တီကျစ်စာမြေဆွေးနှင့် တီမြေဩဇာရည်

13/03/2018 15:53 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တီမြေဩဇာရည်မှာ အလွန်အစွမ်းထက်ပြီး မြေဩဇာအနေနှင့်သာမက ရောဂါပိုးမွှား ကာကွယ် နှိမ်နင်းရာတွင်လည်း များစွာအသုံးဝင်သည်ကို တွေ့ရသည်။ ဓါတုဆေးဖြင့်မနိုင်သော အချို့  အပင်ရောဂါများကို ကာကွယ်ပေးနိုင်သည်ကို တွေ့ရသည်။ တီကျစ်စာမြေဆွေးမှာလည်း သာ မာန်မြေဆွေးထက်များစွာ သာလွန်ကောင်းမွန်သည်ကို တွေ့ရသည်။ အာဟာရဓာတ် ပါဝင်မှု လည်း နှစ်ဆခန့် ပိုပါသည်။ ချဉ်ငန်ဓာတ်မှာလည်း မြေဆွေးကဲ့သို့ အက်ဆစ်မများဘဲ အလယ် အလတ်အနေအထားတွင် ရှိပါသည်။ အမှိုက်အစို၊ အခြောက်များ၊ လယ်ယာစွန့်ပစ်ပစ္စည်းများကို တီကောင်အစာအဖြစ်အသုံးပြု၍ မြေဩဇာထုတ်လုပ်သောကြောင့် ကုန်ကျစရိတ်သက်သာသည့် အပြင် ပတ်ဝန်းကျင်သန့်ရှင်းမှုလည်း ဖြစ်စေပါသည်။ အမှိုက်များ၏ ထုထည်ကို ၆၀ % မှ ၄၀ % ထိ လျှော့ချပေးနိုင်ပါသည်။ တီကျစ်စာမြေဆွေးနှင့် တီမြေဩဇာရည်ကို တောင်သူများ တစ်နိုင်တစ်ပိုင် မိမိအိမ်တွင် ကုန်စရိတ်သက်သာစွာဖြင့် ပြုလုပ်နိုင်ပါသည်။

တီမြေဩဇာရည်မှာ အပင်ကြီးထွားမှုကို အားပေးရုံမက အချို့သောအပင်ရောဂါနှင့် ပိုးမွှားများ ကိုပါ နှိမ်နင်းနိုင်သည့်အပြင် မြေဆွေးပြုလုပ်ရာတွင် ထည့်သုံးပါက ဆွေးမြေ့မှု ပိုမြန်စေကြောင်း ကို စာရေးသူ၏ သုတေသနပြုလုပ်ချက်များအရ တွေ့ရှိထားပါသည်။ တီကောင်များသည် သဘာဝအလျှောက် မြေထဲတွင်နေပြီး မြေဆီလွှာရှိ အာဟာရဓာတ်များကို တိုးတက်အောင် ဆောင်ရွက်ပေးသည့်အပြင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများကို ကောင်းမွန်စေပြီး အမြစ်ထိုး ဖောက်မှုကောင်းအောင် ဆောင်ရွက်ပေးပါသည်။ ကမ္ဘာပေါ်တွင် တီမွေးမြူရေးကို ၁၉၇၉ ခုနှစ် တွင် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တီစွန့်ပစ်သဘာဝမြေဩဇာများကို စီးပွားဖြစ်ထုတ်လုပ် အသုံး ပြုခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် တီကောင်မွေးမြူပြီး တီစွန့်ပစ်သဘာဝမြေဩဇာ ထုတ်လုပ်သည့် နည်းပညာသစ်ကို ၂၀၀၀ ပြည့်နှစ်ခန့်တွင် စတင်ဆောင်ရွက်ခဲ့သည်။

တီကျစ်စာမြေဆွေး (Vermicompost) နှင့် တီမြေဩဇာရည် (Vermi-tea)

တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်း အကျန်များ၊ သစ်ရွက်များ၊ ပေါင်းမြက်များ၊ လယ်ယာစွန့်ပစ်ပစ္စည်းများ၊ မီးဖိုချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်များ အစရှိသည့် စွန့်ပစ်ပစ္စည်းများကို အစာအဖြစ်ကျွေးမွေး၍ တီကောင် လေးများမှ စားသုံးပြီး စွန့်ထုတ်ပစ်လိုက်သော မြေဆွေးကို သီးနှံပင်များအတွက် အသုံးဝင်သော ဩဂဲနစ်မြေဩဇာအဖြစ် ပြန်လည်ပြုလုပ်သုံးစွဲခြင်းဖြစ်သည်။ ထိုသို့ တီကျစ်စာများ ထုတ်လုပ် ရာတွင် တီကောင်ကန်များမှ ထွက်လာသော ဘေးထွက်ပစ္စည်းအရည်ကိုလည်း အလွန်အစွမ်း ထက်သော တီမြေဩဇာရည်အဖြစ် အသုံးပြုကြပါသည်။

