ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ စပါးတန်ဂရိုရောဂါ

02/09/2019 17:00 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   စပါးတန်ဂရိုရောဂါသည် ဖြုတ်ကောင်များမှသယ်ဆောင်သော ဗိုင်းရပ်စ်နှစ်မျိုးကြောင့်ဖြစ်ပွားသည်။ ၎င်းသည် အရွက်အရောင်ပျက်ခြင်း၊ အပင်ပုခြင်း၊ ပင်ပွားနည်းခြင်း၊ မြုံခြင်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသာ အဆန်တည်ခြင်းတို့ဖြစ်စေသည်။ ဤရောဂါသည် စိုက်ပျိုးသောစပါးမျိုးများ၊ စပါးရိုင်းမျိုးအချို့နှင့် စပါးခင်ထဲတွင်တွေ့ရသော မြက်မျိုးရင်းဝင်အပင်များတွင် ရောဂါဝင်ရောက်ဖြစ်ပွားသည်။

ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ 

   တန်ဂရိုရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်များသည် ဤရောဂါကျရောက်ထားသော အပင်ပေါ်တွင် စုပ်စားထားသည့် ဖြုတ်ကောင်များမှတစ်ဆင့် တစ်ပင်မှတစ်ပင်သို့ ကူးစက်သည်။ အထိရောက်ဆုံးသော သယ်ဆောင်ကောင်မှာ ဖြုတ်စိမ်းဖြစ်သည်။ ဖြုတ်များသည် ရောဂါကျအပင်ပေါ်တွင် မည်သည့်နေရာ၌မဆို အချိန်တိုအတွင်း စုပ်စားပြီး ဗိုင်းရပ်စ်ကိုရယူနိုင်သည်။ ဗိုင်းရပ်စ်ရယူထားသော ထိုဖြုတ်များသည် အခြားအပင်များပါ်သို့ တက်ရောက်စားသောက်သည့်အခါ ချက်ချင်းကူးစက်စေသည်။  ၅ရက်မှ ၇ ရက်ကြာသည်အထိ ကူးစက်စေနိုင်သော်လည်း ၎င်းထက်ပိုကြာပါက  ဖြုတ်၏ခန္ဒာကိုယ်ထဲတွင် ဗိုင်းရပ်စ်မရှိတော့သဖြင့် အကယ်၍ ရောဂါကျနေသည့်အပင်ပေါ်တွင် ထပ်မံစားသောက်ခြင်းမပြုလျှင် ဗိုင်းရပ်စ်ကို ထပ်မံရယူနိုင်ခြင်းမရှိတော့ဘဲ ဆက်လက်မကူးစက်နိုင်တော့ပေ။

   တန်ဂရိုရောဂါသည် စပါးပင်၏ကြီးထွားမှုအဆင့်တိုင်းတွင် ဝင်ရောက်တိုက်ခိုက်နိုင်သည်။ ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ပိုမိုကျရောက်လေ့ရှိသည်။ ပင်ပွားထွက်ချိန်တွင် စပါးပင်သည် ရောဂါဒါဏ် အခံရဆုံးအချိန်ဖြစ်သည်။ ဤရောဂါကျရောက်ဖြစ်ပွားမှုသည် ဗိုင်းရပ်စ်အရင်းအမြစ်ရှိနေမှုနှင့် သယ်ဆောင်ကောင်ဖြုတ်အကောင်ရေ တို့ပေါ်တွင်မူတည်သည်။ လယ်သမား၏ လယ်ကွက်အတွင်းရှိနေသော ရောဂါကျစပါးပင်မှတပါး အခြားသော ရောဂါမျိုးမူရင်းတို့မှာ

