သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အကျိုးပြုနိုင်မယ့် နေ့စဉ်ဘဝထဲမှ နည်းလမ်းများ

21/04/2019 05:30 AM တွင် မြတ်နန္ဒာအောင် မြတ်နန္ဒာအောင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တကယ်တော့  သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ဂေဟစနစ်ကို အကျိုးပြုတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ ထင်ထားသလောက် မခက်ခဲပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ နေ့ စဉ်ဘဝထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟသက်ရှိတွေကို ပစ္စည်းတွေကို ရွေးချယ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ လူနေမှုဘဝပုံစံသစ်ဆီကို လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေ၊ ထိခိုက်ပျက်ဆီးမှု အနည်းဆုံးဖြစ်စေတဲ့ သုံးစွဲမှုတွေထဲကနေ ဘာတွေကို စတင်ပြောင်းလဲပြီး ကမ္ဘာကြီးကို ကူညီနိုင်မလဲဆိုတာ အောက်မှာ အနည်းကျဉ်း ဖော်ပြပေးလိုက်ပါတယ်။

(၁) အရင်းအမြစ်တွေကို ချွေတာမယ်။

ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ စွမ်းအင်တွေ ဘယ်လောက်ပါဝင်သုံးစွဲရပြီး ဘယ်လောက် ကုန်ဆုံးသွားလဲဆိုတာ သင်သတိထား စဉ်းစားမိဖူးပါသလား။ ဟုတ်ပါတယ် ဒါကတကယ် အရေးကြီးတာပါ။ ဒီနေ့ကပြီး သတိထားကြည့်ပါ။ သင်တစ်နေရာရာသွားဖို့ အများပိုင်ယာဉ်ကို အသုံးမပြုဘဲ အခြားနည်းများ အသုံးပြုနေသလား၊ ရေကို ရေပိုက်ခေါင်းကနေ မခံဘဲ တိုက်ရိုက်သုံးစွဲနေသလား၊ အခန်းမီးကို မလိုအပ်ဘဲ ဖွင့်ထားလေ့ရှိသလား စသည်ဖြင့် ပြန်ဆန်းစစ်ကြည့်ပါ။ ဒါတွေကနေ သင့်တစ်ကိုယ်ရည်စာ စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။

(၂) သစ်ပင်စိုက်မယ်။

အားလုံးသိကြတဲ့အတိုင်း အပင်တွေ ဟာ သူတို့ပတ်ဝန်းကျင်က လေထုကို သန့်ရှင်းစေသလို မြေဆီ လွှာကိုလည်း ထိန်းသိမ်းပေးပါတယ်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဆိုတဲ့အတိုင်း အရိပ်ကောင်းရတဲ့ သီးပင်စားပင်တွေကို မိမိပတ်ဝန်းကျင်မှာ စိုက်ပျိုးထားခြင်းဖြင့် ဇီဝစုံလင်တဲ့ ဂေဟစနစ်တစ်ခုကို ပတ်ဝန်းကျင်မှာ ဖန်တီးနိုင်ပါတယ်။ အပင်ကြီး အပင်ငယ်တွေ နိုင်သလိုစိုက်ပျိုးထားရင် အပင်တွေရဲ့ ပင်ငွေ့ပျံခြင်းဖြစ်စဉ်ကြောင့် မိမိပတ်ဝန်းကျင် တစ်နေရာစာလေးဟာ ပူပြင်းတဲ့ နွေရာသီတွေမှာတောင် အေးမြနေမှာမလို့ မလိုအပ်တဲ့ စွမ်းအင်အသုံးချမှုတွေကိုပါ လျော့ကျစေနိုင်ပါတယ်။

(၃) ဒေသထွက်ကုန်များကို ဦးစားပေး သုံးစွဲမယ်။

ဟုတ်ပါတယ် သင်ဟာ မိမိဒေသတွင်းမှာရနိုင်တဲ့ ကုန်ပစ္စည်းတွေကို ရွေးချယ်လိုက်ခြင်းဖြင့် သင့်ကြောင့်ကျန်ရစ်မယ့် ကာဗွန်ညစ်ညမ်း မှုတွေကို လျှော့ချလိုက်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့အခါ အသုံးပြုရတဲ့ လောင်စာတွေကို ချွေတာလိုက်နိုင်ပြီး မိမိဒေသတွင်းက အသေးစား စီးပွားရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း ရေရှည်တည်တံ့အောင် တစ်ဖက်တစ်လှမ်းက ကူညီရာရောက်ပါတယ်။

