မြေဆီလွှာ သက်ဆိုးရှည်ဖို့

22/04/2019 15:00 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေဆီလွှာ၏အရေးကြီးရခြင်း ဆိုတဲ့နေရာမှာ ဒီလိုဆိုလိုနိုင်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာမြေ ကြီးပေါ်မှာ နေလည်းနေသေးတယ်၊ မြေကိုလည်း အသုံးချကြပါသေးတယ်။ ရှင်းအောင်ပြောရ ရင် ကမ္ဘာကြီးကို နှိပ်စက်အသုံးချရင်း အသက်ရှင်ရေးအတွက် အမြတ်ထုတ်နေကြသူတွေဟာ လူသားတွေပါ။ ဒီလိုမျိုးကြီးဆိုပြန်ရတဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာ မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဖို့ စိုက်ပျိုးရေးကို လုပ်ကိုင်ကြရပါတယ်၊ စိုက်ပျိုးရေး လုပ်ကိုင်မှသာ  လူမှုစီးပွားဘဝအတွက် လည်ပတ်နိုင်မှာဖြစ်ပါတယ်၊ ဒါကတော့ ကျွန်တော်တို့အား လုံးသိတဲ့ logic ပါ။ စိုက်ပျိုးရေးအဓိကလုပ်ဖို့ လိုအပ်တာ မြေကြီးဖြစ်ပြီး ၊ ယခင်နှစ်ထောင် ပေါင်းများစွာမှ ယနေ့ထက်တိုင် စိုက်ပျိုးရေးကို လုပ်ကိုင်နေရဆဲဖြစ်ပါတယ် ၊ ရှေးယခင်က စိုက် ပျိုးခြင်းကို သမရိုးနည်းကျ ထွန်ယက်ခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းနှင့်အတူ ရိုးရှင်းသောနည်း စနစ်များက မြေဆီ၏ အနှစ်အဟာရကို ထိခိုက်မှုနည်းပါးခဲ့ပါတယ်။ ယနေ့ခေတ် ဓာတုမြေသြ ဇာများ အလွန်အကျွံအသုံးပြုခြင်း၊ မြေဆီလွှာကိုစည်းကမ်းမဲ့ အသုံးချစိုက်ပျိုးခြင်းတွေဟာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်မြေဆီလွှာကို ထိန်းသိမ်းခြင်းလုပ်ငန်းမှာလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

စိုက်ပျိုး၍ရနိုင်သော မြေဆီလွှာသည် ကမ္ဘာကြီး၏ အပေါ်ယံမြေသားထုအလွှာဖြစ်ပါသည်။ ကမ္ဘာ့အပေါ်ယံမြေသားထု၏ အဟာရပြည့်ဝသော မြေဆီလွှာမှာ ၁ လက်မ မှ ၈ လက်မခန့်ထိ ဖြစ်ပြီး ထိုမြေဖြစ်လာရန် နှစ်ပေါင်း ၃၀၀ မှ ၁၀၀၀ထိ ကြာမြင့်နိုင်ပါတယ် ။ ယခုခေတ်နှောင်း ပိုင်းတွင် အော်ဂဲနစ်စိုက်ပျိုးခြင်းကို ပြန်လည်လုပ်ကိုင်လာကြပြီး မြေဆီလွှာထိန်းသိမ်းရေးကို ပြန်လည်ဦးတည်လာသည်ကို တွေ့ရပါသည်။ 

မြေဆီလွှာ၏ အဖိုးတန်ပုံ

အပေါ်ယံမြေဆီလွှာတွင် မြေဆွေး (Humus) နှင့် အခြားသော အဖိုးတန်မြေဆွေးများစွာ ပါဝင် ဖွဲ့စည်းထားပါသည်။ ကမ္ဘာမြေကြီး၏ အပေါ်ယံကျောက်သားများသည် နှစ်ထောင်ပေါင်းများ စွာ တိုက်စားခြင်းခံရပြီး နောက်ပိုင်းတွင် အပေါ်ယံမြေဆီလွှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အပေါ်ယံမြေဆီလွှာတွင် နှစ်ပေါင်းများစွာ ဆွေးမြေ့ခဲ့သော အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင် သည့်အတွက် သီးပင်စားပင်များ အောင်မြင်စွာစိုက်ပျိုးနိုင်ခြင်းဖြစ်ပါတယ်။ ထိုအထက်ပါ အ ကြောင်းအရာများသည် အကျဉ်းချုပ်မျှ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အပေါ်ယံမြေဆီ လွှာအရေးကြီးပုံကို သိရှိနိုင်ပြီဟုယူဆမိပါသည်။

