လက်တွန်းထွန်စက်များကို (Two-Wheel Hand Tractor) စနစ်တကျ ထိန်းသိမ်းနည်း

28/01/2025 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်တွန်းထွန်စက်များကို မှန်မှန်ကန်ကန် ပြုပြင်ထိန်းသိမ်းခြင်းဟာ လယ်ယာလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်ပါ အချိန်ဇယားအတိုင်း ပုံမှန်စစ်ဆေးရေးမည့်အချက်များကို လိုက်နာပါက သင့်စက်ပစ္စည်း၏ သက်တမ်းနှင့် လုပ်ဆောင်နိုင်မှု ပိုမိုတိုးတက်စေပါမည်။

ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

နေ့စဉ် ပြုလုပ်ရန်

  • အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင် ရှိ / မရှိ နှင့် သတ်မှန်လယ်ဗယ်ပြည့် / မပြည့်ကို စက်မမောင်းမီစစ်ဆေးပါ။ လိုအပ်ပါက ဖြည့်ပါ။

  • လေစစ်ဇကာ (သို့) အင်ဂျင်ဝိုင်စစ်ခြင်း

လေစစ်ဇကာတွင် ဖုန် ၊ အညစ်အကြေးများ ပိတ်ဆို့နေမှုကို စစ်ဆေးပါ။ ဖုန်ထူသော နေရာများတွင်  အလုပ်လုပ်သော စက်ဖြစ်ပါက နေ့စဉ် သန့်စင်ပေးပါ။

  • ပန်ကာကြိုး အတင်းအလျော့

ပန်ကာကြိုး အတင်းအလျော့ကို စစ်ဆေးပါ။ သင့်တော်မှုရှိရေး ပြုပြင်ပါ။ တအားပျော့သည့်အခါ ၊ အက်ကွဲကြောင်းများရှိသည့်အခါ ၊ ပျက်ဆီးနေသည့်အခါ အသစ်လဲလှယ်ပေးပါ။

  • စက်သန့်ရှင်းရေး

စက်ပတ်လည်ရှိ ဖုန်နှင့် အညစ်အကြေးများကို သန့်စင်ပေးပါ။ အထူးအဖြင့် လည်ပတ်နေသော အစိတ်အပိုင်းများတွင် ရွှံခဲများ ၊ ဖုန်ချပ်ပြင်လွှာများ ဖြစ်မနေအာင် သန့်ရှင်းပေးရမည်။

အပတ်စဉ် ပြုလုပ်ရန်

  • အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင်အဆီ ညစ်ညမ်းမှုရှိ/မရှိနှင့် သတ်မှတ်လယ်ဗယ်ပြည့် / မပြည့်ကို စစ်ဆေးပါ။

  • လောင်စာဆီစနစ်

ဆီပိုက်နှင့် ဆီစစ်ဇကာများပိတ်ဆို့မှု၊ ဆီယိုမှု မရှိရေး စစ်ဆေးပါ။

  • ရေအေးခန်းစနစ်

ရေအေးခြင်းစနစ်တွင် တိုင်ကီရေ သတ်မှတ်အနေအထားရှိ / မရှိ စစ်ဆေးပါ။ လိုအပ်လျှင် ရေအေး(သို့) ကိုးလန့်ရေကို ဖြည့်ပါ။

  • စက်အစိတ်ပိုင်းများ တင်းကျပ်မှုကို စစ်ဆေးပါ

ချောင်နေသည့် နက်များ ၊ နေရာများကို စစ်ဆေးပြီး လိုအပ်သလို ကျပ်ပေးပါ။

  • ကလပ်(ချ်)နှင့် ဘရိတ်

ဘရိတ်မိ / မမိ စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ပေးပါ။

  • ဘီးများ

သင့်တော်သော လေပေါင်ချိန်နှင့် တာယာများအခြေအနေကို စစ်ဆေးပါ။

ရာသီအလိုက် ပြုလုပ်ရန်

  • ဘက်ထရီစစ်ဆေးမှု

ဘက်ထရီခေါင်းများ သန့်စင်ရန်၊ ဘတ္ထရီအရည် လယ်ဗယ် နှင့် ပြင်းအား စစ်ဆေးပါ။ ဘတ္ထရီချာဂျင် (charging) ဝင်မဝင် စစ်ဆေးပါ။ 

  • သိုလှောင်ခြင်း ပြင်ဆင်မှု

ရာသီပြီးလို့ စက်ကိုအချိန်ကြာ ရပ်နားမည်ဆိုပါက  လောင်စာဆီကို လျှော့ထား ၊ ထုတ်ထားပါ။ စက်ကို သန့်စင်ပြီး သံချေးမတက်အောင်ကာကွယ်မှုလုပ်ပါ။ အမိုးအကာအောက်တွင်ထားပါ။

ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

 

 

သတိပြုရန် နှင့် အကြံပြုချက်များ

  • မူရင်းပစ္စည်းအစိတ်အပိုင်းများကိုသာ အသုံးပြုပါ။
  • ထုတ်လုပ်သူ၏ လက်စွဲစာအုပ်အတိုင်း လိုက်နာပါ။
  • ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းစာရင်း တစ်ခု ထိန်းသိမ်းထားပါ။
  • လယ်ယာရာသီအစတွင် ကြိုတင်စစ်ဆေးမှု ပြုလုပ်ပါ။

ဖော်ပြပါ အချက်များကို မှန်မှန်ပြုလုပ်ပါက လက်တွန်းထွန်စက်၏ အသုံးပြုသက်တမ်းကို တိုးမြှင့်နိုင်သလို၊ ပျက်ဆီးမှုနည်းပါးသောကြောင့် ပြုပြင်ရန် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်