မြေပြုပြင်ရာတွင်သုံးသော ထွန်စက်အမျိုးမျိုး

21/08/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စက်မှုလယ်ယာကဏ္ဍတွင် ဧရိယာကျယ်ဝန်းသော လယ်ယာမြေများကို ထွန်စက်များဖြင့် မြေပြုပြင်ခြင်းသည် အချိန်ကုန်သက်သာစေခြင်း၊ လူအင်အားသုံးစွဲမှု လျော့နည်းစေခြင်း၊ လုပ်ငန်းခွင်ပြီးစီးမှု မြန်ဆန်စေခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။

ထွန်စက်များဖြင့် မြေပြုပြင်ရာတွင် ကနဦး(ပထမ) ထယ်ရေး၌ သုံးသွား လင်ပန်းထယ်များကို အသုံးပြုကြလေ့ရှိသည်။ ထွန်စက်၏ နောက်တွင်ပါရှိသော သုံးပွင့်ဆိုင် မကိုင်း (မသောလက်တံ) နှင့်ချိတ်ဆက်၍ ထယ်များကို အသုံးပြုကြသည်။ ထယ်သွားအရေအတွက်ပိုပါက ချဆွဲလက်တံနှင့် ချိတ်ဆက်၍ အသုံးပြုပါသည်။

ပထမထယ်ရေးပြီးသောအခါ ထယ်စာခဲများကို ပိုမိုကြေမွစေရန်အတွက် ဒုတိယထယ်ရေး (ထွန်)များ ကိုအသုံးပြုကြသည်။ ၁၆ သွားပါသော လင်ပန်းထွန်ကို အသုံးပြုကြသောအခါ ရှေ့လင်ပန်းတွဲမှ မြေစာများကိုထိုးခွဲပြီး နောက်လင်ပန်းတွဲမှ ပြန်လည်ကြိတ်ခြေခြင်းဖြင့်ပို၍ မှုန့်ညက်စေသည်။ မြေပြင်မာကျောမှုနည်းပါက သမန်းမွှေစက်(ရိုတာဗေတာ) များကိုလည်း အသုံး ပြုကြသည်။ ထွန်စက်၏နောက်တွင် ပါရှိသော စွမ်းအင်ထုတ်ယူစနစ် (P.T.O shaft) မှ လည်ပတ်အားကို အသုံးပြု၍ ဓားသွားများကို လည်ပတ်စေခြင်းအားဖြင့် မြေစာခဲများကို အမှုန့်ခြေပေးပါသည်။

လယ်ယာ ၁၆ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-16)

၂။ အလျား×အနံ ×အမြင့် - ၁၁၁×၄၀×၄၉ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း ၁၆ ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ ဧက (ထယ်)၊ ၃ဧက (ထွန်)

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၃၃ ဂါလံ (ထွန်)

လယ်ယာ ၂၂ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-၂၂)

၂။ အလျား×အနံ ×အမြ င့် - ၁၁၁×၄၀×၄၉ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း၂၂ ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၃ ဧက (ထယ်)၊ ၄ ဧက (ထွန်)

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၂၅ ဂါလံ (ထွန်)

လက်ကိုင်ရှည်ထွန်စက် (Upland Tiller)

၁။ အမျိုးအစား - လက်ကိုင်ရှည်လက်တွန်းထွန်စက်

၂။ အလျား×အနံ ×အမြ င့် - ၁၁၇×၄၇×၄၅ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း(၈ မှ ၁၄) ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ .၅ဧက

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၁.၅ ဂါလံ

လေးဘီးထွန်စက်ငယ် (Mini-tractor)

၁။ အမျိုးအစား - လေးဘီးထွန်စက်ငယ်

၂။ အင်ဂျင်အမျိုးအစား - မြင်း၂၅ ကောင်အား၊ ဒီဇယ်အင်ဂျင်

၃။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၄ ဧက (ထယ်)၊ ၆ ဧက (ထွန်)

၄။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂.၂ ဂါလံ (ထယ်) ၊ ၁.၃၅ ဂါလံ (ထွန်)

ရှစ်တန်းစိုက်ကောက်စိုက်စက်( 8 Row Transplanter)

၁။ အမျိုးအစား - ရှစ်တန်းစိုက်ကောက်စိုက်စက်

၂။ အလျား×အနံ ×အမြ င့် - ၉၈×၈၅×၅၁ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား၊ဒီဇယ်အင်ဂျင်

၄။ တစ်နာရီပြီးစီးနှုန်း - ၀.၇ ဧက

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ

၆။ ပျိုးစိုက်နိုင်မှုအနက် - ၀.၆ မှ ၁.၅ လက်မ

စပါးရိတ်စက်( Rice Reaper)

၁။ အမျိုးအစား - စပါးရိတ်စက်

၂။ အလျား×အနံ ×အမြင့် - ၆၆×၆၁×၄၀ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား ဒီဇယ်အင်ဂျင်

၄။ တစ်ရက် (၈)နာရီပြီးစီးနှုန်း - ၄ ဧက မှ ၅ ဧက

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ

စပါးခြွေလှေ့စက်( Thresher )

၁။ အမျိုးအစား - စပါးခြွေလှေ့စက်

၂။ လိုအပ်သောမြင်းကောင်ရေ- မြင်းကောင်ရေ ၂၅ ကောင်အား၊

၃။ အင်ဂျင်အမျိုးအစား - ဒီဇယ်အင်ဂျင်

၄။ တစ်နာရီပြီးစီးနှုန်း - တင်း ၁၂၀

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၇၅ ဂါလံ

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်