မြေပြုပြင်ရာတွင်သုံးသော ထွန်စက်အမျိုးမျိုး

21/08/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စက်မှုလယ်ယာကဏ္ဍတွင် ဧရိယာကျယ်ဝန်းသော လယ်ယာမြေများကို ထွန်စက်များဖြင့် မြေပြုပြင်ခြင်းသည် အချိန်ကုန်သက်သာစေခြင်း၊ လူအင်အားသုံးစွဲမှု လျော့နည်းစေခြင်း၊ လုပ်ငန်းခွင်ပြီးစီးမှု မြန်ဆန်စေခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။

ထွန်စက်များဖြင့် မြေပြုပြင်ရာတွင် ကနဦး(ပထမ) ထယ်ရေး၌ သုံးသွား လင်ပန်းထယ်များကို အသုံးပြုကြလေ့ရှိသည်။ ထွန်စက်၏ နောက်တွင်ပါရှိသော သုံးပွင့်ဆိုင် မကိုင်း (မသောလက်တံ) နှင့်ချိတ်ဆက်၍ ထယ်များကို အသုံးပြုကြသည်။ ထယ်သွားအရေအတွက်ပိုပါက ချဆွဲလက်တံနှင့် ချိတ်ဆက်၍ အသုံးပြုပါသည်။

ပထမထယ်ရေးပြီးသောအခါ ထယ်စာခဲများကို ပိုမိုကြေမွစေရန်အတွက် ဒုတိယထယ်ရေး (ထွန်)များ ကိုအသုံးပြုကြသည်။ ၁၆ သွားပါသော လင်ပန်းထွန်ကို အသုံးပြုကြသောအခါ ရှေ့လင်ပန်းတွဲမှ မြေစာများကိုထိုးခွဲပြီး နောက်လင်ပန်းတွဲမှ ပြန်လည်ကြိတ်ခြေခြင်းဖြင့်ပို၍ မှုန့်ညက်စေသည်။ မြေပြင်မာကျောမှုနည်းပါက သမန်းမွှေစက်(ရိုတာဗေတာ) များကိုလည်း အသုံး ပြုကြသည်။ ထွန်စက်၏နောက်တွင် ပါရှိသော စွမ်းအင်ထုတ်ယူစနစ် (P.T.O shaft) မှ လည်ပတ်အားကို အသုံးပြု၍ ဓားသွားများကို လည်ပတ်စေခြင်းအားဖြင့် မြေစာခဲများကို အမှုန့်ခြေပေးပါသည်။

လယ်ယာ ၁၆ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-16)

၂။ အလျား×အနံ ×အမြင့် - ၁၁၁×၄၀×၄၉ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း ၁၆ ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ ဧက (ထယ်)၊ ၃ဧက (ထွန်)

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၃၃ ဂါလံ (ထွန်)

လယ်ယာ ၂၂ ထွန်စက် (Power Tiller)

၁။ အမျိုးအစား - မျိုးဆက်သစ် ၂၀၀၉ (HP-၂၂)

၂။ အလျား×အနံ ×အမြ င့် - ၁၁၁×၄၀×၄၉ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း၂၂ ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၃ ဧက (ထယ်)၊ ၄ ဧက (ထွန်)

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂ ဂါလံ (ထယ်) ၊ ၁.၂၅ ဂါလံ (ထွန်)

လက်ကိုင်ရှည်ထွန်စက် (Upland Tiller)

၁။ အမျိုးအစား - လက်ကိုင်ရှည်လက်တွန်းထွန်စက်

၂။ အလျား×အနံ ×အမြ င့် - ၁၁၇×၄၇×၄၅ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်း(၈ မှ ၁၄) ကောင်အား၊ ဒီဇယ်အင်ဂျင်

၄။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၂ .၅ဧက

၅။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၁.၅ ဂါလံ

လေးဘီးထွန်စက်ငယ် (Mini-tractor)

၁။ အမျိုးအစား - လေးဘီးထွန်စက်ငယ်

၂။ အင်ဂျင်အမျိုးအစား - မြင်း၂၅ ကောင်အား၊ ဒီဇယ်အင်ဂျင်

၃။ တစ်ရက်(၈)နာရီပြီးစီးနှုန်း - ၄ ဧက (ထယ်)၊ ၆ ဧက (ထွန်)

၄။ တစ်ဧက ဒီဇယ်ဆီကုန်ကျနှုန်း - ၂.၂ ဂါလံ (ထယ်) ၊ ၁.၃၅ ဂါလံ (ထွန်)

ရှစ်တန်းစိုက်ကောက်စိုက်စက်( 8 Row Transplanter)

၁။ အမျိုးအစား - ရှစ်တန်းစိုက်ကောက်စိုက်စက်

၂။ အလျား×အနံ ×အမြ င့် - ၉၈×၈၅×၅၁ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား၊ဒီဇယ်အင်ဂျင်

၄။ တစ်နာရီပြီးစီးနှုန်း - ၀.၇ ဧက

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ

၆။ ပျိုးစိုက်နိုင်မှုအနက် - ၀.၆ မှ ၁.၅ လက်မ

စပါးရိတ်စက်( Rice Reaper)

၁။ အမျိုးအစား - စပါးရိတ်စက်

၂။ အလျား×အနံ ×အမြင့် - ၆၆×၆၁×၄၀ (လက်မ)

၃။ အင်ဂျင်အမျိုးအစား - မြင်းကောင်ရေ ၅ သို့မဟုတ် ၆ ကောင်အား ဒီဇယ်အင်ဂျင်

၄။ တစ်ရက် (၈)နာရီပြီးစီးနှုန်း - ၄ ဧက မှ ၅ ဧက

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၅ ဂါလံ

စပါးခြွေလှေ့စက်( Thresher )

၁။ အမျိုးအစား - စပါးခြွေလှေ့စက်

၂။ လိုအပ်သောမြင်းကောင်ရေ- မြင်းကောင်ရေ ၂၅ ကောင်အား၊

၃။ အင်ဂျင်အမျိုးအစား - ဒီဇယ်အင်ဂျင်

၄။ တစ်နာရီပြီးစီးနှုန်း - တင်း ၁၂၀

၅။ တစ်နာရီ ဒီဇယ်ဆီကုန်ကျနှုန်း - ၀.၇၅ ဂါလံ

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်