ပိုးလောင်းမီးနှင့် လောင်မီးရောဂါ

06/09/2019 15:30 PM တွင် ကိုရဲ (စိုက်ပျိုးရေး) ကိုရဲ (စိုက်ပျိုးရေး) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာနိုင်ငံ၏ မိုးရာသီကာလ ရေကြီးနိုင်မှုသည် ၃ ကြိမ်ရှိပါသည်။ ပထမရေကြီးကာလသည် ဇွန်လဖြစ်သည်။ ဒုတိယရေကြီးကာကလသည် ဇူလိုင်နှင့် သြဂုတ်လဖြစ်ပါသည်။ တတိယရေကြီးကာလသည် စက်တင်ဘာလနှင့် အောက်တိုဘာလဖြစ်သည်ဟု မိုးလေဝသပညာရှင်များက ပြောပါသည်။ ပုံမှန်ထက်မိုးကောင်း၍ ရေကြီးပြီးနောက် ရေပြန်ကျလျှင် ပိုးမွှားနှင့် ရောဂါများ ကျရောက်နိုင်မှုရှိနိုင်သဖြင့် သာမာန်အချိန်များထက် ပို၍ဂရုစိုက်ရမည်ဖြစ်ပါသည်။  မိုးစပါး စိုက်ချိန်၊ မိုးစပါးဖြစ်ထွန်း၍ ပင်ပွားချိန်တို့တွင် ရေကြီးပြီး ရေပြန်ကျပါက ကျန်ရှိနေသော စပါးစိုက်ခင်းများကို ပိုးနှင့်ရောဂါကျရောက်မှုပို၍ ဂရုစိုက်မည်ဖြစ်ပါသည်။ စပါးဆစ်ပိုး၊ ငမြှောင်တောင်ပိုး၊ စပါးရွက်လိပ်အိမ်ပိုးတို့ ကျရောက်နိုင်သည်ကို ဂရုပြုရမည်ဖြစ်ပါသည်။ အထူးဂရုစိုက်သင့်သည်မှာ လောင်မီးပိုးဖြစ်ပါသည်။ 

   မိုးများသောနှစ်တွင် ကျရောက်မှုနည်းသော်လည်း ရေကြီးနစ်မြုပ်ပြီး ရေပြန်ကျချိန်တွင် ပေါက်ဖွားမှုများပါသည်။ ပိုးကျလျှင် စပါးရွက်များခြောက်လာပြီး လောင်မီးကျသကဲ့သို့ တွေ့ရပါမည်။ လောင်မီးပိုးအကောင်ငယ်သည် စပါးရွက်၏ မျက်နှာပြင်အလွှာ ၂ ခုကြားတွင်ရှိပါသည်။ စပါးရွက်အား နေရောင်အောက်တွင် ထောင်ကြည့်လျှင် ပိုးကောင်အား မြင်နိုင်သလို လက်နှင့်စမ်းကြည့်ပါက အဖုထစ်အနေဖြင့် တွေ့ရမည်ဖြစ်ပါသည်။ ပိုးကောင်သည် ဥမှ အကောင်ဖြစ်ပြီး ပြန်လည်ဥအုသည်အထိ ၃ ပတ်ခန့်သာကြာပြီး ၁ နှစ်လျှင် ၆ကြိမ် သားပေါက်နိုင်ပါသည်။ စပါးခင်းမှ ရေထုတ်ပေးခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။ 

   ရေနက်စိုက်ပျိုးကြသော ပင်လယ်ကမ်းရိုးတန်းဒေသများ၊ ရေငန်စပ်လယ်မြေများ၊ သဲဆန်သော လယ်မြေများတွင် ပို၍ဂရုပြုသင့်သော အပင်ရောဂါမှာ လောင်မီးရောဂါဖြစ်ပါသည်။ နီမတုတ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ကျရောက်ပါက စပါးရွက်များ တွန့်လိမ်ကောက်ပြီး စပါးပင်အခြေရှိ အဆစ်များ ဖောင်းကားလာမည်ဖြစ်ပါသည်။ ပုံမမှန်သော စပါးပင်များများ ထွက်ပြီး အနှံထွက်ချိန်တွင် အနှံများမထွက်နိုင်ဘဲ ဖြစ်နေပါမည်။ ရောဂါပြင်းထန်ပါက စပါးတစ်ခင်းလုံး မီးလောင်ခံရသလို ဝါပြီးခြောက်သွားသဖြင့်  လောင်မီးရောဂါဟု ဆိုကြပါသည်။ ပင်စည်အတွင်း ခိုအောင်းနေသာ နီမတုတ်များကို နှိမ်နင်းရန် စပါးရိတ်သိမ်းပြီးချိန်၌ မီးရှို့ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

   ထို့အပြင် ပိုတက်စီယမ် (ပိုတက်ရှ်) ချို့တဲ့ခြင်း၊ နိုက်ထရိုဂျင်ဓာတ် (ယူရီးယား) များများထည့်ခြင်းတို့ကြောင့်လည်း ရောဂါဆိုးဆိုးရွားရွား ကျရောက်ပါသည်။ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် ရေကြီးပြီး ရေပြန်ကျချိန်တွင် ကျရောက်လေ့ရှိသော အပင်ရောဂါနှင့် ဖျက်ပိုး ၂ မျိုးအား ကြိုတင်ကာကွယ်နိုင်ရန် အသိပေးဖော်ပြလိုက်ပါသည်။

ကိုရဲ (စိုက်ပျိုးရေး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်