    • ယခင်စိုက်ပျိုးရာသီမှ ကျန်ခဲ့သောစပါးရိုးပြတ်များ

    • ထယ်ထိုးမြေလှန်ရာတွင် ကျန်ရစ်ခဲ့သော အမြစ်မြုံမှထွက်လာသောအပင်များ

    • လယ်ကွက်အတွင်းကျကျန်ခဲ့သော မျိုးစေ့များမှ ပေါက်လာသောစပါးပင်များ

    • လယ်ကွက်အနီးပေါက်ပွားနေသော ရောဂါကျစပါးပင်နှင့် ပေါင်းပင်များ

   ပျိုးခင်း၊ ပျိုးပေါင်များရှိ ပျိုးပင်များတွင် ရွှေ့ပြောင်းစိုက်ပျိုးခြင်းမပြုမီ ရောဂါကျနေပါက ၎င်းတို့သည်လည်း ရောဂါ၏ အရေးကြီးသော မူရင်းအစဖြစ်နိုင်ပေသည်။ တန်ဂရိုရောဂါ ရောဂါကျပျိုးခင်းမှ ပျိုးပင်များကိုစိုက်လျှင် စိုက်ခင်းတွင် ရောဂါကျရောက်မှုနှုန်း ပိုမိုမြင့်မားလာနိုင်သည်။ သို့သော်လည်း ဤနည်းဖြင့် ရောဂါဖြစ်ပွားခြင်းသည် ကာလကပ်ရောဂါဖြစ်ပွားစေရန် သေချာစေသော အကြောင်းတရားဟု ယူဆ၍မရပါ။ အဘယ်ကြောင့်ဆိုသော် ရောဂါကျပျိုးပင်များသည် ရှင်သန်နိုင်စွမ်းနည်းပါးပြီး ရွှေ့စိုက်ပြီးမကြာမီ လျှင်မြန်စွာသေဆုံးတတ် သောကြောင့်ဖြစ်သည်။

ရောဂါ၏ အရေးကြီးမှု

   တန်ဂရိုရောဂါသည် တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဆိုဝါးဆုံးနှင့် ပျက်စီးမှုအများဆုံးဖြစ်စေသော စပါးရောဂါများထဲမှ တစ်ခုဖြစ်သည်။ ရောဂါပြင်းထန်စွာကျလျှင် ရောဂါခံနိုင်ရည်မဲ့သည့် စပါးမျိုးများသည် အပင်ငယ်စဉ်တွင်ပင် တိုက်ခိုက်ခံရပြီး အထွက်နှုန်း ၁၀၀% အထိ ဆုံးရှုံးမှုမြင့်မားနိုင်သည်။

   စပါးခင်းထဲတွင် တန်ဂရိုရောဂါ ကျရောက်ပြီဆိုသည်နှင့်တပြိုင်နက် အပင်များ လျှင်မြန်စွာတိုက်ခိုက်ခြင်းခံရသည်။ ဖြုတ်စိမ်းများကလည်း အပင်ငယ်များကို ပို၍နှစ်သက်စွာ စုပ်စားဖျက်ဆီးကြသောကြောင့် ဖြစ်သည်။ ဖြုတ်များသည် ရောဂါကျအပင်ငယ်များမှ တန်ဂရိုဗိုင်းရပ်စ်ကို ပိုမိုထိရောက်စွာရယူနိုင်ကြသည်။

ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ

    • စပါးခင်းအတွင်း ဖြုတ်ကောင်ကျရောက်မှုကို စစ်ဆေးရမည်။

    • အရွက်များအရောင်ပြောင်းမှုကို စစ်ဆေးရမည်။

   တန်ဂရိုရောဂါကျရောက်နေသည့် စပါးပင်များတွင် အဝါရောင်နှင့် လိမ္မော်ဝါရောင် အရောင်ပျက်မှုများကို ထင်ရှားစွာတွေ့ရသည်။ အရောင်ပျက်မှုသည် ရွက်ထိပ်ဖျားမှစတင်ပြီး အရွက်အောက်ပိုင်းနှင့် ရွက်နာများဆီသို့ ကျယ်ပြန့်လာသည်။ ရောဂါကျအရွက်သည် အစိမ်းဖျော့ရောင်အစက် (သို့မဟုတ်) အစင်းပုံသဏ္ဍန်များ၊ သံချေးရောင် အစက်အပြောက်များ၊ ရွက်ကြောများကြား တစ်ရှူးသေလက္ခဏာများ ပြတတ်သည်။

   ဤရောဂါကျစပါးပင်များတွင် အပင်ပုခြင်း၊ ပန်းပွင့်နောက်ကျခြင်းကြောင့် ရင့်မှည့်မှုနောက်ကျခြင်း၊ ပင်ပွားနည်းခြင်း၊ အနှံသေးငယ်ခြင်း(သို့မဟုတ်)ထွက်ပြူမလာခြင်း၊ မြုံသော(သို့မဟုတ်)အဆန်မပြည့်သော အနှံဦးရေများပြားခြင်း၊ အညိုရင့်ရောင်အကွက်များဖြင့်ဖုံးအုပ်နေခြင်း စသည့်လက္ခဏာများကိုလည်း တွေ့မြင်ရသည်။

