့အချက် ()ချက်အပေါ်မှာ မူတည်ပြီးတော့ အမျိုးအစားတွေ ပြန်ပြီးတော့ ခွဲကြပါတယ်။

၁။ အကျိုးသက်ရောက်မှု (Effect)

အဲ့အချက်မှာဆိုရင်

၁။ (က) မထွက်ခင် ကြိုတင်ကာကွယ်ဆေး (Pre-emergent Herbicides)

ကိုယ်မလိုချင်တဲ့ ပေါင်းပင်တွေရဲ့ မျိုးစေ့တွေမှာ ကပ်တွယ်ပြီးတော့ မျိုးညှောင့်ပေါက်တာကို ဟန့်တားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အဲ့လို ဆေးတွေကိုကျတော့ ကိုယ့်အခင်းမှာ ပေါက်တတ်တဲ့ ပေါင်းပင်တွေ ထွက်ခါနီးအချိန်လောက်ကို မှန်းပြီးတော့ ဖျန်းပေးရမှာဖြစ်ပါတယ်။ အချိန်ကိုက် သုံးနိုင်တယ်ဆိုရင်တော့ တကယ်ကို အကျိုးသက်ရောက်မှုများတဲ့ ဆေးဖြစ်ပြီးတော့ အပင်ထွက်လာမှ သုံးမိလိုက်တယ်ဆိုရင်တော့ ဆေးက အလကားဖြစ်သွားမှာပါ။ သူက မျိုးစေ့ကနေ မျိုးညှောင့်မပေါက်အောင်လို့ပဲ ဖော်စပ်ထားလို့ ဖြစ်ပါတယ်။

၁။ () နောက်တစ်ခုက ထိသေ ပေါင်းသတ်ဆေး (Contact Herbicide)

ဖျန်းလိုက်တယ်။ အပင်နဲ့ ဆေးထိသမျှနေရာတိုင်းကို သေစေတယ်။ ထိတာနဲ့ သေစေတဲ့ ဆေးမျိုးပါ။ အစွမ်းကတော့ ပြင်းပေမဲ့လို့ တစ်ချို့ အသက်ပြင်းတဲ့အပင်မျိုးကို ဖျန်းမိလို့ မထိလိုက်တဲ့ အဆစ်လိုမျိုးနေရာကနေ ပေါင်းပင်တွေက ပြန်ပြီး ရှင်နိုင်ပါသေးတဲ့ အချက်တော့ ရှိပါတယ်။ အပင်တစ်ခုလုံးကို သေစေတာမဟုတ်ပဲနဲ့ သူနဲ့ ထိတဲ့နေရာကိုပဲ သေစေတာဖြစ်လို့ပါ။ အဲ့တော့ ဒီလိုဆေးမျိုးသုံးပြီးတော့ ပေါင်းပင်တွေကို အပြည့်အဝသေစေချင်တယ်ဆိုရင် အပင်တွေသေတဲ့အထိ ခဏခဏတော့ ဖျန်းပေးရမှာဖြစ်ပါတယ်။

၁။ () ပင်လုံးပြန့် ပေါင်းသတ်ဆေး (Systemic Herbicides)

အကျိုးသက်ရောက်မှု အနေနဲ့ကတော့ အပင်တစ်ပင်လုံးကို ပြန့်နှံ့သွားပြီးတော့မှ အပင်တစ်ခုလုံးကို သေစေပါတယ်။ အပင်တွေအထဲ ကို အစာကြော ရေကြောတွေကနေ တစ်ဆင့်ဝင်ရောက်ပြီးတော့ အပင်တစ်ခုလုံးကို သေစေတာပါ။ ဆေးကတော့ကောင်းပါရဲ့ စိတ်မကောင်းစရာတစ်ခုကတော့ ဒီလို ပင်လုံးပြန့် ပေါင်းသတ်ဆေးတွေကို အပင်တွေတော်တော်များများက ခံနိုင်ရည်ရှိကြပါတယ်။ အဲ့တော့ သူ့ကိုလည်း အပင်တွေေ သေဆုံးတဲ့အထိ သုံးတာက ပိုပြီးတော့ စိတ်ချရမှာဖြစ်ပါတယ်။

၁။ () မြေထဲ သုံးတဲ့ ပေါင်းသတ်ဆေး (Drench Herbicides)

သူကတော့ အပင်ပေါ်ဖျန်းရတာမျိုးမဟုတ်ပဲနဲ့ မြေကြီးထဲကို ထည့်လိုက်ရတဲ့ဆေးမျိုးပါ။ အပင်တွေ အကုန်သေပါတယ်။ မကောင်းတဲ့အချက်ကတော့ ဆေးတစ်ခါသုံးထားရင် အကြာကြီးခံနေတာပါ။ အဲ့လိုဆိုတော့ စိုက်မဲ့ ပျိုးမဲ့မြေကြီးဆိုရင်တော့ အဲ့ဆေးမျိုးကို မသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၂။ ရွေးချယ်မှု

သူကတော့ သူရွေးချယ်တဲ့ အပင်ကိုပဲ သေစေအောင်လို့ ဖန်တီးထားတဲ့ ဆေးမျိုးဖြစ်ပါတယ်။ စပါးအတွက် ရွေးချယ်ပေါင်းသတ်ဆေးလို့ ပြောလိုက်ရင် စပါးခင်းထဲကို ဖျန်းလိုက်ရင် စပါးကလွဲပြီး ကျန်တဲ့ပေါင်းပင်တွေ အကုန်သေအောင် လုပ်ပေးနိုင်ပါတယ်။ အဲ့လိုဆေးမျိုးပါ။ ဒါပေမဲ့ သူက အားနည်းချက်တွေတော့ ရှိပါသေးတယ်။ အပင်တော်တော်များများက ခံနိုင်ရည်ရှိပြီးတော့ မပြိုလဲတတ်ကြလို့ပါပဲ။

၃။ တာရှည်ခံမှု

သူကျတော့ အမျိုးမျိုးရှိမှာပါ။ တစ်ချို့ပေါင်းသတ်ဆေးတွေက တာရှည်ခံပြီး မပျက်မစီးရှိတာမျိုးကနေ ခဏလောက်ပဲ ခံတာမျိုးတွေအထိ ပါဝင်နေမှာပါ။

ထွန်းဝင်းကျော်

Reference - https://www.weedkillercrisis.com/topics/different-types-of-herbicides/

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်