ဥရောပနိုင်ငံများမှ မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ်မှုကို သင်တန်းလာရောက်ပို့ချသွားမည်

13/12/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဥရောပနိုင်ငံများမှ မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်မှုအတွက် လာမယ့်နှစ်အတွင်းမှာ သင်တန်းလာရောက်ပို့ချသွားမှာဖြစ်ကြောင်း မြန်မာနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဥရောပနိုင်ငံရှိစျေးကွက်များကို မြန်မာ့နာနတ်သီး ထိုးဖောက်တင်ပို့ရောင်းချနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှုသင်တန်း လာရောက်ပို့ချသွားမှာဖြစ်တယ်လို့ မြန်မာနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။

“ နာနတ်သီးကိုစိုက်ပျိုးပုံ ၊ ခူးဆွတ်ပုံ ၊ ထွက်လာတဲ့နာနတ်သီး စံချိန်စံညွှန်းကိုက်ညီမှုရှိမရှိအတွက် သင်တန်းကို (၄)နှစ်အတွင်း ဥရောပနိုင်ငံကနေလာရောက်ပြီး သင်တန်းပို့ချသွားမှာဖြစ်ပါတယ်။အဓိက ကတော့ ဥရောပနိုင်ငံကို စျေးကွက်ရရှိနိုင်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ”

အဆိုပါသင်တန်းကို ၂၀၂၀ခုနှစ်မှစတင်ကာ နာနတ်သီးထွက်ရှိရာဒေသများမှာ တောင်သူများကို လာရောက်သင်တန်းပို့ချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ပြည်ပစျေးကွက်များကို တင်ပို့နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မှုများရှိနေကြောင်း မြန်မာနာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်