ပဲတီစိမ်းတွင်ကျရောက်တတ်သော လှေးပိုးအန္တာရာယ်

23/12/2021 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပဲတီစိမ်းသည်လည်း မြန်မာနိုင်ငံတွင် အစိုက်များသော သီးနှံတစ်ခုပဲဖြစ်ပါသည်။ စိုက်ပျိုးရာတွင် ဖျက်ပိုးအန္တာရာယ်မှ ကာကွယ် လျှော့ချနိုင်အောင် လုပ်ဆောင်သင့်ပါသည်။ ဖျက်ပိုးများအနက် လှေးပိုးသည်လည်း ပဲတီစိမ်းအထွက်နှုန်းကို သိသိသာသာလျော့ကျစေနိုင်သဖြင့် လှေးပိုးအကြောင်းကိုဖော်ပြလိုက်ပါသည်။

ဖျက်စီးပုံလက္ခဏာ

လှေးပိုးသည် စုပ်စားပိုးဖြစ်ပြီး အရွက်နှင့် ရိုးတံများကို စုပ်စားလေ့ရှိသည်။ ပန်းပွင့်တွင်လည်း ကျရောက်မှုများသည်။ လှေးပိုးကျရောက်လျှင် အပွင့်များမှာ အညိုရောင်ပြောင်းပြီး ခြောက်သွားကာ အပွင့်များကြွေကျပါသည်။ အပွင့်များကိုစုပ်စားသဖြင့် ဝတ်မှုံကူးရာတွင် အနှောင့်အယှက်ဖြစ်ရာ အစေ့အဆံတည်မှုနည်းသွားတတ်ပါသည်။ အသီးဖြစ်ပေါ်မှုလည်း ကျဆင်းပြီး အသီးများပုံပျက်နေသည်ကိုလည်းတွေ့ရနိုင်ပါသည်။ အသီးနုတွင်အဝါကွက်ငယ်များဖြစ်ပြီး အမာရွတ်ငယ်များကိုလည်းတွေ့ရတတ်ပါသည်။

ကာကွယ်နှိမ်နင်းခြင်း

ထယ်၊ ထွန် နက်နက်ဝင်ပေးပါ။ ထယ် ထွန် နက်နက်ဝင်ပေးခြင်းဖြင့် မြေကြီးထဲက ရုပ်ဖုံးအဆင့်လှေးများကို နှိမ်နင်းပြီးသားဖြစ်ပါသည်။ မိတ်ဆွေပိုးများကိုထိန်းသိမ်းပေးပါ။ လှေးမကြိုက်သောအပင်များကို သီးညှပ်အနေဖြင့် ထည့်စိုက်ထားနိုင်ပါသည်။

အခင်းတွင် လှေးပိုးကျရောက်နေလျှင် ပိုးကျရောက်မှုများတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားဖျက်စီးပစ်ဖို့လိုပါမယ်။ ပေါင်းမြက်များတွင် ခိုအောင်းနေနိုင်သဖြင့် ပေါင်းမြက်များရှင်းလင်းပေးပါ။ 

သဘာဝဆေးအနေဖြင့် တမာပိုးသတ်ဆေးကို ထိရောက်စွာအသုံးပြုနိုင်သလို စီးပွားရေးအရထိခိုက်မှုရှိလျှင် ဓာတုပိုးသတ်ဆေး ဖစ်ပရိုနေး (fipronil)၊ သိုင်ရာမီသောက်ဇင် (thiamethoxam) တို့ကိုတွဲဖျန်းပေးနိုင်ပါတယ်။ လှေးပိုးမကျရောက်ခင် ကာကွယ်တဲ့အနေဖြင့် ဓာတုဆေးသုံးလိုလျှင် ဒိုင်နိုတီဖူရမ် (dinotefuran)၊ အစီဖိတ်(acephate)တို့ကို အညွှန်းတိုင်း သေချာစွာ အသုံးပြုပေးနိုင်ပါသည်။

ကိုးကား- https://infonet-biovision.org/PlantHealth/Crops/Green-gram#27436

              ဖုန်းမာန်တိုး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်