တိုက်စားခြင်းဖြစ်စဉ်များ

စိုက်ပျိုးမြေ၏ ၂၈.၆ ရာခိုင်နှုန်းသည် နှစ်စဉ် တိုက်စားမှုကြောင့် ဆုံးရှုံးနေရပါတယ်။ သဘာဝအတိုင်း တိုက်စားခြင်းမှာ ပုံမှန်ဖြစ်စဉ်ဖြစ်ပေမယ့် နှစ်စဉ်ဆုံးရှုံးမှုတွေကတော့ လူတွေရဲ့ မဆင် မခြင်လုပ်ရပ်ကြောင့် မလိုလားအပ်ပဲ မြေဆီလွှာဆုံးရှုံးရခြင်းဖြစ်ပါတယ်။ တိုက်စားမှုတွေက လေတိုက်စားခြင်း၊ ရေတိုက်စားခြင်းတို့က အဓိကဖြစ်ပါတယ်၊ ရေတိုက်စားခြင်းမှာ တောင်သူ တွေကြုံတွေ့နေရတဲ့ အခြေအနေ အကြမ်းအားဖြင့် ၄ မျိုးရှိပါတယ်။

(က) အပေါ်ယံလွှာတိုက်စားခြင်း

(ခ) မြေမှုန့်လွင့်စင်ခြင်း

(ဂ) မြောင်းရိုးတိုက်စားခြင်း

(ဃ) ချောင်းရိုးတိုက်စားခြင်း ဆိုပြီး အကြမ်းအားဖြင့် ၄ မျိုး မှတ်သားနိုင်ပါတယ်။ 

ကျွန်တော် အထက်မှာရေးသားခဲ့သလို အပေါ်ယံမြေသားဟာ မိုးရွာတဲ့အခါမှာ ရေစီးကြောင်း မှတစ်ဆင့် မျောပါသွားပြီး အဖိုးတန်မြေဆီတွေ ဆုံးရှုံးရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်း၂ ခု ရှိပါတယ်။ မိုးဆိုတဲ့အရာဟာ သူ့ရာသီရောက်တိုင်းရွာမှာပဲ။ အခုပြောသလိုသာဆို အမြဲတိုက် စားမှုဖြစ်နေမှာပဲဆိုတာပေါ့။ ဟုတ်ပါတယ် ဒီလိုမေးလာခဲ့ရင် ဖြေစရာရှိပြန်ပါတယ်။ မိုးရွာသွန်း မှုမှာ တိုက်စားမှုများတဲ့မိုးနဲ့ တိုက်စားမှုနည်းတဲ့မိုး ရှိပြန်ပါတယ်။ ပူနွေးစိုစွတ်သော သမပိုင်းဒေသများဖြစ်ကြတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမြဲစိမ်းသစ်တောရှိတဲ့ ပဲခူးတိုင်း စတဲ့ဒေသ တွေမှာ မိုးရေချိန်လက်မဟာ ၈၀ ခန့်အထိရှိပြီး မိုးများတယ်လို့ဆိုနိုင်တယ်။ သို့ပေမယ့် မိုး ပေါက်ရဲ့ပြင်းအားဟာ အပူပိုင်းမှာ ၄၀ ရာခိုင်နှုန်းကျရောက်တဲ့မိုးလောက် ပြင်းအားမရှိပါဘူး။ အဲ့အတွက် အောက်ပိုင်းမှာ မိုးများပေမယ့် မြေလွှာတိုက်စားမှုဟာ အညာဒေသထက် ထင်သ လောက် မများနေခြင်းဖြစ်ပါတယ်။ ရေတိုက်စားခြင်းကို ဧရာဝတီတိုင်းမှာလည်း များစွာတွေ့ နိုင်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ မြေမှုန်လွင့်စင်တိုက်စားမှုမှာ မိုးပေါက်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။ ကောင်းကင်ပေါ်က  အရှိန်တစ်ခုနဲ့ကျလာတဲ့ မိုးပေါက်ဟာ မွနေတဲ့ အပေါ်ယံမြေ မှုန်ကို လွင့်စင်သွားစေတယ်။ လွင့်စင်သွားတဲ့နေရာမှာ ချိုင့်ခွက်ပေါ်လာပြီးနောက် မြောင်းရိုး ဖြစ်စေလာနိုင်တဲ့ တတိယအချက်ကို ဦးတည်လာနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လယ်ထဲ က ရေထုတ်မြောင်းတွေကို စနစ်တကျ မပိတ်ဆို့ခဲ့ဘူးဆိုရင် အဲ့ဒီမြောင်းတိုက်စားမှုကနေ တ ဖြည်းဖြည်းကြီးလာပြီး ချောင်းရိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အညာဒေသက ကုန်း စောင်းတောင်စောင်းက ယာပြင်တွေမှာ ထွန်ယက်ခြင်းကို တိုက်စားရာလမ်းကြောင်းနဲ့ ဆန့်ကျင်ပြီး ထွန်ယက်သင့်ပါတယ်။ လေကြောင့်တိုက်စားမှုမှာ အထက်အညာဒေသမှာ အများဆုံး တွေ့နိုင်တယ်။ အကြောင်းအရာကတော့ ရှင်းပါတယ်။ သဘာဝပေါက်ပင်နည်းတဲ့ ဒေသတွေမှာ နွေရာသီရဲ့အပူအောက်မှာ လေပူတွေဟာ ဆက်တိုက်နီးပါး တိုက်ခတ်ကြပါတယ်။ ခြောက်သွေ့ နေတဲ့မြေမှာ မြေမှုန်လေးတွေက လေနဲ့အတူ လွင့်ပါသွားတဲ့အတွက် အညာဒေသဟာ လေ တိုက်စားမှုကို အများဆုံးဒဏ်ခံရပါတယ်။ တိုက်စားမှုတွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာမက တစ်ကမ္ဘာလုံးမှာ အချိန်တိုင်းဖြစ်ပွားနေတာပါ။ ဒါဟာ စိုက်ပျိုးရေးရှု့ထောင့်ကကြည့်ရင် ပြုပြင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်းကို ကျွန်တော်တို့ သိရှိလောက်ပါပြီ။