(၄) ဓာတုဆေးတွေ သုံးတာ လျှော့ချမယ်။

ဘေးဥပါဒ်များလွန်းတဲ့ အရောင်ဆိုးဆေးတွေနဲ့ ဓာတုဓာတ်ကြွင်းများတဲ့ စိုက်ပျိုးရေးသုံးဆေးတွေဟာ စနစ်တကျ မစွန့်ပစ်ဘူးဆိုရင် လေထုနဲ့ ရေထုညစ်ညမ်းမှုကို အကျိုးသက်ရောက်စေပြီး ဒီဆိုးကျိုးတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို တစ်ဖန်ပြန်လည်ရိုက်ခတ်လာပါတယ်။ ဒီစွန့်ပစ်ပစ္စည်းတွေ ချောင်းရေမြောင်းရေတွေထဲ စီးဆင်းသွားတဲ့အခါ ရေချိုသယံဇာတတွေဆုံးရှုံးပြီး သောက်သုံးရေထဲမှာ သတ္တုဓာတ်ပါဝင်မှု လွန်ကဲတာတွေအပြင် ရေနေသတ္တဝါတွေ အဆိပ်သင့်ရပါသေးတယ်။ ဒီအဆိပ်သင့် သတ္တဝါတွေကို လူတွေစားသုံးမိတဲ့အခါ  ရေရှည်မှာ ကင်ဆာလိုရောဂါဘယတွေ စွဲကပ် လာကြတာမို့ ဓာတုတွေကို အတတ်နိုင်ဆုံး ငြင်းပယ်ကြရအောင်ပါ။

(၅) Recycle ပစ္စည်းများကို အား‌ပေးမယ်။

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချထားတဲ့ ပစ္စည်းတွေနဲ့ ထုတ်ပိုးမှုအနည်းဆုံး ပစ္စည်းတွေကို  ရွေးချယ်ဝယ်ယူပါ။ ထုတ်လုပ်မှုဖြစ်စဉ်ဖော်ပြချက်မှာ အလွယ်တကူ ဖတ်နိုင်ပါတယ်။ ပစ္စည်းရဲ့ဘူးတွေပေါ်မှာ မျှားသုံးမျှားကို အဝိုက်ပုံ ပါတဲ့ဘူးတွေဟာ  ပြန်လည်ထုတ်လုပ်ပြီး အသုံးချနိုင်တဲ့ ပစ္စည်းတွေပါ။ ဒုတိယ ဦးစားပေးအနေနဲ့ ဒီလိုပစ္စည်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ 3-R (Reuse, Refuse, Recycle) ဆိုတဲ့ စွန့်ပစ်ပစ္စည်းစီမံနည်းတွေကို သုံးပြီးလည်း အလေအလွင့်အနည်းဆုံးဖြစ်အောင် သင်စီမံနိုင်ပါတယ်။

(၆) အခြားသူများကိုလည်း ဂေဟဖော်ရွေ လူနေမှုစနစ်အကြောင်း ဗဟုသုတဖြန့်ဝေပါ။

သင်စတင်ပြောင်းလဲတာဟာ ကောင်းသောပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီထက် ပိုကောင်းတဲ့ ပြောင်း လဲခြင်းဖြစ်အောင်ဆိုရင်တော့ သင့်သူငယ်ချင်းတွေ သင့်မိသားစုတွေနဲ့အတူ သင့်လူမှုအသိုင်းအဝိုင်း တစ်ခုလုံး ပူးပေါင်းပါဝင်လာနိုင်အောင် အသိပညာပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဝန်းကျင်မပြတ်‌ဂေဟစနစ်တစ်ခုဟာ ကျန်းမာတဲ့လူ့အဖွဲ့အစည်းတစ်ခုရဲ့ စံနှုန်းတစ်ခုဆိုတာ သူတို့သိအောင်လည်း ပြောပြပေးရင်း အတူတကွပါဝင်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ 

ဝင်နီထားမောင် (YAU)

Source – Conserve Energy Future

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်