မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလကို နားလည်စေခြင်း

16/01/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (PHI)

   မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလဆိုတာ ပိုးသတ်ဆေးတစ်ခုရဲ့ နောက်ဆုံး အသုံးပြုတဲ့အချိန်နဲ့ သီးနှံကို ရိတ်သိမ်း/ဆွတ်ခူးနိုင်တဲ့အချိန်ကြားက အချိန်ပမာဏအနည်းဆုံးကို ဆိုလိုတာပါ။ ရိတ်သိမ်း/ခူးဆွတ်တယ်ဆိုတာ သီးနှံကို ဖြတ်တောက်ခြင်း ဒါမှမဟုတ် အပင်ကနေ သီးနှံကို ဖယ်ရှားခြင်းဖြစ်ပါတယ်။  

   မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (PHI) ဆိုတဲ့ စကားလုံးကို ပိုးသတ်ဆေး အညွှန်းစာမှာ တွေ့ရပါတယ်။  မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို လိုက်လျောညီထွေ လိုက်နာခြင်းဟာ တရားဝင်သတ်မှတ်ချက်ဖြစ်ပါတယ်။ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) မှာ စိုက်ပျိုးသူတွေအတွက် ဆေးစီရင်လိုက်တဲ့ သီးနှံမှာ အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ထက် မကျော်လွန်စေသော အချက်အလက်များ ပါဝင်ပါတယ်။  

   အမြင့်ဆုံးခွင့် ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ဆိုတာ ပိုးသတ်ဆေး အညွှန်းစာအရ ပိုးသတ်ဆေးကို အသုံးပြုတဲ့အခါ အစားအသောက်ထွက်ကုန်ပေါ်မှာ ကျန်ရှိမယ်လို့ မျှော်လင့်ရတဲ့ အမြင့်ဆုံးပိုးသတ်ဆေးဓါတ်ကြွင်းပမာဏကို ဆိုလိုတာပါ။ 

မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ၏အရေးပါပုံ

   သီးနှံတစ်ခုအတွက် အမြင့်ဆုံးခွင့် ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကို မကျော်လွန်စေတာကြောင့် အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကို အလေးထားရန် အရေးကြီးပါသည်။ အစားအသောက်အပေါ်မှာ အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကျော်လွန်ခဲ့ရင် စားသုံးသူကို ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ရိတ်သိမ်း/ခူးဆွတ်ထားတဲ့ သီးနှံကို ဖျက်ဆီးပစ်ရမည်ဖြစ်ကာ ပြည်ပသို့တင်ပို့မည်ဆိုပါက တားမြစ်ရမည် ဖြစ်ပါသည်။  ပိုးသတ်ဆေး အညွှန်းစာမှာ ဖော်ပြထားတဲ့ သီးနှံတွေနဲ့ ဖျက်ပိုးတွေအတွက်သာ ပိုးသတ်ဆေးများကို အသုံးပြုပါ။ ဒါ့အပြင် ပိုးသတ်ဆေးအညွှန်းစာမှာ ဖော်ပြထားတဲ့ ဆေးနှုန်းထား၊ ဆေးဖျန်းရမည့်အကြိမ်နဲ့ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) တို့ကို လိုက်နာရပါမယ်။

   မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို ပိုးသတ်ဆေးအညွှန်းစာအပိုင်းရဲ့ “အသုံးပြုရန်အညွှန်း” တွင်ဖော်ပြထားပါတယ်။ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို အတည်ပြုရန် အညွှန်းစာကို အမြဲတမ်းဖတ်ပါ။   

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်