လယ် (Farm) အမျိုးအစားတွေ

13/02/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

Farm လို့ ခေါ်ကြတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရင်တော့ ဖတ်ကြပါဦးနော်။

ဟိုး အစကတည်းက ပြောခဲ့ပါတယ်။ စိုက်ပျိုးရေးဆိုတာလုပ်ငန်းပါပဲလို အမြဲလက်မထောင်ပါ။ လုပ်ငန်းရှင်ကြီးတွေလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူကြပါ။ ခု ဒီစာလေးကိုဖတ်ပြီးရင်လည်း ကိုယ့်ကိုကိုယ် ဘယ်လိုလုပ်ငန်းကိုလုပ်နေတယ် ဘယ်လိုအမျိုးအစားနဲ့လုပ်နေတာမျိုးလဲ ဘယ်လိုစနစ်နဲ့ လည်ပတ်နေတာလဲဆိုတာကို ထပ်ပြောနိုင်ကြမှာပါ

ကဲ စပြီနော်

အမျိုးအစား

လယ်ယာစိုက်ပျိုး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အမျိုးအစားလို့ ဆိုလိုက်ရင် ပေးထားတဲ့ ရေမြေအခြေအနေရယ် သဘာဝ ပတ်ဝန်းကျင်က အရင်းအမြစ်တွေရယ်စတဲ့ အချက်တွေနဲ့ သက်ဆိုင်ပြီးတော့မှ ဘယ်လိုတွေ လုပ်ဆောင်နေလဲဆိုတာကို အမျိုးအစားခွဲတာ ဖြစ်ပါတယ်။

ဘယ်()မျိုးလောက်ရှိသလဲ

(က) အမျိုးစုံစိုက်ပျိုးထုတ်လုပ်တဲ့ အမျိုးအစား

စပါးလည်းစိုက်တယ်။ ပဲလည်းစိုက်တယ်။ ငရုတ်လည်းစိုက်တယ်။ ပျိုးပင်လေးတွေလည်း ထုတ်ရောင်းတယ်။ ဟုတ်ပြီ အဲ့လိုအထဲကမှ ဘယ်ပစ္စည်းကမှ တစ်ဝက်နီးပါး ဝင်ငွေ ရမနေဘူးဆိုရင် (ထုတ်လုပ်မှုက စုစုပေါင်းထုတ်လုပ်မှုရဲ့ (၅၀) ရာခိုင်နှုန်းမကျော်ဘူးဆိုရင်တော့ အဲ့လို လုပ်ငန်းမျိုးကို မျိုးစုံစိုက်ပျိုးမွေးမြူထုတ်လုပ်တယ်လို့ ဆိုပါတယ်။ အဲ့လိုလုပ်တဲ့ လုပ်ငန်းတွေရှိပါတယ်။

လုပ်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့

()ကိုယ့်မှာ ရှိတဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ နည်းလမ်းပါ။ မြေကိုလည်း ပိုပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ အလုပ်သမားတွေကိုလည်း အကောင်းဆုံး အသုံးချနိုင်ပါတယ်။ အကျိုးအမြတ်လည်း ပိုများများရနိုင်ပါတယ်။

() မျိုးစုံတာကြောင့် သီးနှံပျက်ရင်တောင် တစ်ခြားသီးနှံက အမြတ်ကိုရနိုင်ပြီးတော့ စွန့်စားရတာကို လျော့ချနိုင်ပါတယ်။

() လုပ်ငန်းစုံဖြစ်တာကြောင့် သီးနှံရာသီပေါ်မှ ငွေရတာမျိုးမဟုတ်ပဲ ထုတ်ရောင်းပြီး အချိန်မရွေးငွေ ရနိုင်ပါတယ်၊

ဆိုးကျိုးတွေလည်းရှိတာပေါ့

() အများကြီးလိုချင်တာမျိုးဆိုရင်တော့ တစ်ခြား ကိုယ့်လိုလုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ စုပေါင်းပြီး ရောင်းနိုင်မှ ဖြစ်မှာပါ။

() လုပ်စရာအလုပ်တွေက များတယ်ဆိုတော့ အလုပ်သမားတွေကို စီမံတဲ့နေရာမျိုးမှာ နည်းနည်းတော့ ကသီနိုင်ပါတယ်။

() နည်းနည်းစီလုပ်တာကြောင့်မို့ စက်ကိရိယာတွေကိုလည်း ဘုံ အနေနဲ့ပဲ သုံးလို့ရပါတယ်။ သီးသန့်ပြုလုပ်ထားတဲ့ကိရိယာတွေကို သုံးနိုင်ဖို့ ခက်တတ်ပါတယ်။

() အခွန်အခကောက်တယ်ဆိုရင် လုပ်ငန်းစုံတာကြောင့် အခွန်အခ ပိုများလာနိုင်ပါတယ်။

နောက်တစ်မျိုးဆက်ကြတာပေါ့

() သီးသန့်စိုက်ပျိုးတဲ့ အမျိုးအစား

စပါးကတော့ တစ်ဝက်စိုက်တယ်။ အဘက ပဲစိုက်တာ၊ ငရုတ်က နည်းနည်းပါပဲ ဆိုတဲ့ လုပ်ငန်းမျိုးတွေပါ။ ထုတ်လုပ်မှုက တစ်ဝက်ကျော်တဲ့ကုန်ပစ္စည်း ဘာဖြစ်နေနေ စပါးဖြစ်နေရင် စပါးစိုက်တယ် လိုပြောလို့ရပါတယ်။ ကျန်တာ စိုက်တာကို ထည့်တွက်မနေတော့ပါဘူး။