ပြုပြင်ထိန်းသိမ်းခြင်း

တိုက်စားမှုကို နည်းနိုင်သမျှနည်းစေရန် ပြုပြင်ထိန်းသိမ်းမှုများကို အင်တိုက်အားတိုက် လုပ် ဆောင်သင့်ပါတယ်။ ရေကိုချွေတာသုံးစွဲခြင်း၊ ရေသွင်းရေထုတ် မှန်အောင်ပြုလုပ်ခြင်း၊ လေကာ ပင်စိုက်ပျိုးခြင်း ၊ သီးလှည့်လိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်း စတဲ့လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။ ထွန်ယက်စိုက်ပျိုးထားခြင်းဟာ လေ ကြောင့်ရွေ့လျားနေတဲ့ မြေမှုန်တွေကို ဖမ်းယူပေးတဲ့အတွက် ထယ်စာခဲတွေဟာ လေကာမှုဒဏ် ကိုခံနိုင်ပြီး လေတိုက်စားမှုကို လျော့ချပေးနိုင်ပါတယ်။ လေကာပင်စိုက်ပျိုးခြင်းဖြင့် သီးနှံများ လေကြောင့် လဲခြင်း ၊ အပင်ကျိုးခြင်းများမှ ကာကွယ်ပေးတဲ့အပြင် လေထဲမှရွေ့လျားသော လေ မှုန်များကို တစ်နေရာမှတစ်နေရာ ရွေ့လျားမှုနည်းသထက်နည်းအောင် တားဆီးနိုင်ပါလိမ့်မယ်။ စိမ်းစိုသော ပတ်ဝန်းကျင်ရှိခြင်းဟာ လေတိုက်စားမှုကိုလျှော့ချပေးနိုင်ပြန်ပါသေးတယ်။

သစ်ပင်သစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforesrty) နည်းပညာ 

သီးပင်စားပင်နှင့်အတူ သစ်ပင်များနှင့် တွဲ၍စိုက်ပျိုးခြင်း၊ အခြားသော မွေးမြူရေးတိရစ္ဆာန်များ နှင့် တွဲဖက်၍စိုက်ပျိုးခြင်းသည် အရည်အသွေးကို တိုးတက်လာစေရုံမက ရေတိုက်စားခြင်း၊ ရေဝပ်ဧရိယာ နည်းသွားသည့်အတွက် ရေတိုက်စားခြင်းကြောင့် မြေဆီလွှာဆုံးရှုံးခြင်းကို ကာ ကွယ်နိုင်ပါလိမ့်မယ်။

မြေဆီလွှာ၏ အရေးကြီးပုံနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို တစ်ထောင့််တစ်နေရာမှ တင်ပြရေးသား လိုက်ပါသည်။ လေးစားလျှက်....

ပြည့်ဖြိုးသော်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်