စိုက်ပျိုးရေးတွင် တီကောင်အရေးပါပုံ

တီကောင်ရှိသောမြေသည် ထွန်ယက်ရလွယ်ပြီး မြေဆီဩဇာကောင်းကြောင်းကို တောင်သူများ သိရှိပြီးဖြစ်သည်။ တီကောင်သည် အမှိုက်များနှင့် အပင်အကြွင်းအကျန်များကို စားသုံး၍ မြေဩဇာ အဖြစ်ပြောင်းပေးဖြင့် တောင်သူများကို လုပ်ငန်းနှစ်ခုပြီးစီးအောင် ဆောင်ရွက်ပေး ပါသည်။ သို့သော် တီကောင်သည် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကဲ့သို့  လုပ်မပေးနိုင်ပါ။ ထို့ပြင် တီကောင်များ သေဆုံးသည့်အခါဖြစ်ပေါ်လာသည့် ရုပ်ကြွင်းများသည်လည်း မြေဆီဩဇာ ပြန် ဖြစ်သွားပါသည်။ တီကောင်သည် ပျက်စီးနေသော မြေများအား ပြန်လည်စိုက်ပျိုးနိုင်အောင် ဆောင်ရွက်နိုင်ပါသည်။  စိုက်ကွင်းထဲတွင် အပင်အတွက်ကောင်းသော်လည်း အိုးထဲတွင်မူ လေ ပေါက်၊ ရေပေါက်များကို ပိတ်စေသဖြင့် အပင်ကို ဒုက္ခပေးပါသည်။

တီကောင်အကြောင်းသိကောင်းစရာ

တီကောင်သည် ဇီဝဓာတ်ကြွယ်ဝသော မြေကြီး၏ အပေါ်ယံလွှာတွင် နေထိုင်ကြ၍ ဆောင်းရာသီ တွင် ဆီးနှင်း (Frost) ဒဏ်မှ လွတ်မြောက်ရန်နှင့် ပူသောရာသီတွင် ခြောက်သွေ့ခြင်းကို ရှောင်ရှားရန် မြေနက်ထဲသို့ တိုးဝင်ကြသည်။ ၎င်းတို့နေထိုင်ရာ တီလမ်းကြောင်းအတွင်း ရေလွှမ်းသောအခါ မြေအပေါ်ယံသို့ တက်လာတတ်ကြသည်။

တီကောင်များသည် ၎င်းတို့သွားရာလမ်းကြောင်းကို လျင်မြန်စွာ တူးနိုင်ရန်အတွက် ၎င်းတို့၏ ကိုယ်မှ အမွှေးအမျှင်များက များစွာအထောက်အကူပြုပါသည်။ တီလမ်းကြောင်းတွင် တီကောင် တို့သည် အပင်အကြွင်းအကျန်များကို စား၍ မြေကြီး၏ အာဟာရဓာတ်ပါဝင်မှုကို တိုးပွားစေ ပါသည်။

အပေါ်ယံမြေလွှာတွင်နေသော တီကောင်၏ သက်တမ်းမှာ တစ်နှစ်မှ နှစ်နှစ်ခွဲခန့်သာ ရှိ၍ မြေတွင်းအောင်းတီကောင်များမှာ အသက်(၁၅) နှစ်ခန့် အထိနေနိုင်ကြပါသည်။ တီကောင်၍ ခန္ဓာကိုယ်တွင် ရေဓာတ် ၈၀ - ၉၅ % နှင့် ပရိုတင်း၊ အဆီနှင့် သတ္တုဓာတ်များ ပါဝင်ပါသည်။ အဆစ်များဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းထားသည့် သွေးအေးသတ္တဝါဖြစ်သည်။ အကျိအချွဲများ ပါရှိပြီး ၎င်းတို့သည် တီကောင်အတွက် အစိုဓာတ်ထိန်းထားခြင်း၊ အသက်ရှူမှုအတွက် အထောက်အကူ ပြုခြင်း၊ မြေကြီးအတွင်းဝင်ရောက်စဉ် အကာအကွယ်ရရှိစေခြင်း စသည်တို့ ဆောင်ရွက်ပေး ပါသည်။

