လက်တွန်းထွန်စက်များကို (Two-Wheel Hand Tractor) စနစ်တကျ ထိန်းသိမ်းနည်း

28/01/2025 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်တွန်းထွန်စက်များကို မှန်မှန်ကန်ကန် ပြုပြင်ထိန်းသိမ်းခြင်းဟာ လယ်ယာလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်ပါ အချိန်ဇယားအတိုင်း ပုံမှန်စစ်ဆေးရေးမည့်အချက်များကို လိုက်နာပါက သင့်စက်ပစ္စည်း၏ သက်တမ်းနှင့် လုပ်ဆောင်နိုင်မှု ပိုမိုတိုးတက်စေပါမည်။

ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

နေ့စဉ် ပြုလုပ်ရန်

  • အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင် ရှိ / မရှိ နှင့် သတ်မှန်လယ်ဗယ်ပြည့် / မပြည့်ကို စက်မမောင်းမီစစ်ဆေးပါ။ လိုအပ်ပါက ဖြည့်ပါ။

  • လေစစ်ဇကာ (သို့) အင်ဂျင်ဝိုင်စစ်ခြင်း

လေစစ်ဇကာတွင် ဖုန် ၊ အညစ်အကြေးများ ပိတ်ဆို့နေမှုကို စစ်ဆေးပါ။ ဖုန်ထူသော နေရာများတွင်  အလုပ်လုပ်သော စက်ဖြစ်ပါက နေ့စဉ် သန့်စင်ပေးပါ။

  • ပန်ကာကြိုး အတင်းအလျော့

ပန်ကာကြိုး အတင်းအလျော့ကို စစ်ဆေးပါ။ သင့်တော်မှုရှိရေး ပြုပြင်ပါ။ တအားပျော့သည့်အခါ ၊ အက်ကွဲကြောင်းများရှိသည့်အခါ ၊ ပျက်ဆီးနေသည့်အခါ အသစ်လဲလှယ်ပေးပါ။

  • စက်သန့်ရှင်းရေး

စက်ပတ်လည်ရှိ ဖုန်နှင့် အညစ်အကြေးများကို သန့်စင်ပေးပါ။ အထူးအဖြင့် လည်ပတ်နေသော အစိတ်အပိုင်းများတွင် ရွှံခဲများ ၊ ဖုန်ချပ်ပြင်လွှာများ ဖြစ်မနေအာင် သန့်ရှင်းပေးရမည်။

အပတ်စဉ် ပြုလုပ်ရန်

  • အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင်အဆီ ညစ်ညမ်းမှုရှိ/မရှိနှင့် သတ်မှတ်လယ်ဗယ်ပြည့် / မပြည့်ကို စစ်ဆေးပါ။

  • လောင်စာဆီစနစ်

ဆီပိုက်နှင့် ဆီစစ်ဇကာများပိတ်ဆို့မှု၊ ဆီယိုမှု မရှိရေး စစ်ဆေးပါ။

  • ရေအေးခန်းစနစ်

ရေအေးခြင်းစနစ်တွင် တိုင်ကီရေ သတ်မှတ်အနေအထားရှိ / မရှိ စစ်ဆေးပါ။ လိုအပ်လျှင် ရေအေး(သို့) ကိုးလန့်ရေကို ဖြည့်ပါ။

  • စက်အစိတ်ပိုင်းများ တင်းကျပ်မှုကို စစ်ဆေးပါ

ချောင်နေသည့် နက်များ ၊ နေရာများကို စစ်ဆေးပြီး လိုအပ်သလို ကျပ်ပေးပါ။

  • ကလပ်(ချ်)နှင့် ဘရိတ်

ဘရိတ်မိ / မမိ စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ပေးပါ။

  • ဘီးများ

သင့်တော်သော လေပေါင်ချိန်နှင့် တာယာများအခြေအနေကို စစ်ဆေးပါ။

ရာသီအလိုက် ပြုလုပ်ရန်

  • ဘက်ထရီစစ်ဆေးမှု

ဘက်ထရီခေါင်းများ သန့်စင်ရန်၊ ဘတ္ထရီအရည် လယ်ဗယ် နှင့် ပြင်းအား စစ်ဆေးပါ။ ဘတ္ထရီချာဂျင် (charging) ဝင်မဝင် စစ်ဆေးပါ။ 

  • သိုလှောင်ခြင်း ပြင်ဆင်မှု

ရာသီပြီးလို့ စက်ကိုအချိန်ကြာ ရပ်နားမည်ဆိုပါက  လောင်စာဆီကို လျှော့ထား ၊ ထုတ်ထားပါ။ စက်ကို သန့်စင်ပြီး သံချေးမတက်အောင်ကာကွယ်မှုလုပ်ပါ။ အမိုးအကာအောက်တွင်ထားပါ။

ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

 

 

သတိပြုရန် နှင့် အကြံပြုချက်များ

  • မူရင်းပစ္စည်းအစိတ်အပိုင်းများကိုသာ အသုံးပြုပါ။
  • ထုတ်လုပ်သူ၏ လက်စွဲစာအုပ်အတိုင်း လိုက်နာပါ။
  • ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းစာရင်း တစ်ခု ထိန်းသိမ်းထားပါ။
  • လယ်ယာရာသီအစတွင် ကြိုတင်စစ်ဆေးမှု ပြုလုပ်ပါ။

ဖော်ပြပါ အချက်များကို မှန်မှန်ပြုလုပ်ပါက လက်တွန်းထွန်စက်၏ အသုံးပြုသက်တမ်းကို တိုးမြှင့်နိုင်သလို၊ ပျက်ဆီးမှုနည်းပါးသောကြောင့် ပြုပြင်ရန် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်