ရန်ကုန်သီရိမင်္ဂလာဈေးသို့ ကွမ်းရွက်တင်ပို့ရောင်းချမှု ရပ်တန့်သွားသည့်အတွက် ကွမ်းရွက်ဈေးကွက် အတည်တကျမရှိဖြစ်နေ

21/09/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ရန်ကုန်သီရိမင်္ဂလာဈေးသို့ ကွမ်းရွက်တင်ပို့ရောင်းချမှု ရပ်တန့်သွားသည့်အတွက် ကွမ်းရွက်ဈေးကွက်နေရာ အတည်တကျမရှိသကဲ့သို့ဖြစ်နေကြောင်း ကွမ်းစိုက်တောင်သူများက ပြောသည်။

သီရိမင်္ဂလာဈေးကို တင်ပို့လို့မရတော့ပါဘူး။ တချို့ ကွမ်းရွက်ပို့နေကြသူတွေက သူတို့ပို့နေတဲ့ဒိုင်ကို ဆက်သွယ်ပြီးတော့ပဲ အဆင်ပြေသလို ပို့နေကြတယ်။ တချို့ကလည်း ကိုယ့်မြို့ကိုယ့်ရွာက ကွမ်းဒိုင်တွေကို ရသလောက်လေးပို့ကြတယ်။ နွေရာသီလို ကွမ်းအရမ်းထွက်တဲ့ရာသီမဟုတ်တော့ နည်းနည်းတော့ တော်သေးတယ်။

ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ကွမ်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။

    ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့်ကွမ်းများကို ရန်ကုန်ဈေးကွက် (သီရိမင်္ဂလာဈေး) သို့ အဓိက တင်ပို့ရောင်းချခဲ့ပြီး ဈေးပိတ်သည့်အတွက် ဈေးကွက်အခက်အခဲကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ကွမ်းစျေးကတော့ စျေးကွက်အပျောက်နဲ့ ရောင်းနေကြရတယ်။ ရန်ကုန်၊ ရွှေပြည်သာဘက်ကို သက်သက်ချိတ်ဆက်ရောင်းနေကြရတယ်။ ကွမ်းရွက်တင်ပို့ရောင်းချရမယ့် နေရာရယ်လို့ အတိအကျမရှိတော့ဘူး။ ဒိုင်နဲ့ ဒီကခြံသမားနဲ့ သက်သက်ချိတ်ဆက်ရောင်းနေကြရတာ။ စျေးကို ပိတ်ထားတာလေ။ သီရိမင်္ဂလာစျေးမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၁၂ ယောက်လောက် ရှိတယ်ကြားတယ်။ ကွမ်းတန်းကနေ ရောဂါပိုးသံသယရှိသူ စတွေ့တယ်လည်း ကြားတာပဲ။ ပန်းတန်းမှာလည်း တွေ့တယ်ပြောကြတယ်။ အခု ဈေးက ခုနှစ်ရက်ပိတ်ထားပါတယ်။ အနည်းဆုံး လဝက်လောက်အထိတော့ ဆက်ပိတ်ဖြစ်မယ်လို့ ခန့်မှန်းရတယ်။

ဟု ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းစိုက်တောင်သူ ကိုထွန်းထွန်းက ပြောသည်။

    လက်ရှိတွင် အရည်အသွေးပေါ်မူတည်၍ ကွမ်းတစ်ပိဿာလျှင် ၄,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အတွင်း ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်