တီကောင်သည် မိမိ၏ ခန္ဓာကိုယ်အလေးချိန်နှင့် ညီမျှသော အစာ(မြေကြီးနှင့် ဩဂဲနစ်ပစ္စည်း များ) ကို နေ့စဉ်စားသုံးပါသည်။ စားသုံးသော အစာများအား အင်ဇိုင်းများအကူအညီဖြင့် အပင် အတွက် အလွန်အရေးကြီးသည့် အမိုင်နိုအက်စစ်၊ သကြားဓာတ်နှင့် ဩဂဲနစ်ပစ္စည်းများ ထုတ် လုပ်ပေးပါသည်။ ထို့အပြင် တီကျစ်စာမြေဆွေးတွင် အင်းဇိုင်းများ၊ အကျိုးပြုအဏုဇီဝပိုးများ လည်း ပါဝင်သောကြောင့် တီကျစ်စာမြေဆွေးသည် သာမာန်မြေဆွေးထက် အာဟာရဓာတ် ပိုမို ပါဝင်ပြီး အာနိသင်များစွာ ပိုကောင်းပါသည်။

အသုံးပြုသင့်သော တီကောင်အမျိုးအစားများ

တီကောင်များသည် အပင်အကြွင်းအကျန်များကို စားသုံးပြီးမြေကြီးအတွင်း ထိုးဖောက်သွား လာသဖြင့် အကျိုးပြုအဏုဇီဝများ ပွားများမှု၊ အလုပ်လုပ်မှုကို အားပေးကာ ဩဂဲနစ်ပစ္စည်းများ ဆွေးမြေ့မှု မြန်စေပါသည်။ ထို့ကြောင့် မြေဆီလွှာတည်ဆောက်ပုံကောင်းမွန်ပြီး မြေဩဇာထက် သန်စေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တီကောင်အမျိုးအစားအလိုက် ၎င်းတို့၏နေထိုင် စားသောက်ပုံအလေ့အထ မတူသောကြောင့် တီကောင်တိုင်းကို တီမြေဩဇာလုပ်ရာတွင် မသုံး နိုင်ပါ။ အစာများများစားပြီး လျှင်မြန်စွာ အညစ်အကြေးစွန့်ပစ်၍ မြန်မြန်မျိုးပွားတတ်သော မျိုးစိတ်များသည်သာ တီကောင်စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရာတွင် အသုံးပြုသင့်ပါသည်။ သင့်တော်သော တီကောင်မျိုးကွဲများကိုစုစည်း၍ မွေးမြူထုတ်လုပ်မှသာ တီကောင်စွန့်ပစ် မြေ ဆွေးကို အချိန်တိုအတွင်း အရေအတွက်များများ ရရှိမည်ဖြစ်ပေသည်။ မြေအပေါ်ယံတွင် နေ သော တီကောင်များသာ မြေဆွေးပြုသော တီကောင်များဖြစ်ပြီး ၎င်းတို့သည် ဇီဝပစ္စည်းကို ၉၀% စားပြီး မြေကြီးကို ၁၀% စားပါသည်။ ခန္ဓာကိုယ်မှာ အနီရောင်ရှိပြီး အမြီးပြားသည်။ ငှက်ပျောပင်စည် အဖတ်များကြားတွင်လည်း တွေ့ရတတ်ပါသည်။ မြေအတွင်းပိုင်းတွင်နေသော တီကောင်မျိုးများမှာ မြေဆွေးလုပ်ရာတွင် မသုံးနိုင်သော်လည်း မြေဆီလွှာကို အပေါ်အောက် သမအောင်လုပ်ပေးသဖြင့် အပင်အတွက်အသုံးဝင်ပါသည်။ ၎င်တို့သည် မြေကြီး ၉၀ % စားပြီး ဇီဝပစ္စည်းကို ၁၀% စားပါသည်။

တီကောင်တစ်ကောင်သည် (၀.၅ မှ ၀.၆ ဂရမ်) လေးပြီး တစ်နေ့လျှင် ၎င်းခန္ဓာကိုယ် အလေးချိန် နှင့်ညီမျှသော စွန့်ပစ်ပစ္စည်းများကို စားသုံး၍ တစ်ဝက် (၅၀%)ကို ပြန်လည်စွန့်ထုတ်သည်။ တီကောင်များသည် အပူချိန် ၀o C မှ ၄၀oC ထိခံနိုင်ရည်ရှိသည်။ သို့သော် မျိုးပွားရန်အတွက် တီမွေးမြူသည့် ကန်သည် အပူချိန် ၂၅-၃၀o C နှင့် စိုထိုင်းဆ ၄၀-၄၅% ရှိရမည်။ တီကောင်များမှ ဥ အုပြီး (၃) ပတ်အကြာတွင် ဥများမှ တီကောင်လေးများ ပေါက်ဖွားလာသည်။ တီကောင်ဥတစ်ဥတွင် တီကောင်လေးများ ၂ကောင်မှ ၂၀ ကောင်ထိ ပါဝင်ပြီး ပျှမ်းမျှခြင်းအား ဖြင့် (၄) ကောင် ရှင်သန်နိုင်သည်။

ဒေါက်တာ မြင့်လွင်

ဩဂဲနစ်တောင်သူလက်စွဲ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်