   အပင်ပုခြင်းနှင့် အရွက်အရောင်ပျက်ခြင်း ပြင်းထန်မှုသည် စပါးမျိုးကွဲများ၊ ဗိုင်းရပ်စ်မျိုးကွဲများ၊ ရောဂါရချိန် တွင်ရှိသော အပင်၏အသက်၊ ပတ်ဝန်းကျင်အခြေအနေတို့ပေါ်တွင် မူတည်သည်။ အသင့်အတင့် ခံနိုင်ရည်ရှိသော စပါးမျိုးများတွင် ရောဂါကျရောက်သည့်အပင်များသည် အရောင်ပျက်မှုမရှိခြင်း (သို့မဟုတ်) အရောင်ပျက်မှု အနည်းငယ်သာရှိပြီး အပင်ရင့်လာချိန်တွင် ပျောက်သွားခြင်းကိုတွေ့ရသည်။

   တန်ဂရိုရောဂါလက္ခဏာသည် ဇိဝကမ္မချို့ယွင်းမှုလက္ခဏာနှင့် ဆင်သည်။ အဓိကအားဖြင့်

    • အပင်ဝါခြင်းနှင့် ပုခြင်းတို့သည် နိုက်ထရိုဂျင်နှင့် ဇင့်ဓါတ်များချို့တဲ့ခြင်း၊ ရေငတ်ခြင်းစသည့်လက္ခဏာများနှင့် ဆင်တူသည်။

    • ပင်စည်ထိုးပိုးကျရောက်ခြင်း၊ ဖြုတ်ကောင်ကျရောက်ခြင်းနှင့် ကြွက်ဖျက်ဆီးခြင်းနှင့်လည်း ဆင်တူသည်။

    • မြက်ဖုတ်ပင်ပု (Rice Dwarf)ရောဂါနှင့် လိမ္မော်ရောင်အရွက်ရောဂါများ၏ လက္ခဏာများနှင့်လည်း ဆင်တူသည်။

ကာကွယ်နှိမ်နင်းနည်းများ

   စပါးခင်းတွင်တန်ဂရိုဗိုင်းရပ်စ်ရောဂါ တစ်ကြိမ်ကျရောက်ပြီးပြီဆိုလျှင် ကုသရန်မလွယ်ကူတော့ပေ။

   ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းသည် တိုက်ရိုက်နှိမ်နင်းသည့် နည်းလမ်းများထက် ဤရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ ဖြုတ်စိမ်းကို ကာကွယ်နှိမ်နင်းရန် အင်းဆက်ပိုးသတ်ဆေးဖျန်းခြင်းသည်လည်း တစ်ခါတစ်ရံ ထိရောက်မှုမရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ဖြုတ်စိမ်းများသည် ပတ်ဝန်းကျင်လယ်ကွင်းများသို့ ဆက်တိုက်ပျံသန်းရွေ့လျှားနေပြီး တန်ဂရိုဗိုင်းရပ်စ်ကို အစာစားချိန်တိုတိုလေးအတွင်း လျှင်မြန်စွာ ကူးစက်ပြန့်နှံ့စေသောကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် လက်တွေ့အကျဆုံးနည်လမ်းများမှာ ----

    • တန်ဂရိုရောဂါနှင့် ဖြုတ်စိမ်းဒါဏ် နှစ်မျိုးစလုံးကို ခံနိုင်ရည်ရှိသော စပါးမျိုးကိုစိုက်ရမည်။ ဤနည်းသည် စီးပွားရေးတွက်ချေအကိုက်ဆုံးနည်း ဖြစ်သည်။

    • ဘေးပတ်ဝန်းကျင်မှ လယ်ကွင်းများနှင့် တစ်ပြိုင်တည်းစိုက်ရမည်။ အများစိုက်သည့်ရက်ထက် နောက်ကျမှ အချိန်ဆွဲစိုက်လျှင် ၎င်းစိုက်ခင်းသည် ရောဂါကျရောက်မှုများနိုင်သည်။

    • ဖြုတ်စိမ်းမကျရောက်သည့်အချိန်နှင့် များစွာကျရောက်သည့် အချိန်တို့ကို သိနိုင်အောင်လုပ်ပြီး စိုက်ချိန်ကိုညှိသင့်သည်။

    • နောက်စိုက်ပျိုးရာသီတွင် ရောဂါမျိုးမူရင်းအစများ လျော့နည်းစေရန်နှင့် ဖြုတ်ကောင်၏ဥများ၊ မျိုးပွားရာနေရာများပျက်စီးစေရန် ရိုးပြတ်များကို ရိတ်သိမ်းပြီးလျှင်ပြီးချင်း ထယ်ထိုးမြေလှန်ပစ်ရမည်။

ဒေါက်တာ ခင်နှင်းယု

Source - IRRI Rice Knowledge Bank

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်