ကျီးကန်းနှုတ်သီးပင်နှင့် သူ၏ဆေးဖက်ဝင်သည့်အချက်များ

14/10/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျီးကန်းနှုတ်သီး၊ ပန်းရည်စွတ်၊ ကျီးနီနွယ်၊ နွယ်ညို

ရန်ကုန်မှာ တွေ့ရသော အပင်ဖြစ်သည်။ မိုးကောင်းလို့ထင်ရဲ့ အပင်ကြီးတွေ သန်လှသည်။ ပန်းပွင့်ထဲ တိုးတိုးဝင်နေသော ပိတုန်းကောင်ကြီးကြည့်ရတာ အသည်းယားစရာပါပဲ။

အပင်သရုပ် 

အပင်က သစ်မာ နွယ်ပင်ဖြစ်သည်။ အရွက်များက ရွက်ဆိုင် ထွက်ကြသည်။ ပန်းခိုင်မှာ axillary raceme ဖြစ်သည်။ ပန်းပွင့်အရောင်မှာ ပန်းနုရောင်ဖြစ်ပြီးကြီးမားလှပသည်။ ဝတ်ဆံဖို ၄ ခုပါသည်။ အသီးက အက်ကွဲသီးအမျိုးဖြစ်ပြီး ပုံမှာကဲ့သို့ ထူးခြားလှသည်။ အသီးက ဘဲဥပုံစံဖြစ်သော်လည်း ထိပ်ဖျားကသွယ်သွားသဖြင့် "ငှက်နှုတ်သီး" ပုံစံဖြစ်နေ၍ အချို့က "ကျီးနှုတ်သီးပင်"ဟုပင်ခေါ်ကြသည်။

 အရှင်နာဂသိန်ဆေးကျမ်းထဲတွင် Genus တူပြီး မျိုးစိတ် (species) ကွဲသော Thumbergia grandiflora အပင်ကိုဖေါ်ပြထားသည်။ ယင်းကို "ရေစပ်ပန်းနွယ်" "နွယ်ညို" "ကျီးနှုတ်သီးပင်"ဟုခေါ်ကြောင်း မှတ်သားရသည်။ ဒေသအခေါ်အဝေါ်အမျိုးမျိုးရှိသဖြင့် ဗဟုသုတတိုးစေပါသည်။ ထိုအပင်သည် အရိုင်းပင်ထက် အလှစိုက်သော အပင်ဖြစ်သည်။ အပင်နှစ်ပင်၏ပုံစံမှာ အလွန်တူပါသည်။

ယခုအပင်သည်လည်း တိုင်းရင်းဆေးဝင်မည်မှာလည်း သေချာလှပါသည်။ အခြားနိုင်ငံများတွင် Thumbergia များ၏ လှပသော ပန်းပွင့်များကြောင့် အိမ်များတွင် အလှအပ စိုက်ပျိုးကြသော်လည်း 

မြန်မာပြည်မှာ Thunbergia laurifolia Lindl. ကို အရိုင်းပေါက်ပင်အဖြစ်သာတွေ့ကြရပါသည်။ အပွင့်မှာအဝေးကကြည့်လျှင် သစ်ခွ vanda နှင့်တူသဖြင့်စွဲမက်စရာကောင်းလှပါသည်။ ချင်းပြည်နယ်သာမက ရှမ်းပြည်၊ ပုံတောင်၊ ပုံညာ၊ အလောင်းတော်ကသဖ အထိပြန့်နှံ့နေသောမျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။ 

ဆေးဖက်ဝင်ပုံ 

မလေးရှားနိုင်ငံတွင် ယခုအပင်၏ အရွက်ကိုခြေပြီးရသောဖျော်ရည်ကို menorrhagia ရောဂါအတွက် နားမကြား​​ခြင်းအတွက် နားထဲထည့်ခါသုံးသည်။ ထိုင်းနိုင်ငံတွင်အရွက်ကို antipyretic အဖျားရောဂါကို ပျောက်ကင်းသက်သာစေသော အဖျားပျောက်ဆေး အဖြစ်အသုံးပြုပြီး အဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ၎င်းကိုမလေးရှားတွင် akar tuau ဟုခေါ်သည်။ ထိုင်းနိုင်ငံတွင် ဒီအပင်ကရသော  လက်ဖက်ရည်ကြမ်းလက်ဖက်ရည်ကို rang jeud tea ဟုလူသိများတယ်။ သူ့ကို  ဒီအရွက်ကနေ ထုတ်ယူသည်။ ထိုင်းဆေးဖက်ဝင်အပင်များ ကုမ္ပဏီများစွာကလည်း ဒီအပင်ကနေ rang jeud tea ကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချကြသည်။ 

လှပသော ပန်းပွင့်များကြောင့်  ဥယျာဥ်တွေမှာ အလှစိုက်သော်လည်း ပေါက်ပွားနှုန်းမြန်ဆန်လွန်းတာကြောင့် ခဏတာအတွင်း တောထဲကို ပျံနှံသွားပါသည်။ 

ကိုးကား- wikipedia

ကိုသက်နိုင်ဦး

ဟုမ္မလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်