အဲ့လို လုပ်ငန်းမှာဆိုရင် ဝင်ငွေက ရောင်းလို့ရတဲ့ ကုန်ပစ္စည်းတန်ဖိုးကို အိမ်မှာသုံးလိုက်တဲ့ ထွက်ကုန်ပစ္စည်းတန်ဖိုးနဲ့ ပေါင်းပြီးတော့ တွက်ပါတယ်၊

ဒီလိုလုပ်ငန်းမှာ ကောင်းကျိုးတွေက

() မြေကို အကောင်းဆုံး အသုံးချနိုင်တယ်။ မြေကြီးကိုသုံးပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်မယ်။

() ဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်လာမယ်။ ဦးလှမောင်က စပါးစိုက်တာ သန့်နေတာပဲ သူ့ဆီက ဆန်တွေက သန့်ပါတယ် ဆိုတာလိုမျိုး။ ဈေးကွက်ထိုးဖောက်နိုင်စွမ်း ပိုကောင်းပါတယ်၊

() တစ်ခုပဲဆိုတော့ အာရုံပိုစိုက်နိုင်တယ်။

() ပစ္စည်းကိရိယာတွေ မျိုးစုံအောင်မလိုအပ်ဘူး။ တစ်ခုကောင်းနဲ့ လုပ်စားလို့ရပါတယ်။

() ကုန်ကျစရိတ်ကို ချိန်ညှိလို့ရတယ်။

() တိုးတက်နိုင်မှုနဲ့ ကျွမ်းကျင်မှု တိုးလာနိုင်တယ်။ တစ်ခုတည်းမို့ တိုးတက်မှုတွေ တွေ့နိုင်တာပါ။

ဆိုးကျိုးတွေကတော့

() တစ်ခုတည်းကို အားကိုးတာဖြစ်တာကြောင့် ပျက်တယ်ဆိုရင် ဆုံးရှုံးမှုက ပိုများပါတယ်။

() စွန့်စားရတာများပြီးတော့ လုပ်ငန်းမှာ အာရုံစူးစိုက်မှု အပြည့်ရှိဖို့လိုပါတယ်။

() သီးနှံရာသီပေါ်မှ ဝင်ငွေက ရနိုင်တာဖြစ်ပါတယ်။

() ပေါင်းစည်းလယ်ယာ

တိရိစ္ဆာန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း ()ခုကို ပေါင်းပြီးလုပ်ဆောင်တာဖြစ်ပါတယ်။

ကြက်ခြံထဲက ကြက်ချေးရ စိုက်ခင်းထဲ ပြန်ထည့် ဆိုတာမျိုးလုပ်နေကြတဲ့ ငါးနဲ့ စပါး တွဲမွေးတွဲစိုက်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်တဲ့ လုပ်ငန်းစဉ်ကို ဆိုလိုတာဖြစ်ပါတယ်။

() စားကျက်ခင်းမွေးမြူခြင်း

ကိုယ်ပိုင်လယ်ယာမှာမဟုတ်ပဲ သဘာဝပတ်ဝန်းကျင်က မြက်တွေနဲ့ တိရိစ္ဆာန်တွေ မွေးမြူထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ မပါပါဘူး၊ သီးနှံတွေ ထွန်ယက်တာမျိုးတွေ မပါပါဘူး။ စားကျက်မြေမှာပဲ ရှိတဲ့ သီးနှံတွေကိုအသုံးချပြီး မွေးမြူတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

() အခြောက်စိုက်ပျိုးခြင်း

ပုံမှန်စိုက်ပျိုးခြင်းမှာဆိုရင် မြေထွန်တယ်။ ရေနဲ့ နူးနှပ်တယ်၊ ရေသွင်းစိုက်တယ်။ ရေလောင်းစိုက်တယ်။ လယ်လုပ်တာပေါ့။ ခုကလည်း အခြောက်စိုက်ပျိုးရေးလို့သာပြောလိုက်တာ။ မြန်မာစကားနဲ့ဆိုရင်တော့ ယာကို ပြောတာပါ။ မြေအစိုဓာတ်နဲ့ မိုးရေနဲ့ စိုက်ပြီးတော့ လုပ်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

အပေါ်က ဖော်ပြခဲ့တာတော့ စိုက်ပျိုးစီးပွားရှု့ထောင့်ကနေ ကြည့်ပြီးသုံးသပ်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်း အမျိုးအစားတွေဖြစ်ပါတယ်။ ခုမှ မြေဝယ်ပြီး၊ မြေလွတ် မြေရိုင်း လျှောက်ပြီး ခြံလေးစိုက်တော့မယ်ဆိုရင် သိနိုင်ကြဖို့အတွက်ဖော်ပြထားတာဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် စိတ်ကို သွင်းပါ။ လုပ်ငန်းတွေလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်ပါစေနော်…….

ထွန်းဝင်းကျော်

Reference

‘Production Economics and Farm Management’, Virender Kumar Professor

(Agricultural Economics) Department of Agricultural Economics, Extension Education

& Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်